မြန်မာနိုင်ငံရဲ့ မြို့တော်တစ်ခုမဟုတ်တော့ပေမယ့် ရန်ကုန် သည် မြန်မာနိုင်ငံရဲ့ အကြီးဆုံးနှင့် စီးပွားရေးအချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်တဲ့အားလျော်စွာ Nightlife ကို ပျော်ပျော်ပါးပါး ကုန်ဆုံးဖို့ကောင်းတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။

ရန်ကုန် မြို့ရဲ့ Nightlife သည် ဘယ်တော့မှ ငြီးငွေ့ဖွယ်ကောင်းသွားမှာမဟုတ်ဘဲ လမ်းမထက်မှာလည်း အရသာရှိတဲ့အစားအစာများ ရောင်းချတဲ့ ဈေးသည်များ လမ်းသွားလမ်းလာများဖြင့် အမြဲတစေဆိုသလို စည်ကားနေတာဖြစ်ပါတယ်။

တနေကုန်အလုပ်မှာ ပင်ပန်းထားတဲ့ ကွီးတို့ကလည်း ညနေခင်း ရုံးဆင်းချိန်မှာ ဘော်ဒါတွေနဲ့အတူတူ ဘားထိုင်ကာ အရသာရှိတဲ့ အယ်လ်ကိုဟောဖျော်ရည်တွေဖြစ်တဲ့ ဝီစကီ၊ ဘီယာ၊ ကော့တေး စတာတွေကို လျှာလည်သွားစေမယ့် အမြည်းနဲ့ တွဲဖက်သုံးဆောင်ရင်း စိတ်လက်အပန်းဖြေလေ့ရှိကြပါတယ်။

အစားအသောက် Foodie လေးတွေအတွက် ရန်ကုန် မြို့ရဲ့ Nightlife မှာ ပျော်ပါးနိုင်မယ့် နည်းလမ်းကောင်းတွေကတော့…

ညဈေးတွေဆီ သွားပါ

ညဈေးတွေဆီ သွားပါ

Photo: BestPrice Travel

ညဈေးတွေသည် ရန်ကုန်မြို့ရဲ့နေရာအနှံ့အပြားမှာ တည်ရှိတာကြောင့် ကွီးတို့ ကြိုက်တဲ့ မြို့နယ်ကိုသာ ရွေးချယ်လိုက်ပါ။ အချို့မြို့နယ်များကလည်း ညဈေးပုံစံလိုမဟုတ်ပေမယ့် လမ်းဘေးစာများ ရောင်းချတဲ့ဆိုင်လေးများသည် ဟိုနားတစ်ကွက် ဒီနားတစ်ကွက်နဲ့ တည်ရှိနေတာကြောင့် မျက်စိရှင်ရှင်ထားကာ ရှာဖွေမယ်ဆိုရင်တော့ အရသာရှိတဲ့ဆိုင်တွေကို ရှာတွေ့နိုင်ပါတယ်။

အချို့နေရာလေးတွေကတော့ မုန့်ဈေးတန်းလို အတန်းလိုက် စီတန်းထားတဲ့အတွက်ကြောင့် အစားအစာချစ်သူကွီးတို့အတွက် ရွေးချယ်စရာအများအပြားရှိတာကတော့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

တရုတ်တန်းသွားပါ

ရန်ကုန် Nightlife

Photo: BestPrice Travel

ရန်ကုန်မြို့ရဲ့ Nightlife ကို အနှစ်သာရပြည့်ဝစွာ ကုန်ဆုံးချင်တယ်ဆိုရင်တော့ တရုတ်တန်းသည်လည်း လက်လွတ်မခံသင့်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ တရုတ်တန်းသည် ဘာဘီကျူးဈေးတန်းနဲ့ နာမည်ကြီးတယ်ဆိုပေမယ့်လည်း အခြားသော မုန့်ပဲသရေစာများ၊ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ဘားများလည်း စုံလင်စွာတည်ရှိတာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

အေးအေးဆေးဆေး ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ၁၉ လမ်းရှိ နာမည်အကြီးဆုံး ဘား နှစ်ခု ရှိပါတယ်။ Kosan Bar နှင့် 7th Joint Bar တို့ပဲဖြစ်ပါတယ်။

Kosan Bar လေးကတော့ အေးအေးဆေးဆေးနဲ့ ထိုင်လို့ကောင်းတဲ့အပြင် ဘီယာမျိုးစုံကိုလည်း မိမိစိတ်ကြိုက် ရွေးချယ်သောက်သုံးနိုင်ပါတယ်။

7th Joint Bar လေးမှာတော့ ကော့တေးမျိုးစုံအပြင် Unplugged လေးနဲ့လည်း အေးအေးဆေးဆေး ငြိမ့်လိုက်ရတာကြောင့် ရှယ်ပါပဲ။

ရန်ကုန် မြို့ရဲ့ နေဝင်ချိန်ကို Rooftop Bar ပေါ်မှာ အေးအေးဆေးဆေးကြည့်ရင်း Nightlife ကို ကုန်ဆုံးလိုက်ပါ

ရန်ကုန် Nightlife

Photo: Uncover Asia

သဘာဝလေနုအေးလေးရဲ့ တိုက်ခတ်မှုကို ငြိမ့်ငြိမ့်ညောင်းညောင်း အရသာခံပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဝီစကီ၊ ကော့တေး၊ ဗော့ကာ၊ ဘီယာ အစရှိတဲ့ အယ်လ်ကိုဟောမျိုးစုံကို အေးအေးဆေးဆေး သောက်သုံးရင်း ရန်ကုန်မြို့ရဲ့ နေဝင်ချိန်အလှကို ခံစားလိုက်ပါ။

ရန်ကုန်မြို့မှာ Rooftop Bar တွေ အများအပြားရှိတဲ့အတွက်ကြောင့် ကွီးတို့က ဘယ်နေရာကနေ နေဝင်ချိန်အလှကို ကြည့်ချင်သလဲဆိုတာသာ ရွေးချယ်လိုက်ပါ။ ကွီးတို့ ကြည့်ချင်တဲ့နေရာနဲ့ သက်ဆိုင်တဲ့ Rooftop Bar လေးတွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ကာ ရန်ကုန်မြို့ရဲ့ Nightlife ကို အနှစ်သာရပြည့်ဝစွာ ကုန်ဆုံးနိုင်ပါတယ်။

ကွီးတို့ရဲ့ ညနေခင်းအချိန်အခါလေးမှာ ဘယ်လိုနည်း ဘယ်လိုပုံနဲ့ အချိန်ကုန်ဆုံးလေ့ရှိပါသလဲ။ တစ်ယောက်တည်း အေးအေးဆေးဆေးဖြတ်သန်းလေ့ရှိပါသလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ချစ်သူခင်သူတွေနဲ့ ပျော်ပျော်ပါးပါး ကုန်ဆုံးလေ့ရှိပါသလား။

Featured Image: Unsplash