ပြင်သစ်လီဂူးဝမ်း အမှတ်ပေးပြိုင်ပွဲမှာ အင်အားအကြီးမားဆုံး ကလပ်အသင်းအဖြစ် မင်းမူနေတဲ့ ပီအက်စ်ဂျီ အသင်းဟာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဘက်မှာတော့ ဗိုလ်လုပွဲကိုတောင် တစ်ကြိမ်သာ တတ်ရောက်ဖူးသေးပြီး အဲ့ဒီ တစ်ကြိမ်မှာလည်း ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ထားခဲ့ရသလို အခုအချိန်ထိလည်း ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်ဖလားဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေရပါတယ်။

messi mbappe

Photo Credit : Twitter

နှစ်တိုင်းနှစ်တိုင်းမှာ တကယ့် ကမ္ဘာ့ထိပ်တန်း ကစားသမာတွေ ခေါ်ယူ အားဖြည့်ထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းဟာ နှစ်တိုင်းမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲဘက်မှာ ရေပန်းစားတတ်တဲ့ အသင်း ဖြစ်နေရပြီး တခြားသော နှစ်တွေထက် မက်ဆီ နေမာ ဘာပေတို့လို ကစားသမားတွေ ရှိနေချိန်မှာ ပိုပြီးတော့ကို ရေပန်းစားမှုက မြှင့်တတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလို ကစားသမားမျိုးတွေနဲ့ ဝန်းရံ တည်ဆောက်ထားချိန်မှာတောင် ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ဇာတာက တတ်မလာနိုင်ခဲ့ပါဘူး။

leo kylian

Photo Credit : Livescore’s Twitter

အသင်းကို လီယွန်နယ် မက်ဆီ ရောက်ရှိလာခဲ့ချိန် အသင်းမှာလည်း နေမာ ဘာပေတို့လို ဒိတ်ဒိတ်ကြဲ ကစားသမားတွေ ပိုင်ဆိုင်ထားချိန် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်မှာ ရှယ်ကြမ်းပြီလို့ အားလုံးက ယူဆထားခဲ့ကြပေမယ့် GOAT ကြီး မက်ဆီ ပီအက်စ်ဂျီကို မရောက်လာခင် နှစ်ရာသီဆက်တိုက်တုန်းကတောင် ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် မှာ ဖိုင်နယ် တစ်ကြိမ် ဆီမီးဖိုင်နယ် တစ်ကြိမ် တတ်လှမ်းခဲ့ပါသေးတယ်။ ဒါဟာ မက်ဆီရဲ့ effect လို့ မဆိုသာနိုင်ပဲ ကစားသမားအားလုံးရဲ့ နိုင်လိုစိတ် ကင်းမဲ့နေခြင်းနဲ့ အသင်းလိုက် ကစားပုံပိုင်းမှာ လိုအပ်ချက် ရှိနေခြင်း အသင်းအတွက် အကောင်းဆုံး ပေးဆပ်လိုစိတ် လျော့နည်းနေခြင်းတွေက ပီအက်စ်ဂျီအသင်း ဥရောပတခွင်မှာ မအောင်မြင်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်နေရပါတယ်။

cl final 19/20

Photo Credit : Youtube

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကပဲ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲဆီ တတ်လှမ်းနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသလို အခုလည်း ဘိုင်ယန်ကို (၁၆)သင်းအဆင့်မှာပဲ ထပ်ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ကနေ စောစောစီးစီး လက်ပြနှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်။

Featured Photo : Livescore’s Twitter