ကွီးတို့တို့လို လူငယ်တွေက ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ စတိုင်လ်ကို အလေးထားကြတယ် မဟုတ်ပါလား။ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအရ လူတော်တော်များများက ကိုယ်နဲ့လိုက်ဖက်တဲ့ပုံစံနဲ့ စတိုင်လ်ကို ရှာတွေ့ဖို့ မခက်ခဲပါဘူး။ ဒါ့အပြင် လူငယ်တွေက ပေါ့ပါးလွတ်လပ်မှုကို အလေးထားရွေးချယ်ကြပါတယ်။ ဒီနေ့မှာတော့ ပေါ့ပါးလွတ်လပ်ပြီး အထာကျကျ ‌ဂေါ်ချင်တဲ့ ကွီးတို့အတွက် ဖက်ရှင် အိုင်ဒီယာကောင်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

တီရှပ်နဲ့ ဂျင်းဘောင်းဘီ

ပေါ့ပါးလွတ်လပ်ပြီး အထာကျကျ

Photo : Pinterest

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တာကတော့ စွယ်စုံရတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်တွေကို တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ ဂျင်းဘောင်းဘီတွေက ဘယ်လိုအရောင်မျိုးနဲ့မဆို လိုက်ဖက်ပြီး အထာကျဖို့ဆို နံပါတ် (၁) ပါပဲ။ ကွီးတို့အနေနဲ့ တီရှပ်တွေကို ကိုယ်ကြပ်လည်း ဝတ်ဆင်နိုင်သလို၊ အနည်းငယ်ပွတာနဲ့လည်း ဝတ်ဆင်နိုင်ပါတယ်။ ကွီးတို့ကို သက်တောင့်သက်သာနဲ့ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

တီရှပ်နဲ့ Chino ဘောင်းဘီ

ပေါ့ပါးလွတ်လပ်ပြီး အထာကျကျ

Photo : elevate

နောက်ထပ် အိုင်ဒီယာတစ်မျိုးကတော့ တီရှပ်နဲ့ Chino ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ ကွီးတို့ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ အပြင် တီရှပ်ကို မြှပ်ပြီး ဝတ်ဆင်ခြင်းက သပ်ရပ်တဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဘော်ဒါတွေနဲ့ ပေါ့ပေါ့ပါးပါး Hangout လုပ်မယ်ဆိုရင်လည်း အဆင်ပြေပြီး ပေါ့ပါးတဲ့ စတိုင်လ်ပါပဲ။

Hoodies

ပေါ့ပါးလွတ်လပ်ပြီး အထာကျကျ

Photo : Garmentory

ကွီးတို့ရေ အခုလို မိုးရာသီနဲ့ မကြာမီရောက်လာမယ့် ဆောင်းရာသီက Hoodies တွေ ဝတ်ပြီး  ရှိုးထုတ်လို့ အကောင်းဆုံး အချိန်ပါပဲ။ Hoodies တွေက အထာကျပြီး လူငယ်ဆန်တဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ Street Style ဖက်ရှင်အတွက်လည်း Hoodies တွေကို ရွေးချယ်နိုင်ပါတယ်။

ရှပ်အင်္ကျီနဲ့ ဘောင်းဘီ

ပေါ့ပါးလွတ်လပ်ပြီး အထာကျကျ

Photo : Pinterest

ကွီးတို့ရေ ပေါ့ပေါ့ပါးပါးလည်း ဝတ်ချင်တယ်၊ အထာကျအောင် ဘယ်လိုဝတ်ရမလဲ မသိဘူးဆိုရင် အရမ်းမစဉ်းစားပါနဲ့။ ကွီးတို့မှာရှိတဲ့ ရှပ်အင်္ကျီ တစ်ထည်ကို ‌အောက်က ဂျင်းဘောင်းဘီဖြစ်စေ၊ Chinos ဘောင်းဘီဖြစ်စေ၊ ဘောင်းဘီတိုနဲ့ ဖြစ်စေ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ပေါ့ပါးတဲ့ပုံစံပေါက်နေစေဖို့ အင်္ကျီကို အပြင်ထုတ်ဝတ်ပါ။ အပေါ်ကြယ်သီးကိုလည်း နှစ်လုံးလောက် ဖြုတ်ထားနိုင်ပါတယ်။

Tee နဲ့ ရှပ်အင်္ကျီ

Photo : Tee Navi

အောက်က Tee ကို ဝတ်ဆင်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလက်တိုဖြစ်စေ၊ လက်ရှည်ကိုဖြစ်စေ ထပ်ပြီး ဝတ်ဆင်ခြင်းက ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်စေပါတယ်။ ဘောင်းဘီကိုတော့ ဂျင်းဘောင်းဘီကို ဖြစ်ဖြစ်၊ Chinos ဘောင်းဘီကို ဖြစ်ဖြစ် ဝတ်ဆင်လို့ရပါတယ်။

ရှပ်အင်္ကျီနဲ့ ဘောင်းဘီအပွ

Photo : John

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ လွတ်လပ်ပေါ့ပါးပြီး အထာကျကျ ဂေါ်ချင်တဲ့ ကွီးတို့အတွက် နောက်ထပ် Street Style ဖက်ရှင်တစ်မျိုးကတော့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီအပွကို ဝတ်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ဝတ်ဆင်တာက ရိုးရှင်းပေမယ့် စတိုင်လ်ကျမှုကို ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ချည်သားဘောင်းဘီကို ဖြစ်စေ၊ Chino ဘောင်းဘီကို ဖြစ်စေ အနည်းငယ်ပွတာကို ဝတ်ဆင်နိုင်ပါတယ်။

ဂျင်းဂျက်ကတ်နဲ့ ဂျင်းဘောင်းဘီ

Photo : Daily Times

တော်တော်များများက အပေါ်အောက် ဂျင်းဝမ်းဆက်ကို ဝတ်ဆင်ရမှာ တွန့်ဆုတ်တတ်ကြပါတယ်။ တကယ်တော့ ဝတ်တတ်ရင် တကယ်ကို အံ့သြလောက်စရာ လိုက်ဖက်နေတာကို တွေ့ရမှာပါ။ ပြီးတော့ အခုလို မိုးအေးအေးလေးမှာ ဂျင်းဂျက်ကတ်တွေဝတ်ဆင်ဖို့ အချိန်ကောင်းပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ ဝတ်ဆင်လို့ရတဲ့ Street Style ဖက်ရှင်အိုင်ဒီယာကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့စိတ်ကူးနဲ့ ပေါင်းစပ်ပြီး ပိုမိမိုက်အောင် ဖန်တီး ဝတ်ဆင်နိုင်ဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Store