တစ်ခါတစ်ကျရင် ကိုယ်ပုံမှန်လုပ်ရမဲ့ အလုပ်တွေ၊ လုပ်ငန်းဆောင်တာတွေကို မလုပ်ချင်ဘဲ ပျင်းရိနေတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါက ပြဿနာတော့ မဟုတ်ပါဘူး။ လူတော်တော် များများက အနည်းဆုံး တချို့အချိန်တွေမှာ ပျင်းရိတတ်ပါတယ်။ စိတ်မပူပါနဲ ဒါဟာလူ့သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်လုပ်ရမဲ့ အလုပ်တွေ၊ တာဝန်ဝတ္တရားတွေကိုလုပ်ဖို့ အကြောင်းပြချက်မရှိ ပျင်းရိနေတာမျိုးဆိုရင်တော့ ပြင်ဖို့လိုအပ်နေပါပြီ။ ပျင်းရိနေတတ်ပြီး အချိန်ဆွဲတတ်တဲ့သူတွေဟာ ၎င်းတို့ရဲ့ဘဝမှာ ရည်မှန်းချက်တွေ၊ တိုးတတ်အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့ ဘဝမှာ အောင်မြင်ပျော်ရွှင်မှုကို လိုချင်ရင် ပျင်းရိနေလို့ မရပါဘူး။ ဒီနေ့မှာတော့ ကွီးတို့အတွက် ပျင်းရိခြင်းကို တွန်းလှန် နိုင်မဲ့ နည်းလမ်းကောင်းများ ကိုဝေမျှပေးချင်ပါတယ်။

(၁) နေ့စဉ် ဘဝကို ပြောင်းလဲပါ

ပျင်းရိခြင်းကို တွန်းလှန်

Photo : Verywell Health

ပျင်းရိခြင်းကို တွန်းလှန် နိုင်ဖို့ ဆိုရင် ပထမဆုံးအနေနဲ့ ကွီးတို့ရဲ့ နေ့စဉ်ဘဝကို အနည်းငယ်ပြောင်းလဲလိုက်ပါ။ ကွီးတို့ရဲ့ တူညီတဲ့ အခြေအနေများနဲ့ နေစဉ်ဘဝလည်ပတ်မှုက ကွီးတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပျင်းရိပြီး စိတ်အားတက်ကြွမှုတွေကို လျော့နည်းစေပြီး ပျင်းရိတတ်ပါတယ်။ ဒါကြောင့် ကွီးတို့က နေ့စဉ်ပုံမှန်လည်ပတ်နေတဲ့ ဘဝကို ပြောင်းလဲပါ။ ပတ်ဝန်းကျင်အသစ်၊ လူအသစ်တွေနဲ့ ပြောင်းလဲလုပ်ကိုင်ဖို့ စဉ်းစားကြည့်ပါ။ ဒီလိုမျိုးအလွယ်တကူပြောင်းလဲဖို့ မလွယ်ဘူးဆို ကွီးတို့အနေနဲ့ မနက်ကိုပုံမှန်ထက် အနည်းငယ်စောထတာမျိုး၊ ဝတ်စားဆင်ယင်မှုပြောင်းလဲတာမျိုး၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ကြည့်တာမျိုး၊ မိတ်တွေအသစ် ပတ်ဝန်းကျင်အသစ်နဲ့ စတင်ထိတွေ့မျိုး စတဲ့အခြေခံ အချက်လေးတွေက အစပြောင်းလဲကြည့်ပါ။

(၂) To Do List လုပ်ပါ

ပျင်းရိခြင်းကို တွန်းလှန်

Photo : Forbes

ကွီးတို့ရေ တစ်နေ့တာ စတင်တာနဲ့ လုပ်စရာတွေရှိပေမဲ့ ဘာကို စလုပ်ရမှန်းမသိဘဲ စိတ်ရှုတ်လာပြီး ပျင်းရိတတ်ပါတယ်။ ဒါကဖြစ်တတ်တဲ့ သဘာဝပါ။ အရေးကြီးတာက ကွီးတို့အနေနဲ့ ဒီလိုအခြေအနေမျိုး ကြုံတွေ့နေရပြီဆိုလျှင် ရုန်းထွက်ချင်စိတ်ရှိဖို့ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးနည်းလမ်းကတော့ ကွီးတို့ တစ်နေ့တာ လုပ်စရာရှိတဲ့ အရာတွေကို လုပ်ဖို့အတွက် အစဉ်လိုက် ချရေးပြီး To Do List လုပ်ပါ။ To Do List လုပ်ထားခြင်းဖြင့် ကွီးတို့သတ်မှတ်ထားတဲ့ အတိုင်းအစဉ်လိုက် လုပ်ရုံပါပဲ။ စတင်လုပ်ပြီဆိုရင် ကွီးတို့အတွက် အခက်ခဲဆုံးကနေ စတင်ပြီး လုပ်ဆောင်ပါ။ အကုန်လုံးကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ကြိုးစားပါ။

(၃) ပန်းတိုင်များသတ်မှတ်ပါ

ပျင်းရိခြင်းကို တွန်းလှန်

Photo : Forbes

ကွီးတို့ ဘဝမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ကွီးတို့အနေနဲ့ ပန်းတိုင်တွေ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေမရှိရင် စိတ်အားထက်သန်မှုလည်းရှိမှာ မဟုတ်ပါဘူး။ စိတ်အားထက်သန်မှုရင် ဘယ်အရာကိုမဆို ပျင်းရိငြီးငွေ့လာမှာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ လက်တွေ့ကျတဲ့ ပန်းတိုင်းအသေးလေး များထားပါ။ လက်တွေ့ကျတဲ့ ပန်းတိုင် အသေးလေးများက အောင်မြင်ဖို့ ပိုမိုမြန်ဆန်ပါလိမ့်မယ်။ ပန်းတိုင်အသေးများ အောင်မြင်လာတဲ့အခါ စိတ်အားတတ်ကြွလာပြီး ပျင်းရိခြင်းလည်း လျော့ကျလာပါလိမ့်မယ်။ ထိုမှ တဆင့် ပိုမိုကြီးမားတဲ့ ကွီးတို့ရဲ့ပန်းတိုင်တွေဆီ တတ်လှမ်းလိုက်ပါ။ ကိုယ့်ဘဝအတွက် အသေးစားပန်းတိုင်များ ထားရှိခြင်းကလည်း ပျင်းရိခြင်းကို ချက်ချင်း တွန်းလှန် နိုင်မဲ့ နည်းလမ်းကောင်းတွေ ထဲက တစ်ခုပဲဖြစ်ပါတယ်။

(၄) အချိန်မဆွဲပဲ ချက်ချင်းထလုပ်တတ်တဲ့ အကျင့်ကို မွေးမြူပါ

Lazy

Photo : Jooinn

တစ်ခုခုလုပ်စရာရှိတာကို ချက်ချင်းထမလုပ်ပဲ အချိန်ဆွဲတတ်တဲ့ သူဟာ ကြာလာရင် ပျင်းရိလာပြီး ဘယ်အရာကိုမှ ဖြစ်မြောက်အောင် လုပ်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ ထိုသူတွေဟာ ဘဝမှာ အောင်မြင်တိုးတတ်မှု ရဖို့တကယ်ကို အလှမ်းဝေးတဲ့သူတွေပါ။ အချိန်ဟာ ဘယ်တော့မှ ပြန်မရနိုင်တဲ့ အရာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ လုပ်စရာ တစ်ခုခုရှိရင် အချိန်ဆွဲမနေပဲ ချက်ချင်းလုပ်ဆောင်ပါ။ ကြာလာလျှင် အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် လုပ်တတ်ခြင်းက အကျင့်ပါပြီး ပျင်းရိတတ်တာကိုလည်း ဖယ်ရှားပြီးသားဖြစ်စေမှာပါ။ ဒီအမူအကျင့်က ကွီးတို့ဘဝကို ကြီးမားတဲ့ ကောင်းသောသက်ရောက်မှုတွေ ဖြစ်စေမှာ အသေအချာပါပဲ။

(၅) စိတ်အားထက်သန်သူများ နဲ့ ပေါင်းသင်းပါ

lazy

Photo : Live About

ကွီးတို့ရေ စိတ်နေစိတ်ထား နဲ့ စွမ်းအင်တွေက ကူးစက်တတ်တဲ့ သဘာဝရှိပါတယ်။ ကွီးတို့ ပတ်ဝန်းကျင်မှာ ညည်းညူတတ်သူ ပျင်းရိသူ၊ အဆိုးမြင်တတ်သူတွေနဲ့ ပြည့်နေပါက ၎င်းတို့ရဲ့ လွှမ်းမိုးမှုက အပြည့်အဝ ဟုတ်သော်လည်း သက်ရောက်မှုကြီးမားပါတယ်။ ကိုယ့်ကိုယ်တိုင်က အရေးကြီးဆုံးလို့ ဆိုပေမဲ့လည်း ပတ်ဝန်းကျင်က သက်ရောက်မှုကလည်း ဘဝအတွက် အရေးပါတယ် ဆိုတာသိထားရပါမယ်။ တစ်နည်းအားဖြင့် ကွီးတို့ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်ပြီး စိတ်အားထက်သန် ကြိုးစားသူတွေနဲ့ ဝန်းရံထားပါက ကွီးတို့အပေါ်လည်း လွှမ်းမိုးမှုရှိလာကာ ပျင်းရိခြင်း လျော့နည်းလာပြီး စိတ်အားထက်သန်လာမည် ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြလိုက်တာကတော့ ကွီးတို့ရဲ့ ပျင်းရိခြင်းကို တွန်းလှန် နိုင်မဲ့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းများ ပဲဖြစ်ပါတယ်။ ပျင်းရိခြင်းက ကွီးတို့ဘဝရဲ့ တိုးတတ်အောင်မြင်မှုတွေကို ဖယ်ရှားပစ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ပျင်းရိခြင်းကို အခုဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ အခုပဲ တွန်းလှန် လိုက်ပါ။

Featured Photo : Happier Human