ဘောင်းဘီသည် ဝတ်ဆင်ရတာ လွတ်လပ်ပေါ့ပါးတာကြောင့် ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင် စတိုင်လ်မျိုး ဖန်တီးချင်တဲ့ ကွီး တို့အတွက် ဘောင်းဘီ သည် မရှိမဖြစ်လိုအပ်တဲ့ အဝတ်အထည်တစ်မျိုးပဲဖြစ်ပါတယ်။
အမျိုးသားဝတ် ဘောင်းဘီ အမျိုးအစား အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ ဖက်ရှင်ကျချင်တဲ့ ကွီးတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဘောင်းဘီ အမျိုးအစားများကို ဖော်ပြပေးချင်ပါတယ်။
ချီနိုဘောင်းဘီများ
ချည်သားနဲ့ ပြုလုပ်ထားပြီး သက်သောင့်သက်သာရှိတဲ့ ဘောင်းဘီလေးတွေကို ဝယ်ဝတ်ချင်တယ်ဆိုရင်တော့ ချီနိုဘောင်းဘီများက အသင့်တော်ဆုံးပါပဲ။
ကာကီဘောင်းဘီများ
ကာကီဘောင်းဘီတွေကလည်း ချီနိုဘောင်းဘီတွေနဲ့ ဆင်တူပါတယ်။ နှစ်ခုစလုံးကတော့ ချည်သားနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကာကီဘောင်းဘီတွေက အသားပိုထူပြီး အနည်းငယ်ပိုလေးပါတယ်။
သိုးမွှေးထည် ဘောင်းဘီများ
ချမ်းအေးတဲ့ရာသီမှာ နွေးနွေးလေး နေချင်တယ်ဆိုရင်တော့ ဒီလိုဘောင်းဘီလေးတွေက ဖက်ရှင် ကျချင်တဲ့ ကွီး တို့အတွက် အသင့်တော်ဆုံး ဘောင်းဘီ ပဲဖြစ်ပါတယ်။
ဂျင်းဘောင်းဘီများ
လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်တဲ့ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီတွေက အသင့်တော်ဆုံးပါပဲ။
ဂျင်းအပြဲဖက်ရှင်
ရိုးရိုးဂျင်းဘောင်းဘီတွေကတော့ ကိုယ်ဝတ်ရင်ဝတ်သလို Casual ပဲဖြစ်ဖြစ် Formal ဖက်ရှင်ပဲဖြစ်ဖြစ် ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ဂျင်းအပြဲကတော့ ပွဲတက်ဖက်ရှင်ထက်စာရင် Casual ဖက်ရှင်အတွက်သာ အသင့်တော်ဆုံးပါပဲ။
စတိုင်လ်ဘောင်းဘီ
ရုံးတက်ရုံးဆင်းဖက်ရှင်၊ ပွဲတက်ဖက်ရှင်များအတွက်တော့ စတိုင်လ်အပြည့်နဲ့ ရှိုးထုတ်နိုင်တဲ့ စတိုင်လ်ဘောင်းဘီက အသင့်တော်ဆုံးပါပဲ။
ယောဂဘောင်းဘီ
ယောဂအားကစား နှစ်သက်သူတွေအတွက်ကတော့ ယောဂဘောင်းဘီသည် မရှိမဖြစ်ဝယ်ထားသင့်တဲ့ ဘောင်းဘီအမျိုးအစားတစ်ခုပါပဲ။
အားကစားဘောင်းဘီ
Gym သွားပြီး Workout သွားဆော့ရင်ပဲဖြစ်ဖြစ် အိမ်မှာပဲ လေ့ကျင့်ခန်း ပြုလုပ်ရင်ပဲဖြစ်ဖြစ် အားကစားဘောင်းဘီတစ်ထည်သည် မရှိမဖြစ် ဝယ်ထားသင့်တဲ့ဘောင်းဘီတစ်မျိုးပါပဲ။
စတိုင်ပန်အပွ
သင့်အနေနဲ့ Fit Size စတိုင်လ်ပန်တွေ မဝတ်ချင်ဘူးဆိုရင်တော့ ဒီလိုမျိုး စတိုင်ပန်အပွဘောင်းဘီလေးတွေကို ရွေးချယ်နိုင်ပါတယ်။
Cargo ဘောင်းဘီ
ဘောင်းဘီအိတ်ကပ်တွေ အများကြီးပါတဲ့ ဘောင်းဘီမျိုးကို ရှာဖွေနေတဲ့ ကွီးတွေအတွက်တော့ ဒီဘောင်းဘီလေးတွေက အသင့်တော်ဆုံးပါပဲ။
ဘောင်းဘီအကွက်
ဖက်ရှင် ကျကျနဲ့ ရှိုးထုတ်ချင်တဲ့ ကွီးတို့အတွက် ဘောင်းဘီအကွက် ဖက်ရှင်တွေသည်လည်း လတ်တလောမှာ ရေပန်းစားနေတဲ့ ဘောင်းဘီတွေပဲဖြစ်ပါတယ်။
ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ ဘောင်းဘီအမျိုးအစား အများအပြားထဲကမှ ဘယ်ဘောင်းဘီအမျိုးအစားတွေကို ပိုင်ဆိုင်ထားပြီးသားဖြစ်ပါသလဲ။
Source: Nextluxury
Featured Image: Toptrendsguide