ကျွန်တော်တို့ ယောကျာ်းလေး အများစုက ပေါက်ပေါက်ရှာရှာ နည်းပညာ ပစ္စည်းဆန်းလေးတွေ ဆိုရင် အင်မတန် စိတ်ဝင်စား ကြပါတယ်။ အချို့ဆို သပ်သပ်ကို ငွေကုန်ပြီး ပစ္စည်းဆန်းလေးကို သီးသန့် ဝယ်စုတဲ့အကျင့် ရှိကြတာပါ။ နည်းပညာ ခေတ်ကြီးထဲမှာ လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ အသစ်သစ်သော ပစ္စည်းဆန်းလေးတွေကလည်း တစ်ရက်ထက်တစ်ရက် ပိုထွက်လာ နေတာပါ။ ဒါကြောင့် ဒီတစ်ခေါက်တော့ ပေါက်ပေါက်ရှာရှာ နည်းပညာ ပစ္စည်းဆန်းတွေမှ စိတ်ဝင်စားတဲ့ ကွီးတို့အတွက် တကယ်ကိုပဲ ထူးခြားမိမိုက်နေတဲ့ အမိုက်စားလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Moorebot Scout – Tiny AI Powered Bot

Moorebot Scout – Tiny AI Powered Bot

Photo : Discover Cool Gadgets

ဒီနေ့ခေတ်လို မလုံခြုံတော့တဲ့ ခေတ်ကာလကြီးမှာ ကွီးတို့ အိမ်ရဲ့ လုံခြုံရေးအတွက် CCTV ကင်မရာတစ်လုံး တပ်ထားဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမယ့် ပုံမှန်ရိုးရိုး စောင့်ကြည့် ကင်မရာတွေက ပျင်းစရာ ဖြစ်နေရင်တော့ Moorebot Scout လို့ ခေါ်တဲ့ စက်ရုပ်ပုံငယ် စောင့်ကြည့် ကင်မရာလေးက ကွက်တိဖြစ်စေမှာပါ။ Moorebot Scout က ကွီးတို့ အပြင်ရောက်နေချိန် အိမ်ရဲ့ အနီးတစ်ဝိုက်ကို ရွေ့လျားစောင့်ကြည့် ပေးနေမှာပါ။ WiFi နဲ့ ချိတ်ဆက်ပြီး ဖုန်းထဲက App နဲ့ လှမ်းပြီး ထိန်းချုပ်လို့ရမှာ ဖြစ်ပါတယ်။ Google Home နဲ့ Alexa Voice Assistants တွေကိုလည်း သုံးနိုင်မှာဖြစ်ပြီး AI အသုံးပြု အမိုက်စား နည်းပညာ ပစ္စည်းဆန်း လေးတစ်ခု ဖြစ်ပါတယ်။

(၂) SuperTank Pro – Compact 100W PD Power Bank

SuperTank Pro – Compact 100W PD Power Bank

Photo : Discover Cool Gadgets

SuperTank Pro ကတော့ Zendure ရဲ့ SuperTank မျိုးဆက်တွေထဲက နောက်ဆုံးဗားရှင်း ဖြစ်ပါတယ်။ 100W USB-C နဲ့ 138W ပါဝင်တဲ့ High-Power 26,800mAh ဘက်ထရီသုံး Power Bank ပါ။ 16 inch MacBook Pro ၊ စမတ်ဖုန်း ၊ Game Consoles တွေနဲ့ Tablets တွေကို ကောင်းကောင်းကြီး အားသွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Devices ၄ ခုလောက်အထိ တစ်ပြိုင်နက်တည်း အားသွင်းနိုင်မှာ ဆိုတော့ လုံးဝရှယ်ပါပဲ။ ဒီဇိုင်းပိုင်း ကျစ်ကျစ်လစ်လစ်နဲ့ ဘက်ထရီ ပါဝင်မှုများတဲ့ SuperTank Pro Power Bank လေးက ကွီးတို့ရဲ့ နေ့စဉ်ဘဝမှာ လုံးဝအသုံးတည့်စေမှာ သေချာပါတယ်။

(၃) XGIMI MoGo Pro – Portable HD Projector

XGIMI MoGo Pro – Portable HD Projector
Photo : Discover Cool Gadgets

ရုံးသုံး ၊ ကျောင်းသုံး Projector ကောင်းကောင်းတစ်လုံး ရှာနေတယ်ဆိုရင်တော့ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ထူးခြားတဲ့ အမိုက်စား XGIMI MoGo Pro Portable HD Projector လေးကို ညွှန်းပေးချင်ပါတယ်။ ပေါ့ပါးကျစ်လစ်ပြီး သေသပ်လှပ Unique ဖြစ်တဲ့ ဒီဇိုင်းနဲ့ နောက်ဆုံးပေါ် နည်းပညာ သုံးထားတဲ့ XGIMI MoGo Pro မှာ စပီကာ ၊ USB Ports ၊ HDMI Input တွေအပြင် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ထုတ်ပေးတဲ့ အလန်းဆုံး Features တွေ ပါပါတယ်။ Android TV System ကိုလည်း Support ပေးထားသလို Chromecast ၊ Google Assistant Voice Control လုပ်ဆောင်ချက် တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) Cubii JR1 Under Desk Elliptical Machine

Cubii JR1 Under Desk Elliptical Machine

Photo : Discover Cool Gadgets

နေ့စဉ် အလုပ်တာဝန် ၊ မိသားစုတာဝန်ကြောင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့်အချိန် မပေးနိုင်သူတွေအတွက် Cubii JR1 Under Desk Elliptical Machine လေးက တော်တော်လေး အသုံးဝင် စေပါတယ်။ Cubii Seated Elliptical Machine လေးက အလုပ်စားပွဲမှာဖြစ်စေ ၊ အိမ်မှာထိုင်နေရင်းဖြစ်စေ အသုံးပြုလို့ ရမှာဖြစ်ပြီး စက်ဘီးနင်း လေ့ကျင့်ခန်းနည်းတူ အကျိုးသက်ရောက်မှု ရှိပါတယ်။ အရွယ်အစား ခပ်သေးသေး Compact / Portable ဒီဇိုင်းနဲ့ ဆူညံ့သံတွေမရှိပဲ အလုပ်ခွင် ဒါမှမဟုတ် အိမ်မှာပဲ ဖြစ်ဖြစ် လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်မှာပါ။

Featured Photo : Indiegogo