ကျွန်တော်တို့ အားလုံးဟာ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ကြမှာပါ။ မဝေးတော့တဲ့ အနာဂတ်မှာ ပိုမိုအဆင်ပြေချောမွေ့တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် လက်ရှိအချိန်ကတည်းက အားသွန်ခွန်စိုက် ကြိုးစားနေကြရမှာပါ။ ဒီလို ကောင်းမွန်တဲ့ အနာဂတ်သစ်ဆီ သွားရာလမ်းတစ်လျှောက်မှာ ထိထိရောက်ရောက်နဲ့ ပန်းတိုင်တွေဆီ ရောက်အောင်သွားနိုင်ဖို့နဲ့ လမ်းတစ်ဝက်မှာတင် လမ်းပျောက်မသွားစေဖို့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန်တွေကို သိထားဖို့ လိုပါမယ်။

(၁) ကိုယ့်လမ်းကိုယ်ပဲ ရှေးရှုပါ

Business Man

Photo : Inc. Magazine

လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ကိုယ်ပိုင်ဘဝတွေ ရှိကြပါတယ်။ ကိုယ့်ဘဝ ကိုယ်သာ ပဲ့ကိုင်ရှင်ပါပဲ။ ကိုယ်တိုင်ကလွဲလို့ ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမျိုး မလုပ်တာ အကောင်းဆုံးပါ။ ကိုယ့်လမ်းကိုယ်ပဲ ရှေးရှုပြီး ကိုယ့်သွားရမယ့် အနာဂတ်သစ် ဆီ အကောင်းဆုံး ဦးတည်လျှောက်လှမ်းဖို့ကပဲ အရေးကြီးပါတယ်။

(၂) အမြဲခေါင်းငြိမ့်နေဖို့ မလိုပါ

Entrepreneurs

Photo : Forbes

လူတွေရဲ့ ပြောစကားတွေ အားလုံးကို နားထောင်မယ်ဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့ ခပ်ပေါပေါပဲပဲ လူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပိုင်စဉ်းစားသုံးသပ်နိုင်စွမ်းကို ဘယ်တော့မှ လျစ်လျူမရှုလိုက်ပါနဲ့။ အားနာတက်တယ် ၊ ငြင်းရမှာ ကြောက်တယ်ဆိုတာတွေဟာ တကယ်တော့ သင့်ဘဝအပေါ် တစ်ခြားလူတစ်ယောက်ရဲ့ လွှမ်းမိုးခြင်းကို ခွင့်ပြုလိုက်တာပါ။ အမြဲတမ်းခေါင်းငြိမ့်နေဖို့ မလိုသလို ငြင်းသင့်တဲ့အချိန်မှာ ငြင်းတက်အောင် သင်ယူထားရပါမယ်။

(၃) ကိုယ့်ကိုယ်ကိုယ် မကောင်းပြောနေတာတွေ ရပ်ပါ

Negative Self Talk

Photo : LinkedIn

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပါ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်ထားဖို့ လိုသလို ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုး ကြင်နာမှုရှိဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မယုံရင် ဘယ်သူမှ သင့်ကို ယုံကြည်လာနိုင်မှာ မဟုတ်ပါဘူး။ မလုပ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူးဆိုတဲ့ အပျက်သဘောဆောင်တဲ့ စကားတွေ ၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ပဲ အထင်သေးနေမိတာတွေကို အခုပဲရပ်တန့်လိုက်ဖို့ အကြံပေးချင်ပါတယ်။

(၄) ရည်ရွယ်ချက်ကို သတိကပ်ပါ

Entrepreneur

Photo : PowerHomeBiz

လူတွေ မအောင်မြင်ခင် လမ်းတဝက်မှာ ရပ်တန့်သွားကြတယ် ၊ လမ်းကြောင်းတွေ လွဲကုန်ကြတယ်ဆိုတာဟာ မူလအစ ရည်ရွယ်ရင်း ၊ ရည်ရွယ်ချက်ကို မေ့လျှော့ပစ်လိုက်လို့ပါ။ ကိုယ်ဘာအတွက် ဒီလမ်းကို စလျှောက်ခဲ့တာလဲ ၊ ကိုယ်တကယ်သွားချင်တဲ့ ပန်းတိုင်က ဘယ်ဆီလဲ ၊ ကိုယ်ရောက်ချင်တဲ့ အနာဂတ်သစ် ဆိုတာ ဘယ်လိုလဲ စတဲ့ ရည်ရွယ်ချက်တွေကို အမြဲသတိရှိပြီး ကြိုးစားလျှောက်လှမ်း နေရမှာပဲ ဖြစ်ပါတယ်။

(၅) လက်တွေ့လုပ်ဆောင်ပါ

Business Man

Photo : Entrepreneur

ဖြစ်ချင်ရောက်ချင်တဲ့ အနာဂတ်သစ် တစ်ခုကို ကြိုတင် စိတ်ကူးယဉ်ကြည့်ရတာ စိတ်ချမ်းမြေ့စရာပါ။ ဒါပေမယ့် ကျွန်တော်တို့ သတိထားရမှာက စိတ်ကူးယဉ်နေရုံနဲ့ ပန်းတိုင်တွေဆီ ရောက်မှာမဟုတ်ဘူး ဆိုတာပါပဲ။ စိတ်ကူးထားတဲ့အတိုင်း ၊ ရည်ရွယ်ထားတဲ့အတိုင်း အမှန်တကယ် လက်တွေ့ကျကျ ကြိုးစားအားထုတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ၊ အောင်မြင်မှု အသီးအပွင့်တွေကို ရောက်ရှိခံစားစံစားနိုင်မှာ ဖြစ်ပါတယ်။

Source : LinkedIn

Featured Photo : Outlook Money