ကမ္ဘာပေါ်မှာ ဘဘာဝအလျောက်လှပတဲ့ နေရာတွေ၊ ရင်သပ်ရှုမောဖွယ်နေရာတွေ အပြင် မီးရောင်စုံများနဲ့ စည်ကားလှတဲ့ မြို့ကြီးများကလည်း ခရီးသွားများကို ဆွဲဆောင်နေပါတယ်။ နိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားရင် ထိုနိုင်ငံရဲ့ Nightlife ကို လည်ပတ်ကြည့်တာကလည်း တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီဆောင်းပါး‌လေးမှာတော့ ပြည်ပမှာ ညဘက် ပျော်ချင်တာ ဒါမှမဟုတ် Nightlife ကို ဖြတ်သန်းကြည့်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတို့အတွက် ကမ္ဘာတစ်လွှားက ညမအိပ်မြို့ကြီးများကို ဖော်ပြပေးချင်ပါတယ်။

ပဲရစ်

ပြည်ပမှာ ညဘက်

Photo : Conde Nast Traveler

အဆင့်အတန်းမြင့်မားပြီး ခေတ်ရှေ့ပြေးနေတဲ့ ဖက်ရှင်တွေအကြောင်းပြောမယ်ဆိုရင် ပဲရစ်ကို လူတိုင်း ပြေးမြင်မိမှာပါ။ ပဲရစ်မြို့မှာ မီးရောင်များ၊ လူစည်ကားသောလမ်းများနဲ့ Eifel Tower တို့ကြောင့် ကမ္ဘာပေါ်မှာ နေဝင်ပြီးနောက်တွင် အလှဆုံးနေရာများထဲမှ တစ်ခုတယ်လို့ ဆိုပါတယ်။ ခရီးသွားများအနေဖြင့် Eifel Tower ရဲ့ မီးအလင်းရောင်ဖြင့် တောက်ပနေတဲ့ ရှုခင်းကို တစ်သတ်မှာတစ်ခါလောက်တော့ ရှုစားသင့်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အေးအေးဆေးဆေးထိုင်ချင်တဲ့ သူများအတွက် ညနှောင်းပိုင်းတွင် ကော်ဖီဆိုင်အများအပြားရှိပြီး ကခုန်ချင်တဲ့သူများအတွက်လည်း မနက်ပိုင်အထိ ဘားတွေရှိပါတယ်။ ပြည်ပမှာ ညဘက် ကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ သူတွေအတွက်တော့ ထိပ်တန်း ရွေးချယ်မှုပါပဲ။

တိုကျို

ပြည်ပမှာ ညဘက်

Photo : YouTube

ညဘက်မှာ တောက်ပတဲ့ နီယွန်မီးရောင်စုံတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာ အပြည့်နဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ညမအိပ်မြို့ကြီးများထဲမှာ ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုမြို့ကလည်း အပါအဝင်ပါပဲ။ တကယ်တော့ တိုကျိုမြို့မှာ နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် အမြဲတမ်းတောက်ပပြီး သက်ဝင်လှုပ်ရှားနေတာပါ။ တိုကျိုမှာ ညဘက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တဲ့ နည်းလမ်းတွေ တကယ်ကို များပြားပါတယ်။ တစ်နေရာမှ တစ်နေရာပြောင်းပြီး မတူညီတဲ့ ရသမျိုးစုံကို ခံစားနိုင်ပါတယ်။ ညီအစ်ကိုတို့လည်း ဂျပန်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ခဲ့ရင် ဂျပန်ရဲ့ Nightlife ကို ခံစားကြည့်ခဲ့ပါ။

ကိုင်ရို

Cairo

Photo : Flickr

ကွီးတို့ရေ ပိရမစ်တွေရှိရာ အီဂျစ်ကို အလည်သွားရင်းနဲ့ Nightlife ကို ဖြတ်သန်းချင်တယ်ဆိုရင် ကိုင်ရိုမြို့ရှိပါတယ်။ ၎င်းက ကမ္ဘာတစ်ဝှမ်းရှိ နိုက်ကလပ်များ နံနက် ၃ နာရီ သို့မဟုတ် နောက်ပိုင်းတွင် ဖွင့်လှစ်ထားသည့် မြို့များထဲက တစ်ခုလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင်များနဲ့ ကော်ဖီဆိုင်များအပါအဝင် ဆိုင်များစွာက ညသန်းခေါင်အထိဖွင့်ပြီး ဖျော်ဖြေရေးများကလည်း အာရုဏ်တက်ချိန်အထိ ကိုင်ရိုကို သက်ဝင်လှုပ်ရှားနေစေပါတယ်။

မိုင်ယာမီ

miami

Photo : 10Best

ကွီးတို့ရေ အမေရိကားက ညမအိပ်မြို့ကြီးများအကြောင်းကို ပြောရင် နယူးယော့ခ်ကို ပထမဆုံးပြေးမြင်မိမှာ ဖြစ်ပေမဲ့ မိုင်ယာမီ ကလည်း ချန်လှပ်ထားခဲ့လို့ မရတဲ့ မြို့တစ်ခုပါပဲ။ မိုင်ယာမီကို ပါတီမြို့တစ်ခုအဖြစ် လူသိများပြီး US တွင် ညဘက်အတွက် အကောင်းဆုံးမြို့အဖြစ် TimeOut ရဲ့ အဆင့်သတ်မှတ်ခြင်းကို ရရှိထားပါတယ်။ မတူကွဲပြားသော လူဦးရေ၊ အာရုံခံစားနိုင်သော ရှုခင်းများနှင့် လက်တင်လွှမ်းမိုးမှုများက တစ်ညတာလုံး ပါတီအတွက် မိုင်ယာမီမှာ ကုန်ဆုံးခြင်းက စိတ်ကူးကောင်းတစ်ခုပါပဲ။

ညဘက်မှာ မီးရောင်စုံများနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ကမ္ဘာပေါ်က ညမအိပ်မြို့ကြီးထဲက အချို့ကို‌ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ရော ပြည်ပမှာ ညဘက် ကို ဖြတ်သန်းဖို့ ဘယ်မြို့ကို ရွေးချယ်ချင်ပါသလဲ။

Source : Simple GHAR

Featured Photo : Unplash