ပူ အိုက်တဲ့ ရာသီ ဥတုမှာ ရှိုးထုတ် ရတာ ခေါင်းစားစရာပါပဲ။ ဖက်ရှင်ကျတာကိုပဲ ဦးစားပေးရမလား။ အပူ အအိုက် သက်သာတာကိုပဲ ရွေးရမလား။ ဗျာများနေရတာလည်း ဒုက္ခတစ်ခုပါပဲ။

ထိုဒုက္ခတွင်းထဲကနေ လွတ်မြောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကို လိုက်လုပ်ကြည့်လိုက်ပါ။ ပူ အိုက်တဲ့ ရာသီမှာ အအိုက်လည်း သက်သာပြီး ဖက်ရှင်လည်း ကျစေမယ့် ရှိုးထုတ် နည်းတစ်ခုပဲ ဖြစ်ပါတယ်။

လီနင်နှင့် ပေါ့ပါးတဲ့ ချည်သား ရှပ်အင်္ကျီများကို ရွေးချယ်ပါ

summer fashion

နွေရာသီနဲ့ အလိုက်ဖက်ဆုံး အဝတ်အစားကတော့ လီနင် အင်္ကျီများ၊ ပေါ့ပါးတဲ့ ချည်သား ရှပ်အင်္ကျီတွေပါပဲ။ ချည်သား အင်္ကျီတွေ ဝတ်ထားမယ်ဆိုရင် နွေနေ ဘယ်လောက်ပူပူ ကွီးတို့ မှုနေစရာ မလိုပါဘူး။

ပိုလိုရှပ်အင်္ကျီများလည်း အဖြေတစ်ခုပါပဲ

summer fashion

နွေရာသီမှာ ဖက်ရှင်ကျစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုကတော့ ပိုလိုရှပ်အင်္ကျီများ ဝတ်ဆင်ခြင်းပါပဲ။ နေပူပေမယ့် ဖက်ရှင်ကျပြီး ဆွဲဆောင်မှု တိုးနေမှာပါ။

ဘောင်းဘီတိုများကို ဖက်ရှင်ကျကျ ဝတ်ဆင်ပါ

summer fashion

နွေရာသီအတွက် အသင့်တော်ဆုံး ဖက်ရှင်ကတော့ ဘောင်းဘီတို ဖက်ရှင်တွေပါပဲ။ ကမ်းခြေကိုပဲ သွားမလား၊ မြို့ထဲပဲ လမ်းလျှောက်ထွက်မလား၊ ရှော်တီလေးနဲ့ ချိန်းထားတဲ့နေရာပဲ သွားမလား။ နေရာတိုင်းနဲ့ လိုက်ဖက်ပါတယ်။ တစ်ခုရှိတာကတော့ ဘောင်းဘီတို ဝတ်မယ်ဆိုရင် နေလောင်ကာခရင်မ်ကိုလည်း ခြေသလုံးတွေမှာ သေချာ လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။

ချီနို ဘောင်းဘီတိုများကလည်း နွေရာသီအတွက် မရှိမဖြစ်ပါပဲ

ပူ ရှိုးထုတ်

ချီနို ဘောင်းဘီတိုများကလည်း ဖက်ရှင်ကျတဲ့ ဘောင်းဘီအမျိုးအစား တစ်ခုပါပဲ။ လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေအောင်၊ နွေရာသီမှာ ဖက်ရှင်ကျနေအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။​

Denim ဘောင်းဘီတိုများကိုလည်း ဝတ်ဆင်နိုင်ပါတယ်

ပူ ရှိုးထုတ်

ဂျင်းဘောင်းဘီ ဝတ်ချင်ပေမယ့် ပူအိုက်မှာကို ကြောက်နေရင်တော့ ဂျင်းဘောင်းဘီတိုလေးတွေကိုသာ သတိရလိုက်ပါ။ ဂျင်းဘောင်းဘီတိုများက ကွီးတို့ကို မိမိုက်နေစေပြီး ဖက်ရှင်ကျနေစေမှာ မယုံမရှိပါနဲ့။

ဘောင်းဘီရှည် ရွေးမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးရှိတဲ့ ဘောင်းဘီရှည်ကို ရွေးပါ

ပူ ရှိုးထုတ်

နွေရာသီမှာ ဘောင်းဘီရှည် ဝတ်လို့ မရတာတော့ မဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမဲ့ ကွီးတို့ ရွေးချယ်လိုက်တဲ့ ဘောင်းဘီရှည်က ကတ္တီပါသားကြီးလို ပိန်းပိတ်အောင် ထူတဲ့ ဘောင်းဘီအသားမျိုး မဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီရှည်မျိုးကိုသာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

အရောင်ဖျော့ ဖက်ရှင်များကို ဝတ်ဆင်ပါ

ပူ ရှိုးထုတ်

နွေရာသီဆိုရင်တော့ အရောင်ဖျော့ အဝတ်အစားတွေက အသင့်တော်ဆုံးပါပဲ။ အရောင်ရင့်တဲ့ အဝတ်အစားများက အပူစုပ်တတ်တဲ့အတွက်ကြောင့် နွေရာသီနဲ့ ဝတ်ဆင်ဖို့ရာ မသင့်တော်ပါဘူး။ ဒါ့ကြောင့် အရောင်ဖျော့ အင်္ကျီများ၊ ဖက်ရှင် အဝတ်အစားများကိုသာ သေချာ ရွေးချယ်သင့်ပါတယ်။

ကွီးတို့ရော နွေရာသီမှာ ဘယ်လိုမျိုး ပုံစံနဲ့ ရှိုးထုတ်ချင်ပါသလဲ။​

Source: Thefashionisto

Featured Image: French Crown