ကွီးတို့တွေ အိပ်ရာထက်မှာ ကိုယ်ရဲ့အမျိုးသမီးတို့ ချစ်သူတို့ ပါတနာတို့နဲ့ ချစ်တင်းနှော ကြတဲ့ အခိုက်အတန့်တိုင်းမှာ ကောင်းပါတယ် ဆိုတာထက် ပိုပိုပြီး ကောင်းမွန်နေစေဖို့ တနည်းအားဖြင့် better sex moments လေးတွေ ဖြစ်လာစေဖို့အတွက် ဒီအချက်လေးတွေကို နည်းနည်းလောက် try ကြည့်စေချင်ပါတယ်။
Photo : News18
ပထမဆုံး ပြောပြချင်တာကတော့ ယောကျာ်းလေးဖြစ်တဲ့ ကွီးတို့ ဦးဆောင်ရမယ့် ကိစ္စပါ။ ဒါက ချစ်တင်းမနှောခင်မှာ ကိုယ့်အကြိုက် သူ့အကြိုက်လေးတွေ ကိုယ်ဖြစ်ချင်တာ သူဖြစ်ချင်တာလေးတွေ အချင်းချင်း ပြောပြကြတာ better sex ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိမှုတွေအရ သိရပါတယ်။ ဒါက ရှင်းပါတယ်။ ဒီလိုလေးတွေ ပြောဆိုခြင်းကနေ နှစ်ဦးလုံးရဲ့ အကြိုက်တွေ ထပ်တူကျလာတဲ့ အခါမှာ ပိုကောင်းမွန်တဲ့ အခိုက်အတန့်လေးတွေလည်း ရလာနိုင်မှာပါ။
Photo : News18
နောက်တစ်ချက်ကတော့ သိုင်းကွက်ပေါင်းစုံ ကျင့်ဖို့ပါပဲ။ ပုံစံတစ်မျိုးတည်း ဒါမှမဟုတ် ပုံစံအနည်းငယ်လေးနဲ့ သိုင်းချနေမယ်ဆိုရင် ချစ်တင်းနှောရတာက ကြာရင် ငြီးငွေ့သွားနိုင်တယ်။ အဲ့ဒါကြောင့်မို့ စတန့်ထွင်လွန်းတာမျိုး မဟုတ်ဘဲ နှစ်ဦးလုံးနဲ့ အဆင်ပြေနိုင်မယ့် သိုင်းကွက်လေးတွေ ပြောင်းပြီး သိုင်းချကြည့်ကြပါ။ နောက်ပြီး အိပ်ရာထဲမှာပဲ သိုင်းချနေတာထက် လစ်ရင်လစ်သလို ရေချိုးခန်းထဲတို့ စာကြည့်ခန်းတို့မှာပါ သိုင်းချကြည့်ပါ။ ဒါကလည်း better sex ဖြစ်စေတယ်။
Photo : USA Today
အလုပ်တွေ မအားမလပ်ဖြစ်ရင်တောင်မှ ငါတို့နှစ်ယောက်အတွက် သီးသန့်အချိန်လေးအဖြစ် ဘယ်နေ့ ဘယ်အချိန်ကို သတ်မှတ်ထားမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး အဲ့ဒီရက်လေးကို ကြိုတင် date ထားတာမျိုးကလည်း တကယ်ကို ထိရောက်စေပါတယ်။ စိတ်အနှောင့်အယှက်ကင်းကင်း ပင်ပန်းမှုဒဏ်တွေ ကင်းဝေးနေချိန်မှ လွတ်လွတ်လပ်လပ် သိုင်းချရတာက ပိုကောင်းစေတယ်။
Photo : Psychology Today
အချိန်ယူပါ မလောပါနဲ့။ လက်ဖက်ကောင်းစားချင်ရင် ပလောင် တောင်တက်နှေးရတယ်ဆိုလား။ အဲ့ဒါကြောင့် လက်ဖက်ကောင်းကောင်းလေး စားရဖို့ တောင်ကို ဖြေးဖြေးချင်းပဲ တက်ကြရအောင်လေ။ သိုင်းမချခင် သွေးပူလေ့ကျင့်ခန်းအနေနဲ့ နမ်းရှိုက်တာတို့ ဟိုကလိ ဒီကလိတာတို့ကလည်း အချစ်စိတ်တွေကို ပြင်းပြလာစေပါတယ်။ ဒါကိုတော့ ကိုယ့်ဆရာတို့လည်း သိကြမှာပါ။ ဒါကြောင့် ဖွားဖက်တော်က ဘယ်လိုပဲ တောင်းဆိုနေပါစေ ခဏစောင့်ထားခိုင်းပြီး အင်ထရိုကို သေချာလေး ဝင်ဖြစ်အောင်ဝင်ပါ။
Photo : AskMen
အချက်တွေက အများကြီး ရှိနေသေးပေမယ့် ဒီတစ်ပိုဒ်မှာပဲ အကုန်ပြုံပြီး ဖော်ပြလိုက်ပါတော့မယ်။ ချစ်တင်းနှောပါမယ်ဆိုမှ နှစ်ယောက်သားက ချစ်ချင်ခင်ခင် ကြင်ကြင်နာနာလေး ရှိနေဖို့လည်း လိုပါမယ်နော်။ ချစ်ကြည်နူး တစ်တီတူးရာကနေ အချစ်တွေ ပလုံစီလာလို့ ချစ်ခြင်းသဘောတွေကို ချစ်တင်းနှောဖို့ ဖြစ်လာတက်တာမို့ နှစ်ဦးသားက ro ကို ro နေရမယ်။ ဒါမျိုးတွေက အတူတူ ညအိပ်ခရီးတွေ ထွက်တာတို့ trip လေးတစ်ခု သွားတာတို့ကနေ ဖုန်းတွေကိုပါ ပစ်ထားပြီး တစ်ယောက်နဲ့တစ်ယောက်ကိုပဲ အပြည့်အဝ အချိန်ပေးရင်းကနေလည်း အရမ်း ro လို့ကောင်းမယ့် အခိုက်အတန့်လေးကို ဖန်တီးနိုင်ပါတယ်။
Source – Webmd
Featured Photo : Psychology Magazine