ကျွန်တော်တို့ ယောကျာ်းလေးတွေအတွက် အချိန်နေရာမရွေး ပြုလုပ်နိုင်တဲ့ အကောင်းဆုံး ဘော်ဒီဝိတ် လေ့ကျင့်ခန်းကတော့ ဒိုက်ထိုး တာပါပဲ။ ဒိုက်ထိုး‌လေ့ကျင့်ခန်းဟာ ကွီးတို့ရဲ့ ပခုံး ၊ ရင်အုပ် ၊ လက်မောင်း ၊ နောက်ကျောနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို တပြိုက်နက်တည်း ထိရောက်မှုရှိစေပြီး ကြွက်သားကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ဘော်ဒီကို ရရှိစေဖို့ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံး လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့အတွက် ပုံမှန် ဒိုက်ထိုးနည်းက အရမ်းကိုပဲ ရိုးရှင်းလွယ်ကူနေတယ် ဆိုရင်တော့ အခုပြောပြမယ့် မတူညီတဲ့ ဒိုက်ထိုးနည်းတွေကို Try ကြည့်ဖို့‌ ပြောပြပေးချင်ပါတယ်။

(၁) Incline Push-up

Incline Push-up

Incline Push-up

Photo : Men’s Fitness

Incline Push-up ဒိုက်ထိုးနည်းက Chest နဲ့ Triceps ကြွက်သားတွေကို အဓိကပစ်မှတ်ထားပါတယ်။ သေတ္တာ ၊ ဆိုဖာ ၊ စားပွဲ သို့မဟုတ် နံရံတွေကို အသုံးပြုပြီး ကစားနိုင်ပါတယ်။ လက်တွေကို ပခုံးအကျယ်ထက် အနည်းငယ် ပိုချဲ့ပြီး ထောက်ထားပါ။ ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထားပြီး ရင်ဘတ်ကို အောက်သို့ ဖြည်းဖြည်းချင်း နှိမ့်ချကာ ဒိုက်ထိုးပေးရပါမယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၂) Decline Push-up

Decline Push-up

Decline Push-up

Photo : Men’s Fitness

Decline Push-up ဒိုက်ထိုးနည်းကတော့ Incline Push-up နဲ့ ပြောင်းပြန်ပါ။ သေတ္တာ ၊ ဆိုဖာ ၊ စားပွဲ ပေါ်ကို ခြေထောက်တင်ထားပြီး လက်ကိုတော့ ကြမ်းပြင်မှာ ထောက်ထားရပါမယ်။ လက်တွေကို ပခုံးအကျယ်ထက် အနည်းငယ် ပိုချဲ့ကားပြီး ထောက်ထားပါ။ ထို့နောက် ဖြည်း ဖြည်းချင်း ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ နှိမ့်ချပြီး ဒိုက်ထိုးပေးရပါမယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၃) Diamond Push-up

Diamond Push-up

Diamond Push-up

Photo : Men’s Fitness

Diamond Push-up ဒိုက်ထိုးနည်း နည်းနည်းပိုခက်လာပါပြီ။ ပုံမှန် Push-up Position အတိုင်း ပုံစံယူပြီး လက်နှစ်ဖက်ကို ရင်ဘတ်အောက်တည့်တည့်မှာ စုထားရပါမယ်။ ထို့နောက် တံတောင်ဆစ်တွေကို ဘေးသို့ ကားထုတ်ပြီး ရင်ဘတ်ကို ဖြည်းဖြည်းချင်း အောက်သို့ နှိမ့်ချကာ စိန်တုံးပုံသဏ္ဌာန် ဒိုက်ထိုးပေးရမှာပါ။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။

(၄) Spiderman Push-up

Spiderman Push-up

Photo : Men’s Fitness

Spiderman Push-up ဒိုက်ထိုးနည်းက ပိုပြီး ခက်ပါတယ်။ ခက်သလောက်လည်း Chest Triceps နဲ့ Core ကြွက်သား အုပ်စုတွေ အားလုံးကို ထိရောက်မှု ရှိစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အရင်ဆုံး ပုံမှန် Push-up Position အတိုင်း ပုံစံယူပါ။ ထို့နောက် လက်တွေကို ကွေးချပြီး ဒူးတစ်ဖက်ကို ရှေ့သို့ဆွဲတင်ကာ တံတောင်ဆစ်နဲ့ ထိစပ်ပေးပါ။ ပြီးရင်မူလအနေအထားသို့အတိုင်း ပြန်သွားပါ။ ထို့နောက် နောက်ထပ်ဒူးတစ်ဖက်ကိုလည်း ထိုနည်းအတိုင်းကစားပေးပါ။ ဘယ်/ညာ နှစ်ဖက်ကို တစ်ကြိမ် သတ်မှတ်ပေးရပါမယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။

Featured Photo : Muscle & Fitness