နွေရာသီသည် မိုးရာသီလို စိုစွတ်နေတာမဟုတ်တဲ့အတွက်ကြောင့် ခရီးသွားရတာ မိုးရာသီထက် ပိုကောင်းပါတယ်။ သို့သော် နွေရာသီရဲ့ ပူ ပြင်း ခြောက်သွေ့တဲ့ဒဏ်ကိုတော့ ခရီးသွား နေစဥ်အတောအတွင်းမှာ အလူးအလဲ ခံစားရမှာပဲ ဖြစ်ပါတယ်။ ပူ ပြင်း ခြောက်သွေ့တဲ့ ဒဏ်ကို ခရီးသွား နေစဥ်အတွင်း အလူးအလဲ မခံစားရဖို့ဆိုရင် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်များရှိပါတယ်။

ခရီးဆောင်အိတ်ကို ပေါ့ပေါ့ပါးပါးသာ ထုတ်ပိုးသွားပါ

ပူ ခရီးသွား

ခရီးဆောင်အိတ်ကို ထုတ်ပိုးတဲ့အခါ မလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို အလေးခံပြီး ထည့်မသွားပါနဲ့။ အဝတ်အစား ဖက်ရှင်များသည်လည်း နွေရာသီနှင့် လိုက်ဖက်တဲ့ အဝတ်အစား ဖက်ရှင်ဖြစ်အောင် သေချာ ရွေးချယ်သွားပါ။ ဒါမှသာလျှင် ခရီးဆောင်အိတ်က ပေါ့ပေါ့ပါးပါးရှိပြီး သယ်ရပြုရတာလည်း လွယ်ကူမှာဖြစ်ပါတယ်။

နေလောင်ကာခရင်မ် မမေ့ပါနဲ့

ပူ ခရီးသွား

နွေရာသီလို ပူ အိုက်တဲ့ အချိန်မှာ ခရီးသွား တဲ့အခါ နေလောင်ကာခရင်မ်သည် မရှိမဖြစ် အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ နေပူထဲ စိတ်ကြိုက်ကဲထားပြီး အိမ်ပြန်ရောက်မှာ အသားအရေက နေလောင်ဒဏ် ခံထားရလို့ ပြာနှမ်းနေရင်လည်း ရှိုးပဲ့လှပါတယ်။ ဒါ့ကြောင့် နေပူထဲ ထွက်လည်တော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်ကို မမေ့မလျော့ ယူသွားရမှာပဲ ဖြစ်ပါတယ်။

ရေဘူးနှင့် မုန့်ပဲ သွားရေစာ ထည့်သွားပါ

ရေဘူး

Photo: Todaysparent

နေအိမ်ကနေ ကိုယ်သွားမယ့်နေရာကို ကုန်းကြောင်းပဲဖြစ်ဖြစ်၊ ရေကြောင်း (သို့) လေကြောင်းနဲ့ပဲဖြစ်ဖြစ် သွားနေစဥ်မှာ ခရီးက ဘယ်လောက်ကြာမလဲ မသိနိုင်ပါဘူး။ လေကြောင်းခရီးနဲ့ ဆိုရင်တော့ အချိန်အတိအကျ သိရပေမယ့် ကားနဲ့ သွားတဲ့အခါ ကြားထဲမှာ ကားဘီးပေါက်တာပဲဖြစ်ဖြစ်၊ ယာဥ်ကြောပိတ်ဆို့တာပဲဖြစ်ဖြစ် ကြန့်ကြာမှုတွေ ရှိနိုင်ပါတယ်။ ထိုအခြေအနေမျိုးမှာ ကိုယ့်မှာပါတဲ့ မုန့်ပဲ သွားရေစာနဲ့ပဲ ဗိုက်ဖြည့်ထားရမှာ ဖြစ်ပါတယ်။

ဆေးသေတ္တာ မမေ့ပါနဲ့

ပူ ခရီးသွား

ကိုယ် သောက်နေကျဆေး၊ လိမ်းနေကျ ဆေးတွေရှိရင်လည်း တစ်ခါတည်း ထည့်သွားပါ။ အရေအတွက်ကိုလည်း ပိုပိုလိုလို ထည့်သွားဖို့ လိုအပ်ပါတယ်။ ခရီးသွားနေစဥ်မှာ ခေါင်းမူး ခေါင်းကိုက်တာ၊ အစာမကြေဖြစ်ခြင်းနှင့် လေထိုး လေအောင့်ဖြစ်ခြင်းတို့မှ ကာကွယ်ဖို့ဆိုရင် ကိုယ် သောက်နေကျ ဆေးတွေက အကောင်းဆုံးပါပဲ။

အရေးကြီးသော ဖုန်းနံပါတ်များကို ချမှတ်ထားပါ

ပူ ခရီးသွား

ကိုယ်က ပြည်တွင်းမှာပဲ ခရီးသွားသွား၊ ပြည်ပဆီသို့ ခရီးသွားသွား အရေးကြီးဆုံး လုပ်ရမှာက ကိုယ် တည်းခိုတဲ့နေရာရဲ့ အနီးတစ်ဝိုက်မှာ ရဲစခန်း၊ ဆေးရုံ ဆေးခန်းများ ဘယ်နားမှာ ရှိသလဲဆိုတာ လေ့လာထားဖို့လိုအပ်ပါတယ်။ ထို့နောက် အရေးကြုံလာပါကလည်း ဆက်သွယ်ရမယ့် အရေးကြီး ဖုန်းနံပါတ်များကိုလည်း ချမှတ်ထားသင့်ပါတယ်။ ဒါမှသာ အရေးပေါ် အခြေအနေ တစ်စုံတစ်ရာ ပေါ်လာတဲ့အခါ အကူအညီ ရယူနိုင်မှာဖြစ်ပါတယ်။

ဒီအချက်တွေကို သိထားရင်တော့ ကွီးတို့လည်း နွေရာသီမှာ အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ပါးပါး ခရီးသွားနိုင်မှာပဲ ဖြစ်ပါတယ်။

Source: Avancecare

Featured Image: Freepik