လမ်းလျှောက်ခြင်း အပါအဝင် ကိုယ်လက်လှုပ်ရှားမှုမှန်သမျှ ရုပ်ပိုင်ဆိုင်ရာ ကျန်းမာရေး အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတယ်ဆိုတာ ယေဘုယျအားဖြင့် သိကြပါတယ်။ သို့သော်လည်း လူတော်တော်များများက ကိုယ်လက်လှုပ်ရှားမှုတွေကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်ကြပါဘူး။ လူတိုင်း အသက်အရွယ်မရွေး လုပ်ဖို့ လွယ်ကူတဲ့ လမ်းလျှောက်တာကိုတောင် မလုပ်တဲ့သူတွေ အများကြီးပါပဲ။ မိမိက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ဘူးဆိုရင်တာင် ပုံမှန်လမ်းလျှောက်တာလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံမှန်လမ်းလျှောက်ရုံနဲ့ ရလာတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိလို့ပါပဲ။ ဆက်လက်ပြီး လမ်းလျှောက်ပေးရုံနဲ့တဲ့ မထင်မှတ်ထားလောက်ရတဲ့ ကောင်းကျိုးတွေကို ဆက်ကြည့်လိုက်ရအောင်ဗျာ။

အဝလွန်ခြင်းကို ကာကွယ်တားဆီးပေးနိုင်တယ်

ပုံမှန်လမ်းလျှောက်ရုံနဲ့

Photo : Transparent Labs

ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်းက ကိုယ်အလေးချိန်ကို တတ်စေပြီး အဝလွန်ခြင်းကို ဦးတည်သွားစေပါတယ်။ အဝလွန်ခြင်းကနေ နှလုံး၊ ဆီးချို၊ သွေးတိုး စတဲ့ နောက်ဆက်တွဲ ဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာသော အလေးချိန်ကို ထိန်းသိမ်းပြီးသား ဖြစ်စေပြီး အဝလွန်ခြင်းကနေ ကင်းဝေးစေပါတယ်။ မြန်မြန် လမ်းလျှာက်လေ၊ ကယ်လိုရီများများ လောင်ကျွမ်းလေ၊ ကျန်းမာရေးအတွက် အထောက်အကူ ပြုလေလေ ပဲ ဖြစ်ပါတယ်။

နှလုံးကို သန်မာစေတယ်

ပုံမှန်လမ်းလျှောက်ရုံနဲ့

Photo : Facty Health

လေ့လာမှုတစ်ခုရဲ့ အဆိုအရ တစ်နေ့လျှင် နာရီဝက်ခန့် တစ်ပတ်မှာ ၅ ရက်လောက် လမ်းလျှောက်တာက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ လမ်းလျှောက်ကြာချိန်ကို ပိုပြီးမြှင့်လေလေ၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ပိုလျော့ကျလေလေ ဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်

ပုံမှန်လမ်းလျှောက်ရုံနဲ့

Photo : CNET

အစားစားပြီးနောက် လမ်းခဏလျှောက်တာက သွေးတွင်းသကြားဓာတ်ကို လျှော့ကျစေပါတယ်။ လေ့လာမှုတစ်ခုမှာ တစ်နေ့လျှင် ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်း (နံနက်စာ၊ နေ့လယ်စာ၊ ညစာပြီးနောက်) က အခြားအချိန်များမှာ လမ်းလျှောက်ခြင်းထက် သွေးတွင်းသကြားဓာတ်အဆင့်ကို ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်

Photo : GoodRx

လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာထားတဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၂၀ တစ်ပတ်လျှင် အနည်းဆုံး ၅ ရက် လမ်းလျှောက်သူများက တစ်ပတ်လျှင် တစ်ကြိမ် ဒါမှမဟုတ် လုံးဝလမ်းမလျှောက်သူများထက် ဖျားနာနိုင်ခြေ ၄၃ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဆစ်အမြစ်ကိုက်ခဲခြင်းကို သက်သာစေပါတယ်

Photo : MegRelief

လမ်းလျှောက်ခြင်းက ဒူးနဲ့ တင်ပါးအပါအဝင် အဆစ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အဆစ်များကို ထောက်ပံ့ပေးသော ကြွက်သားများကို အားကောင်းစေသောကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာမှုများအရ လမ်းလျှောက်ခြင်းက အဆစ်အမြစ်ရောင်ရမ်းခြင်းဆိုင်ရာ နာကျင်မှုကို သက်သာစေပြီး တစ်ပတ်လျှင် ငါးမိုင်မှ ခြောက်မိုင်အထိ လမ်းလျှောက်ခြင်းက အဆစ်အမြစ်ရောင်ရမ်းခြင်းကိုပင် တားဆီးပေးနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်

Photo : British GQ

လမ်းလျှောက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတစ်ခုက ဖော်ပြချက်အရ လမ်းလျှောက်ခြင်းက စိတ်ဓာတ်ကျခြင်းနှင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်တွင်း အောင်ဆီဂျင် စီးဆင်းမှုကို တိုးစေပါတယ်။ ၎င်းသည် Cortisol၊ Epinephrine နှင့် Norepinephrine တို့ကိုလည်း တိုးစေနိုင်ပါတယ်။ အဲဒါတွေက စွမ်းအင်အဆင့်ကို မြင့်တင်ပေးတဲ့ ဟော်မုန်းတွေပါ။ ဒါ့ကြောင့် လမ်းလျှောက်ခြင်းက စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ် စွမ်းအင်ကိုလည်း တိုးစေပါတယ်။

ကွီးတို့ရေ ပုံမှန်လမ်းလျှောက်ရုံနဲ့ အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အကျိုးတွေကို ခံစားရမှာပါ။ ဒါ့ကြောင့် အခြားသော လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်တောင် တစ်နေ့မှာ အနည်းဆုံး မိနစ် ၂၀ မှ မိနစ် ၃၀ ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Harvard Health Polishing

Featured Photo : ISO