အဘက်ဘက်က ပြီး ပြည့်စုံ ကာ အောင်မြင် တဲ့ ပုရိသတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကွီးတို့ ရင်းရမယ့် အချိန်တွေ၊ ကြိုးစားအားထုတ်ရမယ့် အရာတွေ အများကြီးရှိပါတယ်။ အချိန်၊ ငွေကြေး၊ ကာယခွန်အား၊ ဥာဏခွန်အား အလုံးစုံ စိုက်ထုတ်နိုင်မှသာလျှင် ကွီးတို့သည် အဘက်ဘက်က ပြီး ပြည့်စုံ ကာ အောင်မြင် တဲ့ ပုရိသတစ်ယောက် ဖြစ်မှာပါ။

ကိုယ် ကြံစည်ထားသမျှ အရာအားလုံး အောင်မြင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များ၊ အမူအကျင့်များကို ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

(၁) ဘယ်အရာမဆို မလုပ်ဆောင်ခင်မှာ အစီအစဥ် အရင်ချထားပါ

laptop

အနီးကပ်မှ ကောက်ကာငင်ကာ ထလုပ်တာထက်စာရင် ကြိုတင် ပြင်ဆင်ကာ စီစဥ်ထားခြင်းက ပိုပြီး နည်းစနစ်ကျကာ အိပ်မက်များကို အလုံးစုံ အကောင်အထည် ဖော်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ အကျင့်က အနားနီးမှ ကောက်ကာငင်ကာနဲ့ ထလုပ်တတ်တယ်ဆိုရင် ထိုအကျင့်ဆိုးကို မြန်မြန်ဆန်ဆန် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ စနစ်တကျ အစီအစဥ် ရွေးဆွဲထားမယ်ဆိုရင်တော့ ဘာပြီးရင် ဘာလာမယ်ဆိုတာကို သိမြင်နေမှာဖြစ်ပြီး ကိုယ့်ရဲ့ အစီအစဥ်အတိုင်း အကုန်လုံး ပြည့်စုံနေမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ပထမ အစီအစဥ်က မအောင်မြင်ခဲ့ဘူး ဆိုရင်တောင်မှ ဒုတိယ အစီအစဥ်ကို ထပ်မံရေးဆွဲကာ ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ လမ်းတစ်ဝက်မှာ အရှုံးမပေးမိဖို့ပါပဲ။

(၂) ဇွဲ အပြည့်နဲ့ ကြိုးစား အားထုတ်ခြင်း

ပြည့်စုံ အောင်မြင်

ကိုယ် အစပြုတဲ့အရာကို တစ်စိုက်မတ်မတ် လုပ်ကိုင်နိုင်ရပါမယ်။ စတုန်းကတော့ စထားပြီးမှ လက်တစ်ဝက်ရောက်မှ ပင်ပန်းလာလို့ ၊ ခက်ခဲကြမ်းတမ်းလာလို့ဆိုပြီး လက်လျော့လိုက်လို့ မရပါဘူး။ အောင်မြင်မှု လမ်းခရီးကတော့ ပင်ပန်းရစမြဲပါပဲ။ အောင်မြင်မှုကို ရယူချင်တယ်ဆိုရင်တော့ နားချိန်နည်းပြီး အလုပ်လုပ်ချိန် များရမှာကတော့ ဓမ္မတာပဲ ဖြစ်ပါတယ်။ ကွီးတို့ ဘဝမှာ မအောင်မြင်သေးဘူးဆိုတာ နားချိန်တွေ ၊ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့အချိန်တွေ များနေလို့ပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေ တိုးတက်လာအောင် အမြဲတမ်း ကြံဆကာ အသစ် သစ်သော အရာများကို လေ့လာသင်ယူလိုစိတ် ရှိခြင်း

ပြည့်စုံ အောင်မြင်

ကွီးတို့အတွက် အောင်မြင်မှုဆီ တက်လှမ်းတဲ့ နေရာမှာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်နေဖို့ လိုပါတယ်။ ကိုယ့် ဘဝတိုးတက်နေအောင် အမြဲကြံဆောင်ပါ။ လိုအပ်တဲ့ အရာတွေကို သင်ယူပါ။ ယနေ့ခေတ် ကမ္ဘာကြီးက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာကြောင့် ကိုယ့်ရဲ့အိမ်မက်တွေကနေ အောင်မြင်မှုဆီကို တက်လှမ်းတဲ့ နေရာမှာ ကိုယ်တိုင်အရည်အချင်းတွေကို စဉ်ဆက်မပြတ် မြှင့်တင်နေပြီး အသုံးချရမှာပဲ ဖြစ်ပါတယ်။

(၄) အကြောက်တရားကို ရဲရဲကြီး ရင်ဆိုင်ရဲပြီး အနိုင်ယူပစ်မယ့် စိတ်မျိုး စိတ်အား ထက်သန်နေခြင်း

ပြည့်စုံ အောင်မြင်

လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ပါတယ်။ လုပ်ငန်းမအောင်မြင်မှာ ကြောက်တာ၊ သူများပြောဆိုခံရမှာ ကြောက်တာ၊ ရှုံးနိမ့်တာ၊ စိန်ခေါ်မှုတွေကို လက်မခံရဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ ကွီးတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့အခါ အကြောက်တရားနဲ့ ဝေးရာကို ရှောင်ပြေးမယ့်အစား ထိုအကြောက်တရားတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါမယ်။ ကျွန်တော်တို့ ကျင်လည်ရတဲ့ ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲတိုက်ပွဲဝင်ရတဲ့ နေရာတစ်ခုပါ။ ဒါကြောင့် အကြောက်တရားတွေက ကွီးတို့ရည်မှန်းချက်၊ စိတ်ကူးအိမ်မက်တွေကို ထိန်းချုပ်ပြီး ဝေးကွာစေတာမျိုး မဖြစ်ပါစေနဲ့။

ဒီအချက် (၄) ချက်ကိုသာ အဓိကထား ကျင့်သုံးမယ်ဆိုရင်တော့ အောင်မြင်မှုက ကွီးတို့ အတွက်ပါပဲ။

ဘယ်လိုလဲ… ကွီးတို့ စိတ်ထဲက အကြောက်တရားကို ရင်ဆိုင်ဖို့ အသင့်ပဲလား။

Source: Forbes

Featured Image: Yourstory