ပေါ့ပါးလွတ်လပ်တဲ့ Street Style ဖက်ရှင် လောကကနေ ကွီးတို့ကို ကြိုဆိုလိုက်ရပါတယ်။ ကွီးတို့က Street Style ဖက်ရှင်တွေက အပီအပြင် လန်း မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips လေးတွေကို သိထားသင့်ပါတယ်။

ပေါ့ပါး လွတ်လပ်တဲ့ Street Style ဖက်ရှင်ဆိုတာ ဘယ်လိုမျိုးလဲ

man fashionable

Street Style ဖက်ရှင်ဆိုတာ လူငယ်ဆန်ဆန်နဲ့ ပေါ့ပါး လွတ်လပ်တဲ့အသွင်ကို ဖော်ကျူးထားတဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ Street Style ဖက်ရှင်နဲ့ အပီ လန်း ဖို့ဆိုရင် အားကစား အဝတ်အစားများ၊ ဂျင်းဘောင်းဘီ၊ တီရှပ် အစရှိသည်တို့ကို အဓိကထား ဝတ်ဆင်လေ့ရှိကြပြီး ဟစ်ဟော့ အငွေ့အသက်၊ ပန်ခ့်နှင့် စကိတ်စီးခြင်း ယဥ်ကျေးမျု အငွေ့အသက်များလည်း ရောယှက် ပါဝင်နေပါတယ်။ ဒီလိုဖက်ရှင်မျိုးတွေကို ဖက်ရှင်ရှိုးတွေရဲ့ ဖက်ရှင် စင်မြင့်ထက်မှာ တွေ့ရခဲပြီး လမ်းမပေါ်ထက်မှာ ဥဒဟို သွားလာနေတဲ့ လူငယ်များအကြား ပိုမို အတွေ့များပါတယ်။ ထိုလူငယ်များက သူတို့ရဲ့ ကိုယ်ပိုင် ဖက်ရှင် အငွေ့အသက်နဲ့ ကိုယ်ပိုင် တီထွင်မှုတို့ကို ဖန်တီး ပေါင်းစပ်လိုက်ပြီး Street ဖက်ရှင်ကို ပိုမို အသက်ဝင်လာအောင် အသက်သွင်းလေ့ရှိကြပါတယ်။

ဒီဖက်ရှင်က ဘာ့ကြောင့် တဟုန်ထိုး လူကြိုက်များကာ နာမည်ကြီးလာရသလဲ

Street Style လန်း

ဖက်ရှင်ကို ချစ်မြတ်နိုးတဲ့ ဘီးကျဲတွေအကြား Street ဖက်ရှင်သည် လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်ကစပြီး တဟုန်ထိုး နာမည်ကြီးလာပါတယ်။ ဘာ့ကြောင့် ဒီလို နာမည်ကြီးလာရသလဲဆိုရင် ဘီးကျဲတို့အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် စိတ်ကြိုက် ပုံဖော်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဘောင်တွေ စည်းမျဥ်းတွေ မရှိဘဲ ၆ ပေကျော် ရှည်တဲ့ အမျိုးသားများသည်လည်း သူတို့ရဲ့ အကြိုက်ပေါ် မူတည်ပြီး ဝတ်ဆင်နိုင်သလို ၅ ပေ ၄ လို ဘီးကျဲတွေကလည်း ကိုယ့်စိတ်ကြိုက် ဝတ်ဆင်နိုင်လို့ပဲ ဖြစ်ပါတယ်။ အသားအရောင်၊ အရပ် အနိမ့် အမြင့် စသည်ဖြင့် ခွဲခြားထားတာမျိုး မရှိဘဲ ဘယ်သူကပဲ ဝတ်ဆင်လိုက်ပါစေ ဖက်ရှင်ကျတဲ့အတွက်ကြောင့် အခုလို လူကြိုက်များလာရခြင်း ဖြစ်ပါတယ်။

Street Style ဖက်ရှင်နဲ့ အပီ လန်း ဖို့ဆိုရင် ဘာတွေ လိုအပ်မလဲ

Street Style လန်း

ဒီဖက်ရှင်နဲ့ ပတ်သက်လာရင် အခြေခံ လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်းအချို့ရှိပါတယ်။ ထိုပစ္စည်းများကတော့…

(၁) ဂျင်းဘောင်းဘီ

(၂) Sweatpants

(၃) ဂရက်ဖစ် တီရှပ်များ

(၃) ခေါင်းစွပ် ဟူဒီများ

(၄) Sneakers ဖိနပ်များ

(၅) ဦးထုပ်များ

(၆) နေကာမျက်မှန်

(၇) ချိန်းကြိုးများ

(၈) Bomber ဂျက်ကတ်နှင့် သားရေ ဂျက်ကတ်များ အစရှိတဲ့ ဖက်ရှင် အဝတ်အစား အသုံးအဆောင်တို့က အခြေခံ လိုအပ်တာတွေပဲ ဖြစ်ပါတယ်။

ဒီဖက်ရှင်များနဲ့ ရှိုးထုတ်မယ်ဆိုရင် ဘယ်လိုအချက်များကို သိထားသင့်သလဲ

Street Style လန်း

အဓိက အရေးအကြီးဆုံးကတော့ ကိုယ့်စတိုင်လ်အတိုင်း ဝတ်ဆင်ဖို့ပါပဲ။ ကိုယ်က ကိုယ့်ဖက်ရှင်နဲ့ မိမိဘာသာ ယုံကြည်မှု အပြည့် ရှိနေမယ်ဆိုရင် ကွီးတို့က ဆွဲဆောင်မှု အရှိဆုံး အမျိုးသားတစ်ယောက်ဖြစ်နေမှာ အမှန်ပါပဲ။ ဒါ့ကြောင့်မို့လို့ အခြားသူတွေရဲ့ ဖက်ရှင်ကို လိုက်လံတုပမယ့်အစား ကိုယ့်ဖက်ရှင်နဲ့ကိုယ် ရှိုးထုတ်တာက အကောင်းဆုံးပါပဲ။

ကွီးတို့ရော ပေါ့ပါး လွတ်လပ်တဲ့ Street ဖက်ရှင်နဲ့ ရှိုးမထုတ်ချင်ဘူးလား။

Source : Budgetfashionisto

Featured Photo : Sharp Magazine