ခရီးသွားတဲ့အခါမှာ ကိုယ်သွားရောက်လည်ပတ်တဲ့ နေရာဒေသရဲ့ ရင်သပ်ရှုမောဖွယ် အလှအပတွေ ၊ ကွီးတို့ရဲ့ အမှတ်တရ ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်ဖို့ ကင်မရာလေး တစ်လုံးကတော့ မပါမဖြစ်ပါပဲ။ ခရီးသွားတဲ့ နေရာမှာ သယ်ဆောင်သွားဖို့ကတော့ ကင်မရာ အကြီးစားတွေထက် ပေါ့ပေါ့ပါးပါး ကင်မရာ တွေက ပိုအဆင်ပြေပါတယ်။ ကွီးတို့ ခရီးသွားတဲ့အခါ လွယ်လွယ်ကူကူ သယ်ဆောင်သွားနိုင်မဲ့ ပေါ့ပါးကျစ်လစ်တဲ့ ကင်မရာ များကို ဖော်ပြပေးချင်ပါတယ်။
Olympus OM-D E-M10 Mark IV

Photo : Camera Jabber
ခရီးသွားရင် သယ်ဆောင်ရလွယ်ကူတဲ့ ပေါ့ပါးကျစ်လစ်တဲ့ ကင်မရာ တစ်ခုကို ပြောပါဆိုလျှင် Olympus OM-D E-M10 Mark IV ကတော့ အကောင်းဆုံးရွေးချယ်စရာ တစ်ခုပါပဲ။ သူ့ရဲ့ အလေးချိန်က ၃၈၃ ဂရမ် ရှိပါတယ်။ သူ့ရဲ့ Megapixels အနေနဲ့ကတော့ 20.3MP ပါရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ 20MP Sensor ပါရှိပြီး ဆန်းကြယ်ပြီး တိကျသော Autofocus ပါရှိတာကြောင့် ဓာတ်ပုံဝါသနာရှင် ကွီးတို့ အကြိုက်တွေ့စေမှာပါ။
Nikon Z fc

Photo : Smartprix
Nikon Z fc ရဲ့ Megapixels ကတော့ 20.9 MP ပါရှိပြီး သူ့ရဲ့ အလေးချိန်ကတော့ ၃၉၀ ဂရမ်ဖြစ်ပါတယ်။ သူရဲ့ လေးနက်တဲ့ ခေတ်ဟောင်း စတိုင်လ်ပုံစံကတော့ တကယ်ကိုဆွဲဆောင်မှု ရှိစေပါတယ်။ ရုပ်ထွက်အား ကောင်းမွန်ပြီး သူ့ရဲ့ ဖွဲ့စည်းပုံကလည်း ခရီးသွားတဲ့အခါ သယ်ဆောင်သွားဖို့ အဆင်ပြေပါတယ်။ အခုမှ ဓာတ်ပုံပညာကို စတင်လေ့လာမဲ့ ကွီးတို့အတွက်လည်း ရွေးချယ်သင့်တဲ့ ကင်မရာတစ်လုံးပါ။
Fujifilm X-S10

Photo : ePHOTOzine
Fujifilm X-S10 ရဲ့ အလေးချိန်က ၄၆၅ ဂရမ်ရှိပေမဲ့ အရွယ်အစားကတော့ သေးငယ်တဲ့အတွက် ခရီးသွားတဲ့အခါ ကင်မရာ သေးသေးကိုပဲ သယ်ဆောင်သွားချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ သူ့ရဲ့ Megapixels ကတော့ 26.1MP ပါရှိပါတယ်။ အရွယ်အစားသေးငယ်ပြီး အရည်အသွေးကောင်းမွန်သော တည်ဆောက်မှုတို့ကြောင့် ရွေးချယ်စရာ အကောင်းဆုံးထဲက တစ်ခု ဖြစ်ပါတယ်။
Panasonic Lumix G100

Photo : Space.com
ကွီးတို့အတွက် ခရီးသွားတဲ့အခါမှာ သယ်ဆောင်သွားလို့ အဆင်ပြေတဲ့ ပေါ့ပါးကျစ်လစ်တဲ့ ကင်မရာ တစ်ခုကတော့ Panasonic Lumix G100 ပဲဖြစ်ပါတယ်။ သူ့ရဲ့ Megapixels ကတော့ 20.3 MP ပါရှိပါတယ်။ အလေးချိန်ကတော့ ၃၀၃ ဂရမ်ပဲ ရှိတဲ့အတွက် တော်တော်လေး ပေါ့တယ်လို့ ဆိုလို့ရပါတယ်။ ဒီ ကင်မရာက အရည်အသွေးကောင်းတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများကို ရိုက်ကူးနိုင်သည်သာမက ကောင်းမွန်တဲ့ အသံဖမ်းစွမ်းရည်လည်း ပါဝင်ပါတယ်။
Sony ZV-E10

Photo : Which.co.uk
နောက်ထပ်ဖော်ပြပေးချင်တဲ့ ကင်မရာ ကတော့ Sony ZV-E10 ပါ။ သူ့ရဲ့ Megapixels ကတော့ 24.2MP ဖြစ်ပါတယ်။ ၎င်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ရိုးရှင်တဲ့ဒီဇိုင်းက ကွီးတို့လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ အလေးချိန်ကတော့ ၃၆၄ ဂရမ်ရှိပါတယ်။ နောက်ပြီး သူ့မှာ ပါဝင်တဲ့ Autofocus Features တွေနဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်တဲ့အတွက် ရွေးချယ်စရာတွေထဲကတစ်ခုပါ။
Source : Digital Camera World
Featured Photo : Fujifilm
