ကိုယ်ချစ်ရတဲ့ လူတစ်ယောက် ပြန်အလာကို စောင့်ဆိုင်းနေရတာဟာ ရူးမတက် ခံစားချက်ဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။ အချို့ ဆက်ဆံရေးတွေက ပြတ်စဲပြီးနောက်မှာ တစ်ယောက်က တစ်ယောက်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိရှိနားလည်ပြီး ပျော်ရွှင်စွာ ပြန်ပေါင်းထုတ်သွားကြတဲ့ ဇာတ်လမ်းတွေ ရှိသလို လုံးဝပြန်မလာတော့မယ့် သူကို တစ်ဖက်သတ် စောင့်ဆိုင်းနေမိတာမျိုးလည်း ရှိတက်ပါတယ်။ ပြန်မလာတော့မယ့်သူကို ဆက်စောင့်နေတာက ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာတွေ ထပ်ထပ်ပေးနေရာရောက်ပြီး အကြိမ် ကြိမ် အသည်းကွဲနေရမှာပါ။ ဒီတော့ ပြန်မလာတော့မယ့် အဆက်ဟောင်းကို ကွီးတို့ လွဲမှားစွာ စောင့်ဆိုင်းမနေမိစေဖို့ သူမ, လုံးဝ ပြန်မလာတော့ဘူးဆိုတာ သိနိုင်မယ့် လက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။

(၁) လမ်းခွဲပြီးနောက် ပိုပျော်ရွှင်တဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေတယ် ဆိုရင်

couple

Photo : The Jed Foundation

လမ်းခွဲခြင်းရဲ့အစက လူတိုင်းအတွက် ခက်ခဲတာချည်းပါပဲ။ ဒါပေမယ့် တစ်နေ့ထက်တစ်နေ့ သူမအတွက် ပိုအဆင်ပြေတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေတယ် ၊ ကွီးတို့မပါပဲ သူမရဲ့ဘဝကို အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး ဖြတ်သန်းနေတယ်ဆိုရင်တော့ သူတို့က ပိုကောင်းတဲ့အရာတွေဆီ ဦးတည်ဆက်သွားနေတာဖြစ်ပြီး ကွီးတို့ဆီကို ပြန်လာဖို့ အစီအစဉ် မရှိဘူးဆိုတာ သိနိုင်ပါတယ်။

(၂) အဆက်အသွယ်အားလုံး အပြတ်ဖြတ်တောက် သွားတယ်ဆိုရင်

couple

Photo : Regain

ဆက်သွယ်မှုအားလုံး အပြတ်ဖြတ်တောက်လိုက်တာဟာ ဒီဆက်ဆံရေးနဲ့ပတ်သတ်ပြီး နောက်ထပ် စိတ်ဝင်စားစရာ မရှိတော့ဘူး ၊ ရှေ့ဆက်ဖို့ မရှိတော့ဘူးဆိုတာကို ဖော်ပြလိုက်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ကွီးတို့နဲ့ ပတ်သတ်တဲ့ ဖုန်းနံပါတ်တွေ ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အားလုံးကို Block လုပ်သွားတယ် ၊ သူမကို ဆက်သွယ်လို့ရမယ့် လမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့လိုက်တယ် ဆိုရင် ကွီးတို့ဆီကနေ အမှန်တကယ် ထွက်ခွာသွားချင်နေတာဖြစ်ပြီး စိတ်အနှောက်အယှက် ကင်းကင်းနဲ့ ရှေ့ဆက်သွားဖို့ကို လိုလားနေတာပါ။ တနည်းအားဖြင့် ကွီးတို့ဆီ သူမ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပါဘူး။

(၃) သဝန်တိုတာဘာညာတွေ မရှိတော့ဘူးဆိုရင်

couple

Photo : Verywell Mind

တစ်စုံတစ်ယောက်က ကိုယ့်ကိုယ် ချစ်နေသေးတယ် ၊ ခံစားချက် ရှိနေသေးတယ်ဆိုရင် သဝန်တိုတာ ၊ ဂျေဝင်တာတွေကတော့ ဖြစ်မှာ အသေအချာပါပဲ။ ဒီလိုမှ မဟုတ်ပဲ ကွီးတို့ ဘယ်သူနဲ့ရှိရှိ ၊ ဘယ်နေရာပဲရောက်ရောက် ဘာမှအထူးတလည် ခံစားမနေဘူးဆိုရင်တော့ ကွီးတို့ရဲ့ဘဝထဲက ဖြစ်ပျက်နေသမျှ ဘာတစ်ခုမှ စိတ်မဝင်စားဘူး ၊ ဂရုမစိုက်တော့ဘူးဆိုတာကို ပြနေတဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။ ဒါက ကွီးတို့အပေါ် ဘာခံစားချက်မှ မရှိတော့ဘူးဆိုတာကို ဖော်ပြနေတာဖြစ်ပြီး ပြန်ပေါင်းထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိနိုင်ပါပြီ။

(၄) မုအွန်ဖို့ ပြန်လမ်းညွှန်ပေးနေတယ်ဆိုရင်

couple

Photo : Reader’s Digest

အကယ်၍ ကွီးတို့ နှစ်ယောက်ကြားမှာ အဆက်အသွယ် ရှိနေသေးတယ် ဆိုရင်တောင် အတိတ်မှာပဲ ပိတ်မိမနေဖို့ ၊ အကောင်းဆုံး ရှေ့ဆက်သွားဖို့ မုအွန်နည်း ပြန်လမ်းညွှန်ပေးနေတယ် ဆိုရင်တော့ ကွီးတို့ကို သူငယ်ချင်း ၊ မိတ်ဆွေတစ်ယောက်လိုပဲ မြင်နေပြီး ချစ်သူရည်းစား ဆက်ဆံရေးဆီ ပြန်မသွားတော့ဘူးဆိုတာ သိနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကွီးတို့ဘက်က ဆက်စောင့်ပြီး မျှော်လင့်နေမယ်ဆိုရင် အချိန်ဖြုန်းရာ သပ်သပ်ဖြစ်ပြီး ကွီးတို့ပဲ ပိုခံစားနေရမှာပါ။

ဒီအချက်တွေ ဖြစ်နေတယ် ဆိုရင်တော့ ကွီးတို့ရဲ့ အဆက်ဟောင်းက ကွီးတို့ဆီ ပြန်လာတော့မှာ မဟုတ်ပါဘူး။ ကဲဒါဆို ကွီးတို့ရော ပြန်မလာတော့မယ့်သူကို ဆက်စောင့် နေဦးမလား ???

Featured Photo : YourTango