ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် အလုပ်ကြိုးစားတဲ့သူလို့ သတ်မှတ်ပါသလား။ ဒါမှမဟုတ် ပျင်းရိပျင်းတွဲနှင့် ဘာအလုပ်မှ လုပ်ချင် ကိုင်ချင်စိတ် မရှိတဲ့သူလား။ ပျင်းရိ ပျင်းတွဲနဲ့ အချိန်ဆွဲပြီး ဘာအလုပ်မှ လုပ်ချင် ကိုင်ချင်စိတ် မရှိဘူးဆိုရင်တော့ အောင်မြင်မှု လမ်း ကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ငယ်ရွယ်စဥ်မှာ ကျောင်းစာများကို ပုံမှန် လေ့လာကျက်မှတ် သင်ယူမယ် ဆိုပြီး ကြီးပြင်းလာတဲ့အခါမှာ ကိုယ့်ဘဝ တစ်စိတ် တစ်ဒေသအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ငယ်ရွယ်စဥ်အခါမှာလည်း ကျောင်းစာများကို မပျင်းမရိဘဲ သေချာကျက်မှတ်မှသာလျှင် လုပ်ငန်းခွင် ဝင်တဲ့အခါ ဥာဏခွန်အားကို အသုံးပြုရတဲ့ အလုပ်အကိုင်မျိုးကို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

အချိန်တိုင်း ပျင်းရိ နေမယ်ဆိုရင်တော့ အောင်မြင်ခြင်း လမ်း ကြောင်းကို ရောက်ဖို့ မဆိုထားနှင့် အခုဖော်ပြသွားမယ့် ဒုက္ခများကိုလည်း ခံစားရနိုင်ပါတယ်။

ငွေကြေး အခက်အခဲရှိလာမယ်

ငွေကြေး

ပျင်းရိလို့ အလုပ်မလုပ်၊ အလုပ် မလုပ်တော့ ဝင်ငွေ မရှိ ဖြစ်လာပြီး ငွေရေး ကြေးရေး အခက်အခဲများ ကြုံတွေ့ရလာနိုင်ပါတယ်။ အလုပ်ရှင်တွေကလည်း ပျင်းရိသူနှင့် အမှန်တကယ် အလုပ်ကြိုးစားတဲ့သူ နှစ်ယောက် ယှဥ်လာတဲ့အခါ အလုပ်ကြိုးစားသူကိုသာ ယုံကြည်စိတ်ချပြီး သူ့အလုပ်ကို ပုံအပ်ထားကာ ရာထူးတိုးပေးမှာပဲ ဖြစ်ပါတယ်။ ပျင်းရိနေတဲ့သူကိုတော့ ရာထူး တိုးပေးမှာ မဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ ငွေရေး ကြေးရေး ချောင်လည်ဖို့ဆိုရင် မပျင်းမရိဘဲ အလုပ်ကို သေချာ ကြိုးစားကာ လုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ ပုံမှန် ဝင်ငွေ ရလာတဲ့အခါမှာလည်း ပိုက်ဆံအကုန်လုံးကို သုံးဖြုန်း ပစ်တာမျိုး မလုပ်ရပါဘူး။ စုသင့်တန်စု၊ သုံးသင့်တဲ့ နေရာမှာပဲ​ သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အကြွေးကင်းကာ ပြုံးပျော်ရွှင်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ရှိလာမယ်

ပျင်းရိ လမ်း

အချိန်ရှိခိုက် လုံ့လစိုက်ရမယ့်နေရာမှာ အချိန်ဆွဲပြီး အလုပ်မလုပ်တဲ့အခါ ကိုယ့်ရဲ့ မသိစိတ် တစ်နေရာမှာ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်လာပါလိမ့်မယ်။ အလုပ်ကြိုးစားရမယ်ဆိုတာကို သိရဲ့သားနဲ့ ပျင်းရိနေတဲ့အခါ ကိုယ့်ရဲ့စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်လာပြီး အပြစ်တင်စိတ်များနှင့် ပြည့်နှက်လာပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်၊ အပြစ်ရှိစိတ်မျိုး မခံစားချင်ဘူးဆိုရင်တော့ ပျင်းရိတတ်တဲ့ စိတ်ကို ဖျောက်ဖျက်ပစ်ရမှာပဲဖြစ်ပါတယ်။ ပျင်းရိတတ်တဲ့ စိတ်ကို ဘယ်လိုဖျောက်ရမလဲဆိုရင် ရိုးရှင်းပါတယ်။ လုပ်ရမယ့် အလုပ်ကိစ္စများကို အရင်ပြီးအောင် လုပ်ပါ။ အလုပ်ပြီးမှ အနားယူခြင်းကို ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့ ဆုလာဒ်အနေနဲ့ နောက်ဆုံးကျမှ ဆုချရမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အရည်အချင်းများ တဖြည်းဖြည်း လျော့ကျလာမယ်

ပျင်းရိ လမ်း

ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ ဝေးစွ၊ ရှိရင်းစွဲ အရည်အချင်းတွေတောင် ပျောက်ကွယ်သွားအောင် ပြုလုပ်ပေးမှာကတော့ ပျင်းရိခြင်းပဲ ဖြစ်ပါတယ်။ ဓားသည် ပုံမှန် သွေးပေးပါမှ ထက်တဲ့ ဓားတစ်လက်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဓားကို ပုံမှန် သွေးပေး၊ ပုံမှန် အသုံးပြုပေးမှသာလျှင် ဓားသွားက တုံးမသွားဘဲ အသုံးပြုနိုင်မှာပါ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဓားကို ဘယ်လို အသုံးပြုချင်သလဲဆိုတာကတော့ ကွီးတို့အပေါ်ပဲ မူတည်ပါတယ်။

အဆိုးမြင်စိတ် များလာမယ်

ပျင်းရိ လမ်း

ပျင်းရိပါ များလာတဲ့အခါ ဘဝကြီးက တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး အလုပ်အကိုင်တွေသည်လည်း အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ဘာအလုပ်လုပ် အဆင်မပြေတဲ့အခါ အရာရာအပေါ်မှာ အဆိုးမြင်စိတ်များ ပြည့်နှက်လာမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်မက်များကိုလည်း အကောင်အထည် မဖော်နိုင်တော့ပါဘူး။ အောင်မြင်မှု အသီးအပွင့်များကို ခံစားရမှာ မဟုတ်ပါဘူး။

ထိုအရာများကတော့ ပျင်းရိ သူတို့ သွားရာ လမ်း ပဲဖြစ်ပါတယ်။ ကွီးတို့ရော ကိုယ့်ဘဝကို ပျင်းရိခြင်းတွေနဲ့ ခြုံလွှမ်းထားနေမိပြီလား။ အချိန်မလွန်ခင် မြန်မြန်ရုန်းထွက်မှ ဖြစ်မယ်ဗျို့။

Source: Ongjason

Featured Image: Freepik