ပုရိသ တို့ရဲ့ သွား များ ကျန်းမာကြံ့ခိုင်ကာ ပုလဲလုံးလေးလို ညီညာလှပနေမှသာလျှင် ပြုံးရယ်လိုက်တဲ့အခါ ပြုံးအလှပိုင်ရှင်တစ်ယောက်ဖြစ်မှာပဲဖြစ်ပါတယ်။ တကယ်လို့ ပုရိသ တို့ရဲ့ သွား တွေက သွားပိုးစားနေတာမျိုး (သို့) ကွမ်းစားထားလို့ပဲဖြစ်ဖြစ် ၊ အကြောင်းအမျိုးအမျိုးကြောင့် သွားတွေက ညစ်ထေးနေမယ်ဆိုရင် သွားကျန်းမာရေးအတွက် စိုးရိမ်စရာပါပဲ။

ပုရိသ တို့အနေနဲ့ ပြုံးရယ်လိုက်တိုင်းမှာ သွား များ ညီညာဖြူဝင်းလှပနေတဲ့ ပြုံးအလှ ပိုင်ရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်များကို လိုက်နာသင့်ပါတယ်။

သုံးလလျှင် တစ်ကြိမ် သွားတိုက်တံ လဲပေးပါ

men's teeth health

သွားတိုက်တံများကို သုံးလလျှင် တစ်ကြိမ်ခန့် လဲပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သင်သည် မကြာခဏ ဖျားနာတတ်တဲ့သူဆိုရင် ပိုလိုအပ်ပါတယ်။ သန့်ရှင်းပြီး ဘက်တီးရီးယားများ ကင်းဝေးတဲ့ သွားတိုက်တံကို အသုံးပြုမှသာလျှင် သွားကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

ပလပ်စတစ်အိတ်များ ဖွင့်ဖို့အတွက် သင့်သွားများကို အသုံးမပြုပါနဲ့

men's teeth health

ကတ်ကြေးများ၊ ဓါးများ ရှာမတွေ့လို့ဆိုပြီး လွယ်လင့်တကူပဲ သွားနှင့် ကိုက်ဖြတ်လိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ပလပ်စတစ်များက အပျော့စားတွေ ဆိုပေမယ့်လည်း သင့်သွားရဲ့ ကြွေလွှာများကို ပျက်စီးစေနိုင်ပါတယ်။ မာတဲ့ အရာဝတ္တုပစ္စည်းများကို ကိုက်ဖြတ်ရင်တော့ ပိုဆိုးပါလိမ့်မယ်။ သွားပဲ့သွားတဲ့အခါ ကြည့်ရလည်းဆိုးပြီး သွားကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

သွားဆရာဝန်ထံ ၆ လလျှင် တစ်ကြိမ်ခန့် သွားပြပါ

ပုရိသ သွား

သွားပိုးစားခြင်း၊ သွားနှင့် သွားဖုံး ကျန်းမာစေရေးအတွက် သွားဆရာဝန်ထံ ၆ လလျှင် တစ်ကြိမ်ခန့် သွားရောက်ကုသမှု ခံယူသင့်ပါတယ်။ သွားပိုးစားခြင်း၊ သွား အခေါင်းပေါက်များ ဖြစ်ခြင်းသည် သာမန်မျက်စိနဲ့ မြင်နိုင်မှာမဟုတ်ပါဘူး။ သွားနာ ၊ သွားကိုက်တဲ့အချိန်မှာ ဆရာဝန်သွားပြတဲ့အခါ နာကျင်တဲ့ ဝေဒနာကို အလူးအလဲ ခံရတဲ့ ဒုက္ခ တစ်ခု ပိုလာပါလိမ့်မယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၆ လလျှင် တစ်ကြိမ်ခန့် ပုံမှန် ကုသမှု ခံယူသင့်ပါတယ်။

ဆေးလိပ် မသောက်ပါနှင့်

ပုရိသ သွား

သွားဖုံးကင်ဆာ၊ သွားဝါခြင်း၊ ခံတွင်းအနံ့အသက် မကောင်းခြင်း၊ သွားနှင့် သွားဖုံး ရောဂါများ မခံစားချင်ဘူးဆိုရင်တော့ ဆေးလိပ် ဖြတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆေးလိပ်သည် အဆုတ်ကျန်းမာရေးအတွက်သာမက သွားကျန်းမာရေးအတွက်လည်း ဒုက္ခပေးတဲ့ ရန်သူတော်ကြီးဖြစ်ပါတယ်။

တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ

ပုရိသ သွား

မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သွားတိုက်ခြင်းသည် ခံတွင်းရနံ့များကို သင်းပျံ့စေပြီး သွားနှင့် သွားဖုံး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ သွားပိုးစားခြင်းမှ ကာကွယ်ပေးပြီး အစား အကြွင်းအကျန်များ ကပ်ငြိနေခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အစားစားပြီးတိုင်းမှာ ပလုတ်ကျင်းခြင်းကို မမေ့မလျော့ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ သွားတိုက်တဲ့အခါမှာလည်း သွားတိုက်တံနှင့် အကြမ်းပတမ်း ပွတ်တိုက်ခြင်းကိုလည်း ရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် သွား ကြွေလွှာများ ပျက်စီးသွားမှာပဲဖြစ်ပါတယ်။

Source: Mysmithfielddentist

Featured Image: Freepik