ဖက်ရှင်ကို ယနေ့ခေတ်မှာ အမျိုးသမီး၊ အမျိုးသား မရွေး စိတ်ဝင်စားလာကြပါတယ်။ တစ်နေ့ထက် တစ်နေ့ ဖက်ရှင်ရေစီးကြောင်းကလည်း တိုးတတ်မြင့်မားနေလျက် ရှိပါတယ်။ ဖက်ရှင်မှာ ခေါင်းအစ ခြေအဆုံးဝတ်စားဆင်ယင်မှုကို ခြုံငုံပြီးပြောလို့ ရပါတယ်။ ဒါ့အပြင် ဖက်ရှင်မှာ ဝတ်စားဆင်ယင်မှု အပြင် အခြားသော Accessories တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ပိုမိုမိမိုက်စေအောင် အားဖြည့်ပေးမဲ့ Accessories များ ကို ဝေမျှပေးချင်ပါတယ်။

(၁) လက်ကောက်များ၊ လက်ပတ်များ

ဖက်ရှင်ကို Accessories

Photo : www.realsitiograndslam.com

ကွီးတို့ရေ ခုနောက်ပိုင်းခေတ်တွေမှာ အမျိုးသားတွေရဲ့ ဖက်ရှင်ကို အဆင့်မြှင့်တင်ပေးတဲ့ Accessories များ အမျိုးသားဝတ် လက်ကောက်တွေ၊ လက်ပတ်တွေကလည်း ပါဝင်လာပါတယ်။ ကွီးတိုအနေနဲ့ လက်ကောက်တွေ၊ လက်ပတ်တွေ တစ်ခါမှ မဝတ်ဆင်ဘူးသေးဘူးဆိုရင်တော့ အခုက စတင်ဖို့အချိန်ကောင်းပါပဲ။ ကွီးတို့အနေနဲ့ Street ဖက်ရှင်အတွက်ပဲ ဖြစ်ဖြစ်၊ ဂန္ထဝင်အသွင်အပြင်အတွက်ပဲ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ အရေးကြီးတာကတော့ ကွီးတို့ဝတ်စားဆင်ယင်မှုပေါ် မူတည်ပြီး လက်ကောက်အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ပါပဲ။

(၂) ဆွဲကြိုးများ

ဖက်ရှင်ကို Accessories

Photo : GQ

အမျိုးသားတွေအတွက် လက်ကောက်များ၊ လက်ပတ်များကဲ့သို့ပင် ဆွဲကြိုးများကလည်း တစ်နေ့ထက်တစ်နေ့ လူကြိုက်များလာပါတယ်။ ကွင်းဆက်ပုံစံ ဆွဲကြိုး တစ်နည်းအားဖြင့် Chain ကြိုးတွေကိုတော့ လူကြိုက်များလာကြပါတယ်။ ဆွဲကြိုးတွေက ကွီးတို့ရွေးချယ်ဝတ်ဆင်တဲ့ အပေါ်မူတည်ပြီး ကွီးတို့ကို မိမိုက်စေသလို၊ လူကြီးလူကောင်းဆန်တဲ့ ပုံစံကိုလည်း ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ပွဲတတ်တွေအတွက်လည်း သေချာစွာ ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။

(၃) နာရီများ

man fashion

Photo : Classy Man Collection

ကွီးတို့ရဲ့ ဖက်ရှင်ကို ပိုမိုမိမိုက်စေအောင် အားဖြည့်ပေးမဲ့ Accessories တွေထဲမှာ အရိုးရှင်းဆုံးနဲ့ မရှိမဖြစ်ကတော့ နာရီတွေပဲ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ လက်ပတ်နာရီတွေဟာ ဘယ်တော့မှ မရိုးတဲ့ အမျိုးသားတွေအတွက် အသုံးအဆောင် တစ်ခုပါ။ ဒါ့အပြင် နာရီတွေက အမျိုးသားတို့အတွက် ဖက်ရှင်တစ်ခုထက် ပိုပါတယ်။ အထူးသဖြင့် စီးပွားရေးလောကတွင် နာရီတွေက အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ နာရီဟာ ကွီးတို့ရဲ့ အသွင်အပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုအပေါ်မူတည်ပြီး နာရီအမျိုးအစားကို သေချာရွေးချယ် ဝတ်ဆင်တတ်ဖို့တော့ လိုပါတယ်။

(၄) လက်စွပ်များ

man fashion

Photo : Fashionably Male

အမျိုးသား တော်တော်များများက လက်စွပ်ကို သိပ်မဝတ်ဆင်ကြပါဘူး။ အမျိုးသားများ အများဆုံးဝတ်ဆင်ကြတာတော့ မင်္ဂလာလက်စွပ်ပါပဲ။ ဒါမဲ့ တိုးတတ်ပြောင်းလဲလာတဲ့ ဖက်ရှင် ရေစီးကြောင်းအရ လက်စွပ်တွေရဲ့ ဖက်ရှင် အလားအလာကို စတင်နားလည်လာ ကြပါတယ်။ အမျိုးသားများရဲ့ ဖက်ရှင်အတွက် လက်စွပ် များက ၂၀၂၂ ခုနှစ်တွင် ပိုမို ကျယ်ပြန့်လာပါတယ်။ ယနေ့ခေတ်တွင် အမျိုးသားများအတွက် ယောကျာ်းဆန်သောလက်စွပ်များ ကို ဈေးကွက်မှာ အများအပြားတွေ့လာရပါတယ်။ ရိုးရှင်းတဲ့ ပုံစံနဲ့လက်စွပ် တစ်ကွင်း က ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ပိုမိုမိမိုက်စေအောင် အားဖြည့်ပေးမဲ့ Accessories များပဲ ဖြစ်ပါတယ်။ ဖက်ရှင်ကို ကွီးတို့စိတ်ကြိုက် တီထွင်ဖန်တီး လို့ရပါတယ်။

Source : Classy Men Collection

Featured Photo : Hiconsumption