ရည်းစား‌လေးနဲ့မှ ဘဝက ပျော်ရွှင်စရာကောင်းတာလို့ ကွီးတို့ ထင်နေတုန်းလား။ အချစ်က နူးညံ့သိမ့်မွေ့ပြီး ခံစားချက်ပေါင်းစုံကို ပေးစွမ်းနိုင်တယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ပျော်ဖို့အတွက်ဆိုပြီး ရည်းစားထားစရာတော့ မလိုပါဘူး။ ဒါ့ကြောင့် ပျော်ချင်ရင် ရည်းစား မထားဘဲ အောက်မှာဖော်ပြပေးထားတဲ့ နည်းလမ်းကောင်းလေးတွေကို လုပ်ကြည့်နိုင်ဖို့ ဒီဆောင်းပါးလေးကနေ ဝေမျှပေးလိုက်ပါတယ်။

ခရီးသွားပါ

ပျော်ချင်ရင် ရည်းစား

Photo : Travel + Leisure

ပျော်ချင်ရင် ရည်းစား မထားဘဲ ခရီးသွားဖို့ အကြံပြုပါရစေ။ တစ်ကိုယ်တော်ပဲ ခရီးသွားသွား၊ အုပ်စုလိုက်ပဲ ခရီးသွားသွား၊ ခရီးသွားခြင်းကနေ စိတ်ပိုင်းဆိုင်ရာ‌ရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိစေပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကနေ ခွဲထွက်ပြီး နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်တစ်ခုကို သွားရောက်လည်ပတ်ခြင်းက မတူညီတဲ့ ခံစားမှုရသတွေ အပါအဝင် အတွေ့အကြုံနဲ့ ပျော်ရွှင်မှုကိုပါ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားခြင်းကနေ မိတ်ဆွေအသစ်တွေ ရရှိနိုင်ပြီး ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာရင်းနဲ့ ဗဟုသုတများစွာလည်း ရရှိနိုင်ပါသေးတယ်။

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန်ပါ

ပျော်ချင်ရင် ရည်းစား

Photo : Scary Mommy

သုတေသနပြုချက်များ အရ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကုန်ဆုံးခြင်းက ပိုမိုပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။ Introverts များအတွက်တောင်မှ  သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ကုန်ဆုံးတဲ့  လူမှုဆက်ဆံရေးအချိန်က ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ခရီးအတူတူသွားပါ။ အမှတ်တရ အခိုက်အတန့်တွေ ဖန်တီးပါ။

ကိုယ်ဝါသနာပါရာ အားကစားကို လေ့လာလိုက်စားပါ

ပျော်ချင်ရင် ရည်းစား

Photo : Vista Create

အားကစား ပုံမှန်လုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်း အများကြီး အထောက်ကူပြုပါတယ်။ ဒါ့အပြင် ဘော်ဒါတွေနဲ့ တွေ့ဆုံပြီး ဝါသနာပါရာ ကစားနည်းတစ်ခုခုကို ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်က စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ ဟော်မုန်းတွေကို တားဆီးပေးတဲ့အပြင် ကွီးတို့ကို ပျော်ရွှင်စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပါတယ်။

သူတစ်ပါးကို ကူညီပါ

ပျော်ချင်ရင် ရည်းစား

Photo : Entrepreneur

သူတစ်ပါးကို ကူညီခြင်းကလည်း စိတ်ကြည်နူးမှုကို ဖြစ်စေပြီး ပျော်ရွှင်‌စေတဲ့ အကြောင်းအရင်း တစ်ခုပါ။ အခြားတစ်ပါးသူကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကူညီခြင်းက ထိုသူတွေအတွက်လည်း အကျိုးရှိစေသလို ကွီးတို့ကိုယ်တိုင်အတွက်လည်း စိတ်ကြည်နူးမှုကို ရရှိစေပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ သူတစ်ပါးကို အချိန်အခါမရွေး နည်းလမ်းပေါင်းစုံနဲ့ ကူညီနိုင်ပါတယ်။ ဒ့ါအပြင် ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ ပရဟိတ အသင်းများမှာ လုပ်အားပေးခြင်းကလည်း စိတ်ကူးကောင်းပါပဲ။

သဘာဝတရားနဲ့ ထိတွေ့ပါ

Photo : Unplsah

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ငန်း‌ဆောင်တာတွေ၊ တာဝန်ဝတ္တရားတွေနဲ့ ပြည့်နေပြီး သဘာဝတရားနဲ့ထိတွေ့ဖို့ တစ်နည်းအားဖြင့် သဘာဝတရားကို ခံစားဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်ရဲ့ အားလပ်ချိန်မှာ ဖြစ်စေ၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ပင်လယ်ကမ်းခြေ၊ စိမ်းလန်းတဲ့နေရာ၊ ပန်းခြံစတဲ့နေရာတွေမှာ လတ်ဆတ်သောလေကို ရှုရှိုက်ပြီး သဘာဝတရားကြီးနဲ့ လုံးလုံးလျားလျား ထိတွေ့လိုက်ပါ။ ထိုသို့ ထိတွေ့ခြင်းက အေးချမ်းမှုနဲ့ စိတ်တည်ငြိမ်မှုကို ဖြစ်စေပြီး ပျော်ရွှင်စေပါတယ်။ အေးမြတဲ့ မြစ်ချောင်းများပဲ ရေကူးမလား၊ ပက်လယ်ကမ်းခြေမှာပဲ နေဝင်ချိန်ကို ရှုစားမလား၊ အုံ့အုံ့မှိုင်းမှိုင်း သစ်ပင်များကြားထဲမှာပဲ ကျေးငှက်သံလေးတွေနဲ့ အနားယူမလားဆိုတာတော့ ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် စိမ်းလန်းသောနေရာများတွင် တစ်ပတ်လျှင် မိနစ် ၃၀ သို့မဟုတ် ထိုထက်ပိုပြီး အချိန်ကုန်ဆုံးခြင်းက သွေးဖိအားကို လျော့ကျစေပြီး Depression ဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ပျော်ပွဲစားထွက်ပါ

Photo : Unplash

သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့အတူ စားသောက်စရာ အစုံအလင်နဲ့ ပျော်ပွဲစားထွက်ခြင်းကလည်း ကွီးတို့ကို ပျော်ရွှင်စရာ အခိုက်အတန့်တွေ ရရှိစေမယ့် နည်းလမ်းကောင်းလေး တစ်ခုပါပဲ။ အတူတူပျော်ပါး စားသောက်ပြီး သီချင်းတွေဆိုကာ စိတ်ဖိစီးမှုတွေ၊ မပျော်ရွှင်မှုတွေကို ဖြေဖျောက်ပစ်လိုက်ပါ။

ဒီနည်းလမ်းကောင်းလေးတွေက ရည်းစားထားစရာမလိုဘဲ ကွီးတို့ကို ပျော်ရွှင်စေနိုင်တာမို့ Try ကြည့်သင့်တယ်နော်။

Source : Healthline

Featured Photo : Vista Create