ကျန်းမာပြီး Fit ဖြစ်တဲ့ ဘော်ဒီကို ရဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တွေကတော့ မှန်မှန်လေး လုပ်နေရမှာပါပဲ။ ဒါပေမယ့် နေ့တိုင်းတူညီတဲ့ လေ့ကျင့်ခန်းတွေကို တောက်လျောက်လုပ်ရတဲ့အခါ ငြီးငွေ့လာတက်တဲ့ သဘောရှိပါတယ်။ ဒီလိုမဖြစ်ရအောင် ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုကို တိုးစေရုံမက ပျော်စရာလည်းကောင်းတဲ့ အားကစားနည်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကစ်ဘောက်ဆင်

Kickboxing

Photo : OhMyFacts

Fit ဖြစ်ရုံတင်မကပဲ Self-Defense အနေနဲ့ပါ တက်ထားချင်ရင်တော့ ကစ်ဘောက်ဆင် လေ့ကျင့်ခန်း ကစားသင့်ပါတယ်။ ကစ်ဘောက်ဆင်ဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သား အစိတ်အပိုင်းတွေအားလုံးကို ကျစ်လစ်သန်မာစေပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေတဲ့ Cardio လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ဖိစီးမှုတွေကို သက်သာစေတဲ့အပြင် ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ များများထုတ်လွှတ်စေတဲ့အတွက် ပေါ့ပါးလန်းဆန်းတဲ့ စိတ်ခံစားချက်တွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

(၂) တောင်တက်

Indoor Rock Climbing

Photo : Vertical Rock Climbing & Fitness Center

ကွီးတို့ ဝေးလံတဲ့ ဒေသတွေဆီ ခရီးထွက်ပြီး တောင်တက်စရာ မလိုပါဘူး။ ပျော်စရာကောင်းပြီး ကျန်းမာကြံ့ခိုင်မှုကို တိုးစေမယ့် Indoor Rock Climbing ကစားနည်းကို ရွေးချယ်နိုင်ပါတယ်။ Rock Climbing ကစားနည်းဟာ စွန့်စွန့်စာစား လှုပ်ရှားမှုတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့စေမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုအပြည့်နဲ့ ကစားရတာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို တိုးတက်စေမယ့် စိတ်ဝင်စားဖို့အကောင်းဆုံး အားကစားနည်း တွေထဲကတစ်ခု ဖြစ်ပါတယ်။

(၃) ဂျူဂျစ်စု

 Brazilian Jiu-Jitsu
Photo : Gracie Barra Salt Lake City

Mixed Martial Arts ကို စိတ်ဝင်စားတယ် ၊ ကိုယ်ခံပညာရပ် တစ်ခုကိုလည်း သင်ယူချင်တယ်ဆိုရင် ဂျူဂျစ်စု ကစားနည်းဟာ ရွေးချယ်စရာ တစ်ခုပါပဲ။ ဂျူဂျစ်စု ကစားနည်းဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ရှည်သည်းခံမှုတို့ကို အခြေခံပြီး ကစားရတဲ့ အားကစားတစ်ခုဖြစ်သလို နည်းစနစ်ပိုင်း ကျွင်းကျင်မှုနဲ့ ချုပ်ကွက်ရုန်းကွက်တွေကို သေချာစဉ်းစားပြီး ဗျူဟာကျကျ ကစားရတာ ဖြစ်ပါတယ်။ ဒီကစားနည်းဟာ စိတ်ဝင်စားဖို့ကောင်းသလို ပျော်စရာလည်းကောင်းပြီး အမျိုးသား အမျိုးသမီးမရွေး ကိုယ်ခံပညာ တစ်ခုအနေနဲ့ တက်မြောက်ထားသင့်တဲ့ အားကစားတစ်ခုပဲ ဖြစ်ပါတယ်။

(၄) ရေငုပ်

Free Diving
Photo : SSI

ရေငုပ်ခြင်းကတော့ ပုံမှန် လေ့ကျင့်ခန်း တွေ၊ အားကစားနည်းတွေနဲ့ လုံးဝကို ကွဲပြားပါတယ်။ ပင်လယ်နဲ့ နီးတဲ့သူတွေ ဒါမှမဟုတ် ကမ်းခြေကို အလည်သွားရောက်တဲ့အခါ စမ်းကြည့်သင့်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ရေငုပ်တာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်သလိုအာရုံစူးစိုက်မှုကို အားကောင်းစေပြီး အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေ ၊ ကြွက်သား အဆစ်အမြစ်တွေရဲ့ လှုပ်ရှားတွေကို ပိုမိုကောင်းမွန်စေကာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုရရှိစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရေအောက်ကမ္ဘာရဲ့ ထူးခြားတဲ့ မြင်ကွင်းတွေကိုလည်း စူးစမ်းလေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : Pexels