ကွီးတို့ရဲ့ ဖက်ရှင် ကို ကြည့်ကောင်း နေအောင် ဖန်တီးချင်တယ်ဆိုရင် ဘယ်လို ဖက်ရှင် အသုံးအဆောင် ပစ္စည်းများကို ဦးစားပေးကာ ဝယ်ယူသင့်သလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ မသိသေးဘူး ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို လေ့လာကြည့်လိုက်ပါ။

ကွီးတို့ဆီမှာ အခုဖော်ပြသွားမယ့် အသုံးအဆောင်ပစ္စည်းတွေ အားလုံး ရှိတယ်ဆိုရင်တော့ ကွီးတို့က တကယ့်ကို ဆော်ကြည်ဘဲ တစ်ဗွေ တစ်ယောက်ဆိုတာ ငြင်းနေစရာတောင် မလိုပါဘူး။

အိတ်များ

bags

ရုံးသွား ရုံးတက်လုပ်တဲ့အခါမှာ ကွီးတို့သည် အိတ်တစ်လုံးနဲ့ သယ်သွားလေ့ရှိကြမှာပါ။ လက်ပ်တော့ အိတ်လည်း ဖြစ်နိုင်သလို၊ ကျောပိုးအိတ်၊ ဘေးလွတ်အိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ အိတ်များကိုလည်း အမျိုးအစား စုံလင်အောင် ဝယ်ယူထားသင့်ပါတယ်။​

တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းများ

grooming

ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်ရင် ကွီးတို့သည် တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလည်း ဦးစားပေးဖို့ လိုအပ်ပါတယ်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်ဖို့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများကိုလည်း စုံလင်နေအောင် ဝယ်ယူထားသင့်ပါတယ်။

ခါးပတ်

belt

ခါးပတ်တွေက ကွီးတို့အတွက် အရေးပါတဲ့အသုံးအဆောင်များထဲမှာ တစ်ခု ဖြစ်သော်လည်း အများစုကတော့ ခါးပတ်တွေကို သိပ်ပြီးအလေးထားလေ့ မရှိကြပါဘူး။ အမှန်တကယ်တော့ ကွီးတို့ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်ကို ခါးပတ်တွေက အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် စတိုင်လ်ကျတဲ့ အမျိုးသား တစ်ယောက်ဖြစ်ချင်ရင် အလန်းစား ခါးပတ် တွေကိုလည်း ပိုင်ဆိုင် ထားမှ တော်ရာကျပါလိမ့်မယ်။

မျက်မှန်အကြည်

ဖက်ရှင် ကြည့်ကောင်း

ကွီးတို့က ပါဝါမျက်မှန် မတပ်ရဘူးဆိုရင်တော့ အလှမျက်မှန် အကြည်မျိုး တပ်ဆင်ကာ ရှိုးထုတ်နိုင်ပါတယ်။ မျက်မှန် တပ်ထားရင်တော့ ကွီးတို့ ဖက်ရှင်က စမတ်ကျကျနဲ့ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။ ဆော်ကြည်ဘဲ တစ်ဗွေအဖြစ် အသွင်ပြောင်းသွားမှာဆိုတော့ ဒီဖက်ရှင်ကိုလည်း စမ်းကြည့်သင့်ပါတယ်။

ဦးထုပ်

ဖက်ရှင် ကြည့်ကောင်း

ကွီးတို့ ဖက်ရှင် ကို ကြည့်ကောင်း အောင် ကူညီပေးမယ့် နောက်ထပ် ဖက်ရှင် အသုံးအဆောင်ပစ္စည်းတစ်မျိုးကတော့ ဦးထုပ်ပဲဖြစ်ပါတယ်။​ လျှာထိုး ဦးထုပ် တစ်မျိုးတည်းကိုပဲ တရားသေ ဆောင်းတာမျိုးထက်စာရင် အမျိုးအစားမတူတဲ့ ဒီဇိုင်းအမျိုးမျိုးကို ရွေးချယ်ကာ ပြောင်းလဲ ဆောင်းသင့်ပါတယ်။

နေကာမျက်မှန်

ဖက်ရှင် ကြည့်ကောင်း

နေကာမျက်မှန်က ကွီးတို့ကို ဖက်ရှင်ကျစေရုံသာမကဘဲ ကွီးတို့ရဲ့ မျက်လုံး ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ နေကာမျက်မှန် ရွေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးကို သေချာရွေးချယ်သင့်ပါတယ်။​ နောက်ထပ် အရေးကြီးဆုံးကတော့ ကွီးတို့ရဲ့ နေကာမျက်မှန်က ကွာလတီကောင်းတာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

ပိုက်ဆံအိတ်နှင့် Card Holders

ဖက်ရှင် ကြည့်ကောင်း

ကွီးတို့ ဆီမှာ ပိုက်ဆံအိတ်တစ်လုံးလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။ ပိုက်ဆံအိတ်အရောင်ကို အနက်ရောင် (သို့) အညိုရောင် (သို့) နက်ပြာရောင် စသည်ဖြင့် Classic ဆန်တဲ့ အရောင်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ကွီးတို့ ပိုက်ဆံအိတ်က ကိုင်လို့မရတော့လောက်အောင် ဟောင်းနွမ်းနေတယ်ဆိုရင်တော့ အသစ်လဲသင့်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်အတွက်လည်း မကောင်းသလို ငွေလာဘ်လည်း တိတ်တည်းပါတယ်။

နာရီ

ဖက်ရှင် ကြည့်ကောင်း

ယောကျာ်းလေးတစ်ယောက်အတွက် စမတ်ကျကျနဲ့ ခန့်ညားနေဖို့ အများကြီး ဖန်တီးလုပ်ယူစရာ မလိုပါဘူး။ ကိုယ်ဝတ်ဆင် ထားတဲ့ဖက်ရှင်နဲ့ လိုက်ဖက်မှုရှိတဲ့ နာရီကောင်းတစ်လုံး တွဲဖက်ဝတ်ဆင်လိုက်ရင် လုံးဝကို ခန့်ညားပြီး စမတ်ကျနေစေမှာ ဖြစ်ပါတယ်။ နာရီဝတ်ဆင်ခြင်းက သင့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပရော်ဖက်ရှင်နယ် ပီသသူတစ်ယောက်အသွင်ကို ဆောင်စေတာမလို့ မဖြစ်မနေဝယ်ထားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

ကွီးတို့ဆီမှာရော ဘယ်လို ဖက်ရှင် အသုံးအဆောင် ပစ္စည်းတွေ ရှိနေပါသလဲ။

Source: Trendhim.co.uk

Featured Image: Trendhim.co.uk