ကိုယ်အလေးချိန် လျှော့ချဖို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကပဲ ထိရောက်မှု ရှိတာလား တွေးနေတဲ့ ကွီးတို့အတွက် ဒီဆောင်းပါးမှာ အမှန်တရားတစ်ခု ပြောပြပေးပါမယ်။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာက ဝိတ်ကျဖို့အတွက် ထိရောက်တယ်ဆိုတာ မှန်ပေမယ့် Daily Calorie Intake က အလွန်အရေးပါတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ Caloric Deficit လုပ်ပြီး လေ့ကျင့်ခန်းပုံမှန် လုပ်မယ်ဆိုရင် ကိုယ်အလေးချိန် ကျနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ ပြောပြပေးချင်တာကတော့ ခန္ဓာကိုယ်ကို ဒဏ်မဖြစ်စေပဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်အလေးချိန်ကျစေမယ့် Low-Impact လေ့ကျင့်ခန်း တွေကို ပြောပြပေးပါမယ်။
(၁) Walking
Photo : Total body chiropractic bend oregon
လမ်းလျှောက် လေ့ကျင့်ခန်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ ခန္ဓာကိုယ်ကို ဒဏ်မဖြစ်စေတဲ့ Low-Impact Exercise တစ်ခု ဖြစ်ပါတယ်။ လေကောင်းလေသန့် ရှုရှိုက်ရင်း Outdoor မှာ လမ်းလျှောက်လို့ရသလို Treadmill သုံးပြီး Indoor Exercise အနေနဲ့ ကစားလို့လည်း ရပါတယ်။
(၂) Swimming
Photo : MySwimPro
ရေကူးတာကတော့ ချွေးထွက်များတဲ့ လှုပ်ရှားမှုတွေ မကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်တဲ့ Exercise တစ်ခုပါ။ ခန္ဓာကိုယ် အရိုးအဆစ်တွေကို ဒဏ်ရာရနိုင်ခြေနည်းပြီး Full Body ထိရောက်မှုရှိစေတဲ့ Low-Impact လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၃) Pilates
Photo : The Core – Pilates.com
Pilates ကတော့ စိတ်နဲ့ ခန္ဓာကိုယ်ကို ချိတ်ဆက် ကစားရတဲ့ လေ့ကျင့်ခန်း စနစ်တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို ဟန်ချက်ညီညီ လှုပ်ရှားကစားရတဲ့ Exercise ပုံစံတစ်ခုဖြစ်ပြီး Chair တွေ ၊ Ring တွေ ၊ Reformer တွေနဲ့ ကစားရပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ရဲ့ Strength ၊ Posture နဲ့ Flexibility ကို တိုးစေသလို ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေပါတယ်။
(၄) Cycling
Photo : Ride Shimano
စက်ဘီးစီး လေ့ကျင့်ခန်း ကလည်း Indoors / Outdoors ကစားလို့ ရပါတယ်။ ကယ်လိုရီ လောင်ကျွမ်းမှု များစေတဲ့ လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သား အစိတ်အပိုင်းတွေကို ကျစ်လစ်သန်မာစေသလို နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေဖို့ အထောက်အကူ ပြုပါတယ်။
Source : Times Of India
Featured Photo : TrainingPeaks