ပူလောင် အိုက်စက်တဲ့ နွေရာသီအချိန်မှာ ရှိုးထုတ် ရတာသည် လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဖက်ရှင်ကျကျ ဝတ်ဆင်ဖို့လည်း လိုအပ်သလို ကိုယ့်အတွက် အပူအိုက် သက်သာပြီး သက်သောင့်သက်သာဖြစ်စေဖို့လည်း လိုအပ်ပါတယ်။

ဖက်ရှင်ကတော့ ကျပါရဲ့။ ဒါပေမဲ့ သက်သောင့်သက်သာမဖြစ်ဘဲ ချွေးတလုံးလုံးနဲ့ဆိုရင်တော့ ဘေးက ကြည့်နေရသူထက် ကွီးတို့ ကိုယ်တိုင်ပဲ စိတ်ညစ်ရမှာ မဟုတ်လား။ ဒီလိုမဖြစ်ဖို့အတွက် ပူလောင် အိုက်စက်နေတဲ့အချိန်မှာ အထာကျကျ ရှိုးထုတ် တတ်ဖို့ လိုအပ်ပါတယ်။

အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များက ကွီးတို့ကို အခုလိုအချိန်မှာ အထာကျကျနဲ့ မိမိုက်နေအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ဘောင်းဘီတိုနဲ့ ဘယ်လိုရှိုးထုတ်မလဲ

ဘောင်းဘီတို

ဘောင်းဘီတိုဆိုရင်တော့ ဂျင်းဘောင်းဘီပဲဖြစ်ဖြစ်၊ ချည်သားဘောင်းဘီတိုလေးတွေပဲဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်။ အင်္ကျီအတွက်ကတော့ လက်တို ရှပ်အင်္ကျီတွေကိုလည်း ရွေးချယ်နိုင်သလို လက်ရှည်အင်္ကျီကို ဝတ်မယ်ဆိုရင်တော့ လေဝင်လေထွက်ကောင်းပြီး အေးတဲ့ အဝတ်အစားများကို ရွေးချယ်သင့်ပါတယ်။

အထာကျတဲ့ ရှပ်အင်္ကျီကို သေချာရွေးချယ်တတ်ပါစေ

ပူလောင် ရှိုးထုတ်

ရှပ်အင်္ကျီတွေကတော့ အပျော့သားတွေက ပူအိုက်တဲ့အချိန်မှာ ဝတ်လို့အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် ချည်သား အင်္ကျီတွေကိုလည်း ဝတ်ဆင်နိုင်ပါသေးတယ်။​ ပိုလိုရှပ်အင်္ကျီတွေကလည်း ကွီးတို့ကို ဖက်ရှင်ကျအောင် ကူညီပေးနိုင်ပါသေးတယ်။

ဘောင်းဘီရှည်တွေနဲ့လည်း ရှိုးထုတ်နိုင်ပါတယ်

ပူလောင် ရှိုးထုတ်

ဘောင်းဘီတိုတွေကတော့ နွေရာသီမှာ အဆင်ပြေပေမယ့် တချို့နေရာတွေကို သွားလာတဲ့အခါမှာတော့ ဘောင်းဘီတိုက အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဘောင်းဘီရှည်တွေကို ပြောင်းလဲ ဝတ်ဆင်သင့်ရင်လည်း ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ ဘောင်းဘီရှည်အတွက်ကတော့ ချည်သားဘောင်းဘီတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ဂျင်းဘောင်းဘီတွေက ကွီးတို့ကို ပိုမိုပူလောင် အိုက်စက်စေမှာဖြစ်ပြီး နေရထိုင်ရ ခက်စေမှာ အမှန်ပါပဲ။

နွေရာသီမှာ ဘယ်လိုဖိနပ်မျိုးကို ဦးစားပေးသင့်သလဲ

ပူလောင် ရှိုးထုတ်

မြန်မာနိုင်ငံရဲ့ နွေရာသီနဲ့ဆိုရင်တော့ ညှပ်ဖိနပ်က အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ညှပ်ဖိနပ်က ကွီးတို့ကို ဖက်ရှင်ကျစေမှာတော့ မဟုတ်ပါဘူး။ ဖက်ရှင်ကျကျနဲ့ ရှိုးထုတ်ချင်တယ်ဆိုရင်တော့ ခြေမျက်စိ မဖုံးတဲ့ Sneakers ဖိနပ်မျိုးကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ Sneakers အရောင်ကိုတော့ ကိုယ် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ နွေရာသီနဲ့ အလိုက်ဖက်ဆုံးကတော့ အဖြူရောင်ပဲဖြစ်ပါတယ်။

နွေရာသီမှာ ဖက်ရှင် အသုံးဆောင်ပစ္စည်းတွေကလည်း အရေးကြီးပါတယ်

sunglasses

နွေရာသီမှာ အပြင်ထွက်တဲ့အခါ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ နေကာမျက်မှန်ကို မမေ့ပါနဲ့။ နေကာမျက်မှန်နဲ့ နေပူထဲမှာ အထာကျနိုင်ပြီး ကွီးတို့ကို ဆွဲဆောင်မှု တိုးနေစမှာပဲဖြစ်ပါတယ်။ နေကာမျက်မှန် မဝတ်ချင်တဲ့ နေ့တွေမှာတော့ လူငယ်ဆန်တဲ့ လျှာထိုးဦးထုပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ထိုဖက်ရှင်အသုံးအဆောင်ပစ္စည်းများက ကွီးတို့ကို နွေရာသီမှာ ဖက်ရှင်ကျနေစေမှာဖြစ်ပြီး အပူဒဏ်ကိုလည်း သက်သာစေမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ပူလောင် အိုက်စက်တဲ့အချိန်မှာ ဘယ်လိုမျိုး ရှိုးထုတ် လေ့ရှိပါသလဲ။

Source: Onpointfresh

Featured Image: Men’s Health & Fitness Tips