မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယား ခေါ် ဂေါင်းကြီး က သူ့အနေနဲ့ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက် အသင်းအတွက် ပွဲအနည်းလောက်သာ ပါဝင် ကစားနေရတဲ့အပေါ် စိတ်ပျက်မိရတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Buzz
အသက်(၃၀)အရွယ်တောင် ရှိနေပြီဖြစ်သော အင်္ဂလန် လက်ရွေးစင် ဂေါင်းကြီး က ယူနိုက်တက်အသင်းရဲ့ ဈေးအကြီးဆုံး ခံစစ်ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ပွဲတိုင်းလိုလိုမှာ ရူးကြောင်ကြောင် အမှားတွေ လုပ်ဆောင်တတ်သလို အသင်းကို နည်းပြ အဲရစ် တန်ဟက်ဂ် ရောက်လာချိန်မှာလည်း တန်ဟက်ဂ်က မက်ဂွိုင်းယားထက် ဗာရန်းနဲ့ သူ့တပည့်ကျော် လီဆန်ဒရို မာတီနက်ဇ်တို့ ခံစစ် အတွဲအဖက်ကိုသာ နေရာ ပိုပေးလာခဲ့ပါတယ်။

Photo Credit : Fox Sports
ပုံမှန် ပွဲကစားခွင့်တွေ ပျောက်ဆုံးနေရခြင်းအပေါ် ဂေါင်းကြီး က “ကျွန်တော်က ပွဲတိုင်းကို ပါဝင် ကစားချင်ပြီး ကျွန်တော်ရဲ့ ကစားသမားဘဝ နောက်ဆုံး (၈)နှစ်တာလုံးမှာလည်း ဒီလို ကစားခွင့် ရခဲ့ပါတယ်။ အသင်းနည်းပြနဲ့ သူရဲ့ဆုံးဖြတ်တွေနဲ့ ဒီကလပ်အသင်းမှာ ဗဟိုခံစစ်နေရာအတွက် ပြိုင်ဆိုင်မှု ဘယ်လောက်ကို ကောင်းမွန်နေလဲဆိုတာတွေ လေးစားရပါမယ်။ ကျွန်တော့်အတွက် အခွင့်အရေး ရလာတဲ့အခါ ကျွန်တော် ခြေစွမ်းပြသချင်တယ်။ အဓိကတော့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးချင်တယ်။ နိုင်ပွဲတွေ ဖော်ဆောင်ပေးချင်တယ်။ ပွဲတစ်ပွဲလုံးကိုလည်း လွှမ်းမိုးထားချင်ပါတယ်”
Photo Credit : The Sun
“ကျွန်တော် ပွဲတိုင်းကို ပါဝင်ကစားချင်တယ်ဆိုတာက သေချာပါတယ်။ ထိပ်တန်း အရည်အသွေးတွေ ပြည့်ဝပြီး အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေအနေနဲ့ ပွဲမကစားရပဲ အရန်ခုံမှာပဲ ထိုင်နေရမယ်ဆိုရင် သေချာပေါက် စိတ်ပျက်မိကြမှာပါ။ ကျွန်တော်လည်း ထိုနည်းတူပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဂေါင်းကြီးက ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ (၁၂)ပွဲ ပါဝင်ထားခဲ့ရပေမယ့် (၆)ပွဲကိုသာ ပွဲထွက်ကစားခဲ့ရပြီး ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲတွေနဲ့ပြည်တွင်း ရှုံးထွက်ဖလားပွဲတွေလောက်မှသာ ကစားခွင့်တွေ ရရှိထားခဲ့ပါတယ်။
Featured Photo : The Telegraph

