ကွီးတို့ ဘဝမှာ အောင်မြင်မှု၊ တိုးတက်မှု၊ ချမ်းသာမှု စတဲ့ ကွီးတို့လိုချင်တာတွေ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားမှု၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုတို့အပြင် အခရာကျတဲ့ အရာတစ်ခု ရှိပါတယ်။ ဒါက‌တော့ ပြင်းပြတဲ့စိတ်ဓာတ် ပါပဲ။ ကွီးတို့ လိုချင်တဲ့ အရာကို ရ‌အောင်ယူမယ်ဆိုတဲ့ ပြင်းပြင်တဲ့စိတ်ဓာတ် တစ်နည်းအားဖြင့် စိတ်အားထက်သန်မှု မရှိရင် ဘယ်လိုသေးငယ်တဲ့ အရာကိုပဲ ဖြစ်စေ ရအောင်ယူနိုင်မှာ မဟုတ်ပါဘူး။ စိတ်ဟာ အရာရာပါ။ စိတ်ဆောင်ရင် အရာအားလုံးကို အောင်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ကိုယ်လိုချင်တဲ့ ဘဝနဲ့ အောင်မြင်မှုတွေဆီ ပြင်းပြတဲ့ စိတ်ဓာတ် နဲ့ တတ်လှမ်းနိုင်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်လိုချင်တာ သေချာသိပါစေ

ပြင်းပြတဲ့ စိတ်ဓာတ်

Photo : Vista Create

ကွီးတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ ကွီးတို့ဘဝရဲ့ ပန်းတိုင်က ဘာပါလဲ။ ကွီးတို့မှာ ရောက်ကိုရောက်ရမယ့် ပန်းတိုင်ဆိုတာမျိုးရော ရှိပါသလား။ ဒါ့ကြောင့် ကိုယ့်ကို အရင်ပြန်မေးပါ။ ကိုယ်လိုချင်တဲ့ အရာကို တိတိကျကျ ပီပီပြင်ပြင် သိပါစေ။ ကိုယ့်ဘဝမှာ ကိုယ်လိုချင်တဲ့အရာကိုတောင် သေချာမသိရင် ဘယ်လိုမှ ထိုအရာကို ပိုင်ဆိုင်ဖို့ ပြင်းပြတဲ့စိတ်ဓာတ်ကို ပျိုး‌ထောင်လို့ ရမှာမဟုတ်ပါဘူး။

သေးငယ်သော အရာများက စတင်ပါ

ပြင်းပြတဲ့ စိတ်ဓာတ်

Photo : designbyiconica.com

ကွီးတို့ရဲ့ လက်ရှိအနေအထားနဲ့ ကိုယ်ရဲ့ ပန်းတိုင်က ဝေးကွာလွန်းနေသေးရင် ကွီးတို့ပန်းတိုင်ကို သေးငယ်သော ပန်းတိုင်ငယ်များဖြင့် ခွဲခြမ်းလိုက်ပါ။ ‌ထိုပန်းတိုင်ငယ်လေးများကို အောင်နိုင်ဖို့ တစ်ဆင့်ချင်း တတ်လှမ်းသွားလိုက်ပါ။ ထိုသို့ အောင်မြင်မှုလေးတွေ ရလာတဲ့အခါ ကွီးတို့ရဲ့ ယုံကြည်မှုနဲ့ ကြိုးစားချင်စိတ်ကို မြှင့်တင်ပေးပါလိမ့်မယ်။ သေးငယ်သော အောင်မြင်မှုများကို ရရှိခြင်းသည် အပြုသဘောဆောင်သော အရှိန်အဟုန်ကို ဖန်တီးပေးပြီး အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေစေရန် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်ရှိဖို့အတွက်လည်း ပြင်းပြတဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးပြီးသား ဖြစ်စေပါတယ်။

ကြောက်စိတ်ကို တွန်းလှန်ပါ

ပြင်းပြတဲ့ စိတ်ဓာတ်

Photo : People Builders

ကွီးတို့အနေနဲ့ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရှိသော်လည်းပဲ ကိုယ်ရင်ဆိုင်ရမယ့်အရာတွေကို တွေးပြီး ကြောက်ရွံ့ခြင်းကြောင့် ပန်းတိုင်ဆီကို အရောက်လှမ်းဖို့ ပြင်းပြတဲ့စိတ်ဟာ တိမ်ငုတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အပြောင်းအလဲကိုကြောက်တာ၊ ဝေဖန်မှုတွေကို ကြောက်တာ၊ စိန်ခေါ်မှုတွေကို ကြောက်တာ ကျရှုံးမှုကို‌ ကြောက်တာ စတာတွေကြောင့် ပန်းတိုင်ဆီ တတ်လှမ်းမယ့် ခြေလှမ်းများ တွန့်ဆုတ်တာများပါတယ်။ ထိုအကြောက်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။ ပြင်းပြတဲ့စိတ်ဓာတ်ကို ဖော်ထုတ်ပြီး ပျိုးထောင်ဖို့ အကြောက်တရားကို ဖယ်ထုတ်ဖို့ လိုပါတယ်။

သံသယစိတ်ကို ဖယ်ထုတ်ပါ

Photo : Overcoming The Fear

ကွီးတို့ရေ လူသားတွေရဲ့ ဘဝမှာ အရေးကြီးဆုံးကတော့ စိတ်ပါပဲ။ စိတ်ရဲ့ စွမ်းအားက တကယ်ကို ကြီးမားပါတယ်။ တစ်ခုခုကို လိုချင်ရင်ဖြစ်စေ၊ အောင်မြင်ချင်ရင် ဖြစ်စေ၊ ရယူနိုင်စွမ်း လူသားတိုင်းမှာ ရှိပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့ဘဝမှာ လိုအပ်တာကို ရယူဖို့ သံသယစိတ်တွေမထားဘဲ ပြင်းပြတဲ့စိတ် ရှိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယရှိခြင်းက ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင် ဆွဲချနေတာနဲ့ တူပါတယ်။ ဒါ့ကြောင့် “ငါဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ သံသယစိတ်တွေနေရာမှာ “ငါလုပ်နိုင်တယ်၊ ငါအောင်မြင်နိုင်တယ်” ဆိုတဲ့ စိတ်ဓာတ်ကို အစားထိုးလိုက်ပါ။ ကွီးတို့ရဲ့ သံသယစိတ်ကို ဖယ်ထုတ်ပြီး ပြင်းပြတဲ့စိတ်ကို အစားထိုးလိုက်တာနဲ့ အောင်မြင်မှု ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ သေချာတဲ့ ခြေလှမ်းကို စတင်ပြီးသား ဖြစ်နေပါပြီ။

ပြင်းပြတဲ့ စိတ်ဓာတ် တွေနဲ့ ကွီးတို့ဘဝရဲ့ အောင်မြင်မှုပန်းတိုင်တွေဆီ အရှိန်အဟုန်နဲ့ တတ်လှမ်းနိုင်စေဖို့ ဒီဆောင်းပါးလေးက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Vista Create