ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားသည် ဘောလုံးအားကစား ဖြစ်ပါတယ်။ ဘောလုံးပွဲဆိုလျှင် မလွတ်တမ်းကြည့်ရှု့တဲ့ ဘောလုံးဝါသနာရှင်များသည်လည်း အများအပြားရှိပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားများသည်လည်း အများအပြားရှိသလိုပဲ ပေါ်ပြူလာ ဖြစ်တဲ့ နာမည်ရ ဘောလုံးအသင်း တွေကလည်း အများအပြားပါပဲ။
ထိုအထဲကမှ လူကြိုက်အများဆုံးနှင့် ပေါ်ပြူလာ အဖြစ်ဆုံး ဘောလုံးအသင်း များကို ဘောလုံးချစ်သူများအတွက် စုစည်းတင်ဆက်ပေးချင်ပါတယ်။
ဒီအချက်အလက်များသည် ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ အင်စတာဂရမ်၊ ဖေ့ဘွတ်ခ်၊ တွစ်တာ၊ ဘောလုံးပွဲ ကြည့်ရှု့သူဦးရေ၊ စပွန်ဆာပေးမှုနှုန်းတို့ပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။
(၁) Real Madrid
နံပါတ် (၁) နေရာမှာ ရပ်တည်နေတာကတော့ Real Madrid အသင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါ်ပြူလာ အဖြစ်ဆုံး ဘောလုံးအသင်း တစ်ခုဖြစ်တဲ့ Real Madrid အသင်းမှာဆိုရင် အင်စတာဂရမ်ဖော်လိုဝါပေါင်း ၁၁၂ မီလီယံ၊ ဖေ့ဘွတ်ဖော်လိုဝါပေါင်း ၁၁၄ မီလီယံ၊ တွစ်တာတွင် ၃၈.၄ မီလီယံနှင့် YouTube မှာတော့ Subscribers ၈.၃၄ မီလီယံခန့် ရှိပါတယ်။ စပွန်ဆာသဘောတူညီချက်အရတော့ Adidas က ယူရို ၁၄၀ မီလီယံ စပွန်ဆာပေးထားပြီး ၁၀ နှစ်စာ စာချုပ် ချုပ်ထားတာ ဖြစ်ပါတယ်။ တီရှပ်အတွက်တော့ Fly Emirates က စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။
(၂) Barcelona
ဒုတိယ ပေါ်ပြူလာ အဖြစ်ဆုံး ဘောလုံးအသင်း ကတော့ Barcelona ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိုအသင်းတွင် ဆုတံဆိပ်ပေါင်း များစွာရရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့ Messi သည်လည်း တစ်ချိန်တစ်ခါက ထိုအသင်းမှာ အတောက်ပဆုံး ကစားသမားအဖြစ် ကစားခဲ့ဖူးပါတယ်။
(၃) Manchester United
Manchester United အသင်းသည် အင်္ဂလန်နိုင်ငံရဲ့ နာမည်အကြီးဆုံး အသင်းဖြစ်ပြီး ဘောလုံးပရိသတ်တော်တော်များများရဲ့ အားပေးခြင်းကို ခံရတဲ့ အသင်းတစ်သင်းပါ။ သူ့အင်စတာဂရမ်ဖော်လိုဝါအားဖြင့် ၅၉.၄ မီလီယံ ၊ ဖေ့ဘွတ်ခ် ၇၇ မီလီယံ၊ တွစ်တာ ၃၂.၁ မီလီယံ စသည်ဖြင့် အသီးသီး ရှိကြပါတယ်။
(၄) Juventus
အီတလီအသင်းတစ်ခုဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးပိုင်ဆိုင်ထားတဲ့အသင်းတစ်ခုဆိုလည်း မမှားပါဘူး။ စပွန်ဆာ သဘောတူညီချက်အရတော့ Adidas သည် ၂၆ မီလီယံ စပွန်ဆာ ပေးထားတာဖြစ်ပါတယ်။
(၅) Cheslea
နံပါတ် (၅) နေရာမှာ ရပ်တည်နေတဲ့ ဘောလုံးအသင်းကတော့ Chelsea ဖြစ်ပါတယ်။ သူသည် ၂၀၂၀-၂၀၂၁ တုန်းက UEFA ချန်ပီယံလိဂ်ရဲ့ အနိုင်ရအသင်း ဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ မန်စီးတီးနှင့် ချယ်စီးတို့ ကစားကြရာဝယ် ချယ်စီးက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
(၆) Paris-Saint-German
PSG လို့ အတိုကောက်ခေါ်ကြတဲ့ ဘောလုံးအသင်းကတော့ ပြင်သစ် ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Neymar သည် ဘာစီလိုနာအသင်းကနေ ထွက်ပြီး PSG တွင် ဝင်ရောက်ဆော့ကစားခဲ့တာဖြစ်ပါတယ်။ ကမ်းလှမ်းချက်ကလည်း တော်တော်လေးကို ဈေးကြီးခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ Kylian Mbappe ကိုလည်း ခေါ်ယူခဲ့ပါသေးတယ်။
(၇) Bayern Munich
နံပါတ် (၇) နေရာမှာ ရပ်တည်နေတာကတော့ Bayern Munich အသင်းဖြစ်ပါတယ်။ သူ့ရဲ့ ဖေ့ဘွတ်ခ် ဖော်လိုဝါများသည်လည်း မနှစ်ကစပြီး တဖြည်းဖြည်း များပြားလာတာဖြစ်ပါတယ်။
(၈) Arsenal
ဘောလုံးလောကမှာ အာဆင်နယ်လို့ ပြောလိုက်ရင် မသိသူမရှိရအောင် နာမည်ကြီးတဲ့အသင်း ဖြစ်ပါတယ်။ FA Cup ဆုတံဆိပ်ပေါင်း ၁၄ ဆုခန့် ရရှိခဲ့တဲ့အသင်းတစ်ခုပါ။ သူ့ရဲ့အဓိက စပွန်ဆာကတော့ Adidas ဖြစ်ပြီး ယူရို ၃၀၀ မီလီယံခန့် စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။
(၉) Liverpool
နောက်ထပ် အင်္ဂလိပ် ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းဖြစ်ပါတယ်။ သူသည်လည်း ဆုတံဆိပ်များ အများအပြားရရှိထားတဲ့အသင်းတစ်ခုဖြစ်ပြီး ဘောလုံးပရိသတ်များရဲ့ အသည်းစွဲအသင်းတစ်ခုပါ။
(၁၀) Manchester City
နံပါတ် (၁၀) နေရာမှာ ရပ်တည်နေတာကတော့ မန်စီးတီးအသင်း ဖြစ်ပါတယ်။ စပွန်ဆာပိုင်းကိုတော့ Puma က စပွန်ဆာပေးထားပြီး ၁၀ နှစ်စာ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်ဖော်လိုဝါပေါင်း ၃၃.၇ မီလီယံခန့်ရှိပြီး ဖေ့ဘွတ်ခ်မှာတော့ ၄၃ မီလီယံရှိပါတယ်။
ကွီးတို့လည်း ကိုယ့်အကြိုက်ဆုံး ဘောလုံးအသင်းရဲ့ Official Page ကို သွားရောက်ကာ ဖောလိုးလုပ်ထားပြီး ဖော်လိုဝါတက်အောင် ပြုလုပ်ဖို့ မမေ့နဲ့ဦးနော်။
Source: Sportsunfold
Featured Image: Goal