ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို မှန်မှန်ကန်ကန် ရွေးချယ်တတ်တဲ့ ကွီးတို့သည် ဆွဲဆောင်မှုရှိပြီး မဒီလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အသေအချာပါပဲ။ ဒီလိုမျိုး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖက်ရှင်ကျတဲ့ ပုရိသ တို့သာ ပိုင်ဆိုင်ထားလေ့ရှိတဲ့ ပစ္စည်း တွေက ဘယ်ပစ္စည်းတွေလဲဆိုတာ ကွီးတို့ သိပြီးပြီလား။

ဒီဇိုင်းဆန်းပြီး ကွာလတီလည်းကောင်းတဲ့ အမိုက်စား ရှူးဖိနပ် တစ်ရံ

ရှူးဖိနပ်

ရုံးတက်ရင်ပဲဖြစ်ဖြစ်၊ မင်္ဂလာဧည့်ခံပွဲများ၊ ဒင်နာပါတီပွဲများ တက်တဲ့အခါ ခန့်ခန့်ညားညားနဲ့ လူကြီးလူကောင်းဆန်တဲ့ အသွင်ကို ဖန်တီးချင်တယ်ဆိုရင် ရှူးဖိနပ်တစ်ရံသည်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ရှူးဖိနပ်အရောင် ရွေးချယ်တဲ့အခါမှာလည်း အခြေခံကျတဲ့ အရောင်ဖြစ်တဲ့ အနက်ရောင် (သို့) အညိုရောင် တို့ကို ရွေးချယ်လိုက်ပါ။ အနက်ရောင်ရှူးဖိနပ်၊ အညိုရောင် ရှူးဖိနပ်များသည် အင်္ကျီဘောင်းဘီ အဝတ်အစားမရွေးတာကြောင့် အပြင်သွားခါနီးမှာ ခေါင်းစားမှာ မဟုတ်ပါဘူး။

ကွာလတီကို ရှယ် အသားပေးထားတဲ့ လက်ပတ်နာရီ တစ်လုံး

လက်ပတ်နာရီ

ဒီပစ္စည်းကလည်း မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးဆုံး ဖက်ရှင်အသုံးအဆောင်ပစ္စည်းပဲ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့နာရီတစ်လက်သည် ဝတ်ဆင်ထားသူကို စမတ်ကျလှပစေတဲ့အသွင် ရရှိစေမှာဖြစ်ပါတယ်။ ကွီးတို့ ရတဲ့ လုပ်ခလစာထဲက ရာခိုင်နှုန်းအချို့ကို ဖယ်ထားပြီး အကောင်းစား လက်ပတ်နာရီတစ်လုံးထံ ရင်းနှီးမြှုပ်နှံသင့်တယ်လို့လည်း ထင်ပါတယ်။

ခါးပတ်ကလည်း ပုရိသ တို့ ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်း တစ်ခုပါ

ပုရိသ ပစ္စည်း

ခါးပတ်သည်လည်း မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။ ခါးပတ် ရွေးချယ်ဝတ်ဆင်တဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ ခါးပတ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါမှသာလျှင် ပွဲတက်တဲ့အခါ သစ်လွင်တောက်ပတဲ့ ခံစားချက်မျိုး ပုံသဏ္ဍာန်မျိုး ပေါ်နေမှာ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ မျက်ဝန်းတစ်စုံကို နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်မယ့် အကောင်းစား နေကာမျက်မှန် တစ်လက်

ပုရိသ ပစ္စည်း

နေပူထဲ ထွက်တဲ့အခါ ဒီပစ္စည်းကတော့ မရှိမဖြစ်ပါပဲ။ ကွီးတို့ရဲ့ ဖက်ရှင်ကို အဆင့်အတန်းတစ်ခုအထိ မြင့်တင်ပေးနိုင်သလိုပဲ ကွီးတို့က ဟောလိဝုဒ် မင်းသားတစ်လက်လားတောင် ထင်မှတ်သွားရစေမှာပါ။ ဒါတင်မကသေးပါဘူး။ မျက်လုံးတစ်ဝိုက်မှာ နေလောင်ဒဏ်ကြောင့် အရေးအကြောင်းများ ပေါ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သားသားနားနား ပိုက်ဆံအိတ် တစ်လုံး

ပုရိသ ပစ္စည်း

ပိုက်ဆံအိတ်တစ်လုံးသည် ကွီးတို့ရဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းဆိုတာထက် အဓိပ္ပါယ် အများကြီး ပိုရှိပါတယ်။ ပိုက်ဆံအိတ်သည် နေရာတကာမှာ အသုံးပြုရတဲ့ပစ္စည်းဖြစ်တာကြောင့် ကွီးတို့ အသုံးပြုတဲ့ ပိုက်ဆံအိတ်က သားသားနားနား ဖြစ်ဖို့ လိုအပ်ပါတယ်။ အများရှေ့ပြရတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကွာလတီကောင်းတဲ့ ပိုက်ဆံအိတ်လေးကို သုံးမှ ကွီးတို့လည်း မျက်နှာ မငယ်ရမှာပါ။ ဒါ့အပြင် ကွာလတီကောင်းတဲ့အတွက်ကြောင့် အချိန် အကြာကြီး အသုံးခံနေမှာဖြစ်ပြီး အသုံးပြုတိုင်းမှာလည်း စိတ်ကျေနပ်မှုကို အပြည့်အဝ ခံစားရစေမှာပါ။

ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းများထဲက ဘယ်ပစ္စည်းတွေကို ပိုင်ဆိုင်ထားပါသလဲ။

Source: Fashionbeans

Featured Image: Shop.thegentlemansjournal