Loafers တွေက ဒီဘက်ခေတ် ဖက်ရှင်လိုက်စားတဲ့ အမျိုးသားတွေကြားမှာ တွင်တွင်ကျယ်ကျယ်စီးလာကြတဲ့ Footwear တစ်မျိုးပါ။ စမတ်ကျကျနဲ့ ဖက်ရှင်အဆင့်အတန်းတစ်ခုကို ပေါ်လွင်စေသလို သားနားခန့်ညားတဲ့ အသွင်အပြင်ကို ဖော်ဆောင်ပေးပါတယ်။ ပုံမှန် Sneakers တွေ ၊ Shoes တွေနဲ့ မတူပဲ ပွဲတက် ၊ ရုံးတက်ဖက်ရှင် အနေနဲ့သာမက ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ Off-Duty Outfit တွေနဲ့ပါ တွဲဝတ်လို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Loafers တွေကို အလန်းဆုံးဖြစ်အောင် ဘယ်လိုစီးရမလဲဆိုတဲ့ ကွီးတို့အတွက် ဖက်ရှင်အကြံပြုချက်လေးတွေ ပြောပြပေးချင်ပါတယ်။

(၁) Jeans နဲ့ တွဲဝတ်ပါ

Jeans

Photo : Dmarge

အမျိုးသားတွေရဲ့ Modern ဖက်ရှင်တွေထဲမှာ Loafers နဲ့ Jeans အတွဲအစပ်က မပါမဖြစ်ပါ။ ပေါ့ပါးလွတ်လပ်ပြီး ခေတ်ဆန်တဲ့ ဖက်ရှင်အသွင်အပြင်ကို ပြည့်ပြည့်ဝဝ ခံစားရစေမှာပါ။ Ripped ၊ Selvedge နဲ့ Washed Jeans အားလုံးနဲ့ တွဲဝတ်လို့ အဆင်ပြေပါတယ်။ သတိထားရမှာတစ်ခုက Baggy Jeans တွေနဲ့ ခြေမျက်စိဖုံးတဲ့အထိ အောက်ဖျားရှည်လွန်းတဲ့ Jeans တွေကိုတော့ ရှောင်ပါ။

(၂) Blazer နဲ့ တွဲဝတ်ပါ

Blazer

Photo : Dmarge

Smart Casual Dress Code အတွက်ဆို Loafers နဲ့ Blazer ပေါင်းစပ်မှုကတော့ ပြိုင်စံရှားပါပဲ။ အောက်က Jeans ၊ Trousers ၊ Chinos နှစ်သက်ရာနဲ့ တွဲဝတ်နိုင်ပါတယ်။ အရမ်းကြီး Formal မဆန်စေဖို့ Blazer မှာ Fitted T-shirt တွေနဲ့ တွဲဝတ်တာက ပိုပြီး အဆင်ပြေပါတယ်။ ရုံးတက်ပွဲတက် အခမ်းအနားတွေမှာ သားသားနားနားနဲ့ စမတ်ကျနေစေဖို့ဆိုရင် Loafers နဲ့ Blazer ဖက်ရှင်အတွဲအစပ်ကို ရွေးလိုက်ပါ။

(၃) Chinos နဲ့ တွဲဝတ်ပါ

Chinos

Photo : Dmarge

နွေရာသီညခင်းတွေ ၊ ညနေခင်း ပါတီပွဲတွေအတွက်တော့ Chinos နဲ့ Loafers ပေါင်းစပ်မှုက ကွက်တိပါပဲ။ အရောင်တွေအနေနဲ့ ယောကျာ်းလေး အားလုံးနီးပါးကြိုက်နှစ်သက်တဲ့ Blue ၊ Creme ၊ Khaki ရောင် Chinos တွေကို ရွေးချယ်နိုင်ပါတယ်။ အရောင်ပိုတောက်တဲ့ Trousers တွေနဲ့ကျတော့ မိုက်တယ်လို့ ထင်ရပေမယ့် Loafers အရောင်ရွေးရာမှာတော့ အကန့်အသတ်ပြန်ရှိသွားနိုင်ပါတယ်။ Chinos တွေကို Shirt ဒါမှမဟုတ် Polo Shirt တွေနဲ့ အထာကျကျ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၄) Shorts နဲ့ တွဲဝတ်ပါ

Shorts

Photo : Dmarge

အခုလို ပူအိုက်တဲ့ ရာသီအတွက် ဘောင်းဘီတိုနဲ့ Loafers အတွဲအစပ်က သေချာပေါက် ရွေးချယ်သင့်တဲ့ ဖက်ရှင်တစ်ခုပါ။ Polo ပါတီ ၊ Rooftop ပါတီတွေကနေ ခရီးသွားတဲ့အချိန်တွေအထိ Loafers နဲ့ Shorts ဖက်ရှင်ကို အထာကျကျ တွဲဝတ်နိုင်ပါတယ်။ ဘောင်းဘီတို ရွေးတဲ့အခါ အရမ်းတိုအရမ်းရှည်မနေစေဖို့ သတိပြုရပါမယ်။ ဒူးအထက်လောက် ရှိတယ်ဆိုရင် ရပါပြီ။ အင်္ကျီကို ဘောင်းဘီအတွင်းထဲ ထည့်ဝတ်ပြီး ခါးပတ်,ပတ်တာက ပိုပြီး သပ်ရပ်စတိုင်ကျတဲ့ အသွင်အပြင်ကို ရစေမှာပါ။

Featured Photo : Jhuti