လူတစ်ကိုယ် အကြိုက်တစ်မျိုးစီ ရှိကြတဲ့အတွက် တစ်ယောက်ရဲ့ ဖက်ရှင် Taste နဲ့ အခြားတစ်ယောက်ရဲ့ ဖက်ရှင် Taste သည် ဘယ်လိုမှတူညီနိုင်မှာ မဟုတ်ပါဘူး။ အချို့က လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေကို ကြိုက်နှစ်သက်ကြပြီး အချို့က စမတ်ကျကျနဲ့ လူကြီးလူကောင်းဆန်တဲ့ ဖက်ရှင်မျိုးကို ကြိုက်နှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့ ရာသီခွင် အလိုက် ဖက်ရှင် ကျအောင် ဝတ်ဆင်ကြတဲ့ ကွီး တို့ရဲ့ နည်းလမ်းတွေသည်လည်း တစ်ယောက်နဲ့တစ်ယောက် တူညီမှာ မဟုတ်ပါဘူး။

ဘယ်လိုဖက်ရှင်စတိုင်လ်တွေက ကိုယ့်ရဲ့ ရာသီခွင် နဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဖက်ရှင် အကျဆုံးဖြစ်အောင် ကူညီပေးမလဲဆိုတာ သိချင်စိတ်ပြင်းပြနေကြတဲ့ ကွီး တို့အတွက် ဖက်ရှင်စတိုင်လ် အမျိုးမျိုးကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

မိဿရာသီဖွား

ရာသီခွင် ဖက်ရှင် ကွီး 

မတ်လ ၂၁ ရက်နေ့နှင့် ဧပြီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မိဿရာသီဖွားများသည် ရဲရင့်ပြီး ထက်မြက်ကြတယ်။ အကြောက်အရွံ့ကင်းတယ်။ ပြိုင်ဆိုင်လိုစိတ် ရှိကြပါတယ်။ သူတို့ရဲ့ ရဲရင့်တဲ့ဟန်ပန်သွင်ပြင်ကို ပိုမိုပေါ်လွင်ချင်တယ် ဆိုရင်တော့ ပိုလိုရှပ်လေးကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ကာ ခါးပတ်ပတ်ကာ ရှိုးထုတ်ထားတဲ့ဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

ဗြိဿရာသီဖွား

ရာသီခွင် ဖက်ရှင် ကွီး 

ဧပြီ ၂၀ ရက်နေ့နှင့် မေလ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ပြိဿရာသီဖွားများကတော့ အမှီအခိုကင်းတယ်။ ရင့်ကျက်တည်ငြိမ် ကြတယ်။ ယုံကြည်စိတ်ချရတဲ့ လူသားတွေပါတယ်။ သူတို့အတွက်ကတော့ အခုလိုမျိုး လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

မေထုန်ရာသီဖွား

ရာသီခွင် ဖက်ရှင် ကွီး 

မေလ ၂၁ ရက်နေ့နှင့် ဇွန်လ ၂၀ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မေထုန်ရာသီဖွားကတော့ အတွေ့အကြုံအသစ်များ ရှာဖွေရတာကို နှစ်သက်ကြပါတယ်။ ဖြတ်ထိုးဉာဏ်ကောင်းကြပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေထိုင်တတ်ကြပါတယ်။ ဒီဖက်ရှင်လေးက သူတို့ကို ဉာဏ်ပိုကောင်းတဲ့လူသားတစ်ယောက်အသွင် ဖြစ်အောင် ဖော်ဆောင်ပေးပါလိမ့်မယ်။

ကရကုဋ်ရာသီဖွား

ရာသီခွင် ဖက်ရှင် ကွီး 

ဇွန်လ ၂၁ ရက်နေ့နဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကြား မွေးဖွားတဲ့ ကရကုဋ်ရာသီဖွားများကတော့ စိတ်ကူးယဉ်ဆန်ပြီး စူးစမ်းလိုစိတ်လည်း ပြင်းပြကြပါတယ်။ ဒါ့အပြင် သူတို့သည် ကိုယ်ချင်းစာတရားလည်း ပေါကြွယ်ဝတဲ့ လူသားတွေပါ။ ထို ရာသီခွင် မျိုးမှာ မွေးဖွားတဲ့ ဖက်ရှင် ချစ်သူ ကွီး တို့ကတော့ အထက်ဖော်ပြပါ ဖက်ရှင်လေးနဲ့ လိုက်ဖက်ပါတယ်။

သိဟ်ရာသီဖွား

ရာသီခွင် ဖက်ရှင် ကွီး 

ဇူလိုင်လ ၂၃ ရက်နေ့နှင့် သြဂုတ်လ ၂၂ ရက်နေ့အကြား မွေးဖွားတဲ့ သိဟ်ရာသီဖွားများကတော့ သဘာဝအလှအပကို နှစ်သက်ကြပြီး စွန့်စားရတာကိုလည်း ခုန်မင်ကြသူတွေ ဖြစ်ပါတယ်။ သဘာဝတရားကို နှစ်သက်တဲ့သူတွေအတွက်ကတော့ အခုလို အရောင်နုဖက်ရှင်လေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

ကန်ရာသီဖွား

kwee fashion

သြဂုတ်လ ၂၃ ရက်နေ့နှင့် စက်တင်ဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ ကန်ရာသီဖွားများကတော့ ကြင်နာတတ်ကြပြီး လွတ်လပ်မှုကို မြတ်နိုးခုန်မင်ကြပါတယ်။ သူတို့အတွက်တော့ အခုလို လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

တူရာသီဖွား

kwee fashion

စက်တင်ဘာလ ၂၃ ရက်နေ့နှင့် အောက်တိုဘာလ ၂၂ ရက်နေ့အတွင်း မွေးဖွားတဲ့ တူရာသီဖွားများကတော့ ညှို့ငင်အား အပြင်းဆုံး လူသားတွေလို့ ဆိုနိုင်ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုညှို့အား ပြင်းမှုကို သဘာဝအတိုင်း ပေါ်လွင်ချင်တယ်ဆိုရင်တော့ အခုလိုအရိုးရှင်းဆုံးဖက်ရှင်လေးကို ရွေးချယ်သင့်ပါတယ်။

ဗြိစ္ဆာရာသီဖွား

kwee fashion

အောက်တိုဘာလ ၂၃ ရက်နေ့နှင့် နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဗြိစ္ဆာရာသီဖွားများကတော့ ဆန်းကြယ်သော အရာများကို စိတ်ဝင်စားကြပါတယ်။ ဆွဲဆောင်မှုအရှိဆုံး ရာသီဖွားဖြစ်တဲ့ အားလျော်စွာ ကိုယ့်ရဲ့ ဖက်ရှင်ကို ဒီလိုစတိုင်လ်မျိုးနဲ့ ပိုမိုဆွဲဆောင်မှုတိုးလာအောင် ဖန်တီးနိုင်ပါတယ်။

ဓနုရာသီဖွား

kwee fashion

နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားကြတဲ့ ဓနုရာသီဖွားများကတော့ ပွင့်ပွင့်လင်းလင်းရှိကြပြီး အရိုးရှင်းဆုံးဘဝကို ဖြတ်သန်းချင်ကြသူတွေပါ။ ထို ရာသီခွင်မှာ မွေးဖွားပြီး အရိုးရှင်းဆုံး ဖက်ရှင် ကို ဖန်တီးချင်တဲ့ ကွီးတို့အတွက်ကတော့ တီရှပ်နှင့် Cargo ဘောင်းဘီ တစ်ထည်၊ Sneakers ဖိနပ်တစ်ရံ ရှိရင်ပဲ လုံလောက်ပါပြီ။

မကာရရာသီဖွား

kwee fashion

ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ဇန်နဝါရီလ ၁၉ ရက်နေ့အတွင်း မွေးဖွားကြတဲ့ မကာရရာသီဖွားများက ရည်မှန်းချက် ကြီးမားသူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ယောကျာ်းဆန်မှုကို ပိုမိုပေါ်လွင်ချင်တဲ့ ကွီးတို့အတွက် ဒီဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

ကုမ်ရာသီဖွား

kwee fashion

ဇန်နဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အကြား မွေးဖွားသူများကတော့ အမြဲတမ်း စွမ်းအင်အပြည့်နဲ့ တက်ကြွလန်းဆန်းနေသူတွေ ဖြစ်ကြပါတယ်။ သူတို့အတွက်ကတော့ အခုလို မျိုးလန်းဆန်းတက်ကြွစေမယ့် ဖက်ရှင်လေးကို ရွေးချယ်နိုင်ပါတယ်။

မိန်ရာသီဖွား

kwee fashion

ဖေဖော်ဝါရီလ ၁၉ ရက်နေ့နှင့် မတ်လ ၂၀ ရက်နေ့အကြား မွေးဖွားကြသူများသည် တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားကြသူများ ဖြစ်ကြပါတယ်။ ဆန်းသစ်တီထွင်မှုကို နှစ်သက်သူများအနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်နဲ့ အများနဲ့မတူ တစ်မူထူးခြားအောင် အခုလိုဖန်တီး ဝတ်ဆင်နိုင်ပါတယ်။

Source: Ties