မင်္ဂလာဆောင်ကာ လက်ထပ်ပြီးတဲ့နောက်မှာ ဘယ်နေရာတွေဆီသို့ ပျားရည်ဆမ်း ခရီးသွား ရင် ကောင်းမလဲလို့ စဥ်းစားနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့စုံတွဲအတွက် အသုံးတည့်ပါလိမ့်မယ်။

ပျားရည်ဆမ်း ခရီးဆိုတာ တစ်ကြိမ်မှာ တစ်ခါပဲ ကျရောက်တာမို့လို့ အမှတ်တရဖြစ်အောင်လို့ ခရီးသွား သင့်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း လှပပြီး ရိုမန့်တစ်ဆန်တဲ့ နေရာတွေ အများအပြားရှိတဲ့အတွက်ကြောင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်အောင်လို့ ဝေမျှပေးလိုက်ရပါတယ်။

Alaska

Alaska

အမေရိကန်နိုင်ငံရှိ လူနေရေ အနည်းဆုံး နေရာဒေသတစ်ခုဖြစ်ပါတယ်။ ဒီနေရာလေးမှာ သဘာဝ အငွေ့အသက်များကို ခံစားတွေ့ရှိနိုင်ပြီး တောကောင်လေးများကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပျားရည်ဆမ်း ခရီးကို Adventure ခရီးသွား ပုံစံမျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို ညွှန်းချင်ပါတယ်။

အီတလီနိုင်ငံရှိ Amalfi Coast

Amalfi Coast

အီတလီနိုင်ငံရှိ Amalfi Coast ကတော့ ဘဝမှာ တစ်ခါလောက် သွားလည်သင့်တဲ့ နေရာများထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ကြင်စဦးဇနီးမောင်နှံများအနေနဲ့ ဖြူဥ နူးအိနေတဲ့ ကမ်းခြေလေးပေါ်မှာ နေပူဆာလှုံလို့ရပါတယ်။

Aruba

Aruba

ပန်းဆီရောင် ကြိုးကြာငှက်လေးတွေ အရောင်အသွေးစုံလင်လှတဲ့ ပင်လယ်ဇင်ရောင်ငှက်လေးတွကို မျက်ဝါးထင်ထင်မြင်တွေ့ဖူးချင်ပါသလား။ ဒါဆိုရင်တော့ Caribbean ဒေသရှိ Aruba ကမ်းခြေဆီသို့ အလည်သွားသင့်ပါတယ်။ ဒီကမ်းခြေလေးကတော့ Luxury ဆန်ဆန် ပျားရည်ဆမ်း ခရီးသွား ချင်သူများအတွက် ရွေးချယ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရှိ Bali

ပျားရည်ဆမ်း ခရီးသွား

ဘာလီကျွန်းလေးကတော့ ရိုမန့်တစ်ဆန်ဆန် ခရီးသွားချင်တဲ့ စုံတွဲများအတွက် သွားလည်သင့်တဲ့နေရာလေးပဲ ဖြစ်ပါတယ်။ ရှေးကျတဲ့ ဗိသုကာလက်ရာများကို လေ့လာနိုင်တဲ့အပြင် သဘာဝ တောတောင်ရှုခင်းများရဲ့ အလှအပကိုလည်း မြင်တွေ့ခံစားနိုင်ပါသေးတယ်။

Bora Bora

ပျားရည်ဆမ်း ခရီးသွား

ကမ်းခြေမှ ကမ်းခြေဆိုတဲ့ စုံတွဲများအတွက်တော့ Bora Bora လေးက စောင့်ကြိုနေပါတယ်။ ခရစ်စတယ်လေးကို ကြည်လင်နေတဲ့ ရေများ၊ တောင်တန်းများ၊ လှပတဲ့ ကျောက်ဆောင် ကျောက်သားများကလည်း လာရောက်လည်ပတ်သူများရဲ့ အမြင်အာရုံကို ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။

UAE ရှိ ဒူးဘိုင်း

ပျားရည်ဆမ်း ခရီးသွား

ခရီးသွား Website တစ်ခုဖြစ်တဲ့ Expedia မှာတော့ UAE က ပျားရည်ဆမ်း ခရီးသွားသူများအကြား ဒုတိယမြောက် ပေါ်ပြူလာအဖြစ်ဆုံး နေရာတစ်ခုပဲဖြစ်ပါတယ်။ မြေထဲပင်လယ်နိုင်ငံတစ်ခုဖြစ်ပြီး မိုးမျှော်တိုက်များဖြင့် ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ပါရှားပင်လယ်ကွေ့မှာလည်း ဖြူလွှလွှ သဲသောင်ပြင်များကို တွေ့ရှိနိုင်ပြီး ဆာဖာရီနှင့် ကန္တရ ခရီးသို့ ခြေဆန့်ချင်သူများအတွက်လည်း သွားလည်လို့ရအောင် စီစဥ်ပေးထားပါတယ်။ ဒါ့အပြင် မိုးပျံဗူဖောင်း စီးနင်းကာ နေထွက်ချိန်ကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။

ထိုင်းနိုင်ငံရှိ Koh Samui

ပျားရည်ဆမ်း ခရီးသွား

နီးနီးနားနား အိမ်နီးချင်းနိုင်ငံလေးဆီကိုပဲ ခရီးသွားချင်တယ်ဆိုရင်တော့ ထိုင်းနိုင်ငံရှိ Koh Samui ကျွန်းဆီသို့ သွားလည်သင့်ပါတယ်။ ဒီကျွန်းလေးမှာ ကမ်းခြေပေါင်း အခု ၄၀ တောင် ရှိတာဆိုတော့ ကိုယ် ကြိုက်နှစ်သက်တဲ့ ကမ်းခြေကို စိတ်ကြိုက်ရွေးချယ်ကာ သွားနိုင်ပါတဘ်။

ဂျပန်နိုင်ငံ ကျိုတိုမြို့

ပျားရည်ဆမ်း ခရီးသွား

Photo: Theplanetd

ဂျပန်နိုင်ငံသည်လည်း သဘာဝအလှအပများနှင့် ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။ ကျိုတိုမြို့မှာတော့ ရှေးဟောင်း အငွေ့အသက်များနှင့် ပြည့်နှက်နေတဲ့ ဘုန်းကြီးကျောင်းများရှိပြီး နွေဦးမှာ ခရီးသွားဖြစ်မယ်ဆိုရင်တော့ ချယ်ရီပန်းပွင့်များရဲ့ အလှအပကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဖလော်ရီဒါရှိ မိုင်အာမီကမ်းခြေ

ပျားရည်ဆမ်း ခရီးသွား

Photo: Tripsavvy

ဖလော်ရီဒါနိုင်ငံရှိ နာမည်အကြီးဆုံး ကမ်းခြေတစ်ခုဖြစ်ပြီး သဘာဝလေကောင်းလေသန့်များက စိတ်လက်ပေါ့ပါးလန်းဆန်းစေမှာပဲဖြစ်ပါတယ်။ မင်္ဂလာဆောင်ဖို့ ပြင်ဆင်တုန်းက စိတ်ပင်ပန်းခဲ့ရသမျှတွေသည် ပင်လယ်ကမ်းခြေရဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ပြီးတဲ့နောက်မှာတော့ စိတ်ဖိစီးခဲ့တာတွေ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

Source: Theknot

Featured Image: Hitched