ဒီနေ့ခေတ်မှာ လူတွေဟာ ကော်ဖီဆိုင်တွေ ၊ Library တွေနဲ့ အခြား Public နေရာတချို့မှာပါ စာလေ့လာတာ၊ အလုပ်လုပ်တာနဲ့ အသေးစား Meeting လေးတွေကို လုပ်လာကြပါတယ်။ ဒါကြောင့် ကွီးတို့လို လူငယ်တွေအပါအဝင် လူတော်တော်များများက သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတဲ့ Laptop အသေးစားလေးတွေကို ပိုသဘောကျလာကြပါတယ်။ ဒါကြောင့် ကွီးတို့ကို သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတဲ့ ၂၀၂၂ အတွက် အကောင်းဆုံး Small Laptops အချို့ ကိုဖော်ပြပေးချင်ပါတယ်။

Dell XPS 13

computers

Photo : XDA Develpers

Dell XPS 13 ကတော့ သူ့ရဲ့ ကျစ်လစ်တဲ့ ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ အရွယ်အစားအရ သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတဲ့ Small Laptops တွေထဲမှာ အကောင်းဆုံးထဲက ထည့်သွင်းရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Battery သက်တမ်းက ၁၄ နာရီထိ ရှိပြီး ၁၃.၄ လက်မ အကျယ်ရှိသော InfinityEdge Touchscreen နဲ့အတူ Intel HD Graphics လည်းပါရှိပါတယ်။ ထို့အပြင် 11th Generation InteI Core i3 Processor နဲ့အတူ  RAM က 8GB ပါရှိပါတယ်။ Dell XPS 13 ရဲ့ အလေးချိန်က ၂.၈ ပေါင်ထက်နည်းသောကြောင့် တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူစေမှာပါ။

LG GRAM 16

ပေါ့ပါးလွယ်ကူတဲ့ Small Laptops

Photo : CNET

ပုံမှန် အားဖြင့် LG GRAM ရဲ့ မျက်နှာပြင် အကျယ်က ၁၆ လက်မ ရှိတာကြောင့် Small Laptops ထဲက ရွေးချယ်စရာတစ်ခုလို့ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ အလေးချိန်အားဖြင့် ၂.၆၂ ပေါင်သာရှိပြီး အထူကလည်း ၀.၆၆ လက်မသာရှိသောကြောင့် တကယ်ပေါ့ပါးရုံသာမက မယုံနိုင်လောက်အောင် ပါးလွှာပြီး သယ်ဆောင်ရလွယ်ကူတဲ့ ဒီဇိုင်းထုတ်ထားသောကြောင့် ရွေးချယ်သင့်တဲ့ Small Laptop တစ်ခုအနေနဲ့ ပါ၀င် လာပါတယ် ။ LG GRAM 16 ဟာ1th Gen Intel Core i7 quad-core Processor ဖြစ်ပြီး RAM ကလည်း 16 GB ပါရှိပါတယ်။ ကဲ ကွီးတို့ရေ ကွီးတို့ရဲ့ ကျောပိုးအိတ်က ၁၆ လက်မ ရှိတဲ့ Laptop တစ်လုံး ဆန့်မယ်ဆိုရင် ဒီအမျိုးအစားက ရွေးချယ်သင့်ပါတယ်နော်။

Lenovo ThinkPad X1 CARON

ပေါ့ပါးလွယ်ကူတဲ့ Small Laptops

Photo : ItsGadget

ကွီးတို့ အတွက် သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတဲ့ အကောင်းဆုံး Small Laptops တွေထဲက နောက်တစ်ခုကတော့ Lenovo ThinkPad X1 CARON ဖြစ်ပါတယ်။ ဒီ Mini Laptop လေးက အလေးချိန် ၂.၄ ပေါင်သာရှိပါတယ်။ အခြေခံအားဖြင့် RAM 8 GB ပါရှိပြီး SSD Storage ကတော့ 512 GB ထိပါနိုင်ပါတယ်။ ဒါကြောင့် ဒီ Mini Laptop က ကျောင်း သို့မဟုတ် အလုပ်အတွက် လုံလောက်သည်ထက်ပိုပါတယ်။ ထို့အပြင် လိုအပ်ပါက Storage ကို 16GB နဲ့ 1TB အထိ ထပ်မြှင့်လိုရပါတယ်။ ပေါ့ပါးပြီး လှပတဲ့ အနက်ရောင် ကိုယ်ထည်က ကွီးတို့ ယောကျာ်းလေးတွေ အကြိုက်တွေ့စေမှာပါ။

အခုဖော်ပြပေးလိုက်တာ ကတော့ သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတဲ့ ၂၀၂၂ အတွက် အကောင်းဆုံး Small Laptops များ ထဲက အချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Small Laptop လေးဝယ်တော့မယ်ဆိုရင် အခုဖော်ပြပေးလိုက်တဲ့ Laptops တွေကလည်း ရွေးချယ်စရာ အနေနဲ့ အထောက်အကူပြုမှာပါ။

Source : SPY

Featured Photo : CNET