ဒီဈေးကွက်ထဲမှာ ကစားသမားသစ်တွေ တစ်ယောက်မှကို ခေါ်ယူထားခြင်း မရှိသေးတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်က ထိပ်ဆုံးနေရာကနေ ပါဝင်နေပါတယ်။ အသင်းမှာ နည်းပြအပြောင်းအလဲလည်း ဖြစ်ထားတဲ့အချိန် အခုထိ အသင်းအတွက် ကစားသမားသစ်တွေပါ မခေါ်သေးလို့ အသင်းပရိသတ်တွေက စိုးရိမ်လာရပေမယ့် အခု လီဗာပူးလ် စတင် လှုပ်ရှားလာတဲ့ ကစားသမားကတော့ လုံးဝကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ မာတင် ဇူဘီမန်ဒီပဲ ဖြစ်ပါတယ်။

zubimendi spain

Photo Credit: The Liverpool Offside

ဒီ စပိန် ကွင်းလယ်ကစားသမားကို ဘာစီလိုနာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို အသင်းတွေကနေ စိတ်ဝင်စားနေကြတာပါ။ အခုတော့ လီဗာပူးလ် ပါ ထပ်တိုးလာခဲ့ပါပြီ။ ဇူဘီမန်ဒီက အသက်လည်း (၂၅)နှစ်သာ ရှိသေးပြီးတော့ စပိန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ချန်ပီယံ ဖြစ်ထားခဲ့သူပါ။ ယူရို-၂၀၂၄မှာ စပိန်အတွက် ပွဲတွေ သိပ်မကစားခဲ့ရပေမယ့် ယူရိုဖိုင်နယ်မှာ ရိုဒရီ ဒဏ်ရာရသွားလို့ ဒုတိယပိုင်းကို ဝင်ကစားရင်းနဲ့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ရင်းကနေ အခုတော့ သူရဲ့ ကစားသမားဘဝကို ပိုမို မြင့်မားစေနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

martin zubimendi socidad

Photo Credit: Anfield Index

ကွင်းလယ်ခံစစ် ကစားသမား ဇူဘီမန်ဒီကို သူရဲ့ လက်ရှိကလပ် ဆိုစီဒက်ကတော့ ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာခွင့်တယ်ဆိုရင် သူ့ဆန္ဒအတိုင်း လိုက်လျောသွားမှာဖြစ်ပြီး ဇူဘီမန်ဒီအတွက် စာချုပ်လျော်ကြေး ယူရို သန်း(၆၀)ကို ဈေးမဆစ်ပဲ အပြည့်အဝေ ပေးချေမယ်ဆိုရင် ဇူဘီမန်ဒီလည်း အဲ့ဒီအသင်းဆီ ပြောင်းချင်မယ်ဆိုရင်တော့ အပြောင်းအရွှေ့က သေချာပေါက် ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ဒီနွေမှာ ငွေလုံးဝမသုံးထားရသေးတဲ့ လီဗာပူးလ်က ဇူဘီမန်ဒီအတွက် ယူရို သန်း(၆၀)လောက်ကို သုံးစွဲလာနိုင်ပြီး ကစားသမားဘက်ကလည်း လီဗာပူးလ် လို အသင်းမျိုးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနိုင်တာမို့ ဒီအပြောင်းအရွှေ့က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလာရပါတယ်။

zubimendi lfc

Photo Credit: Sky Sports

တကယ်လို့ ဇူဘီမန်ဒီသာ လီဗာပူးလ် ကို ရောက်လာမယ်ဆိုရင် လီဗာပူးလ်က အသင်းမှာ လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း နံပါတ်(၆)နေရာအတွက် အရည်အသွေးကောင်းမွန်တဲ့ ကွင်းလယ်လူတစ်ဦးကို ပိုင်ဆိုင်လိုက်ရပြီလို့ သတ်မှတ်နိုင်သလို ကွင်းလယ်မှာ မက်အယ်လစ္စတာ ဇူဘီမန်ဒီ ဆိုဘော့ဇ်ဆလိုင်းတို့နဲ့ တကယ့်ကို ရှယ်ကြီး ဖြစ်လာပါလိမ့်မယ်။

Featured Photo: Goal