ပေါ်တူဂီအသင်းနဲ့ ဆလိုဗက်ကီးယားအသင်းတို့ရဲ့ ယူရို-၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်ကြောင့် ကွီးတွေ ညိုကီတွေ မနေ့က အိပ်ရေးပိုပျက်လိုက်ရမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် ပထမဆုံး ပင်နယ်တီ အဆုံးအဖြတ်အထိ ခံယူခဲ့ရတဲ့ပွဲ ဖြစ်ခဲ့လို့ပါပဲ။ ဒါပေမယ့်လည်း ပင်နယ်တီ အဆုံးအဖြတ်က သူတစ်ပြန်ကိုယ်တစ်ပြန် မကြည့်လိုက်ရပဲ ပေါ်တူဂီ ဂိုးသမား ကော်စတာ ရဲ့ အံ့မခန်း လက်စွမ်းတွေကြောင့် ပေါ်တူဂီက ကွာတားကို တက်လှမ်းသွားရပါတယ်။

cr7 vs slovenia

Photo Credit: Sportsnet

ပေါ်တူဂီက ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ နောက်ဆုံးအုပ်စုမှာ တူရကီ ဂျော်ဂျီယာ ချက်တို့နဲ့ အတူကျရောက်ခဲ့ပြီးတော့ ချက်နဲ့ တူရတီကို အနိုင်ယူပြီး အုပ်စုနောက်ဆုံးပွဲမှာ ဂျော်ဂျီယာကို ရှုံးခဲ့ရတယ်။ ဒါပေမယ့် အုပ်စုဗိုလ်နဲ့ပဲ ရှုံးထွက်တက်ခဲ့တဲ့ ပေါ်တူဂီက အင်္ဂလန်တို့ အုပ်စုမှာ တတိယနေရာနဲ့ ရှုံးထွက်တက်လာတဲ့ ဆလိုဗေးနီးယားနဲ့ တွေ့ဆုံခဲ့ရပါတယ်။

ronaldo missed penalty

Photo Credit: Ben Jacobs

တကယ်တော့ ပေါ်တူဂီ မှာက ရော်နယ်လ်ဒိုလို GOAT ကြီးအပြင် ဖာနန်ဒက်စ် ၊ ဘာနာဒို ဆေးလ်ဗား ၊ လီယာအို ၊ ကန်ဆယ်လို ၊ ရူဘင် ဒီးယက်စ်တို့လို ထိပ်တန်း ကစားသမားတွေနဲ့ စုဖွဲ့ထားတာဖြစ်လို့ ဒီယူရိုမှာ ချန်ပီယံဖြစ်လာမယ်ဆိုပြီး ရေပန်းစားခဲ့တာ ဖြစ်ပေမယ့်လည်း အုပ်စုတွင်းကနေ ရှုံးထွက်အထိ ပေါ်တူဂီရဲ့ ခြေစွမ်းပိုင်းတွေဟာ အားရစရာ အနေအထားမှာ ရှိမနေသေးပဲ ဆလိုဗေးနီးယားပွဲမှာလည်း ရုန်းကန်ခဲ့ရပါသေးတယ်။

diogo costa saved penalty

Photo Credit: Ben Jacobs

ပေါ်တူဂီနဲ့အတူ ရော်နယ်လ်ဒိုကလည်း အုပ်စုပွဲတွေထဲ ဂိုးမသွင်းနိုင်သေးလို့ ဆလိုဗေးနီးယားနဲ့ပွဲမှာ ဂိုးရလိုဇောတွေ များနေခဲ့ပြီး အဲ့ဒီဖိအားဒဏ်တွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ သာမန်ပွဲချိန် မိနစ်(၉၀)အတွင်း ဂိုးမရှိသရေဖြစ်လို့ အချိန်ပို နာရီဝက် ဆက်ကစားချိန် ပေါ်တူဂီတို့ ပင်နယ်တီကန်ခွင့် ရရှိချိန်မှာလည်း ရော်နယ်လ်ဒိုက ဒီပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ပိုပြီး ဖိအားဝင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရချိန်မှာတော့ ပေါ်တူဂီ ဂိုးသမား ဒီယိုဂို ကော်စတာက ဆလိုဗေးနီးယားရဲ့ ပင်နယ်တီ (၃)ကြိမ်လုံးကို အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့လို့ ပေါ်တူဂီက ပင်နယ်တီမှာ (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရင်း ပြင်သစ်နဲ့ ကွာတားမှာ တွေ့ဆုံရပါတော့မယ်။

Featured Photo: Ben Jacobs