ဖက်ရှင် ကျကျ ဂေါ် ချင်တယ်ဆိုတဲ့ ဘီးကျဲတို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ တက်တူးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တက်တူးနဲ့ ဂေါ်ချင်တယ်ဆိုရင် ဖက်ရှင် ကျကျ ဂေါ် နေကျတဲ့ ဆယ်လီတွေဖြစ်တဲ့ Harry Styles ၊ Pete Davidson နှင့် David Beckham တို့ရဲ့ ဖက်ရှင်စတိုင်လ်ကို ရှိုးနိုင်ပါတယ်။

ကွီးတို့လည်း ထိုနာမည်ကြီး ဆယ်လီတွေလိုမျိုး ဖက်ရှင် ကျကျ ဂေါ် ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးများကို ရွေးချယ်နိုင်ပါတယ်။ ဒီတက်တူးများကတော့ ကွီးတို့ရဲ့ လက်ပေါ်မှာ ရေးထိုးနိုင်တဲ့ Hand Tattoos များပဲဖြစ်ပါတယ်။

အရိုးခေါင်းပုံ တက်တူး

ဖက်ရှင် ဂေါ်

အရိုးခေါင်းပုံ တက်တူးများသည် အမျိုးသားများကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။ ပုံထဲကအတိုင်း တစ်ထပ်တည်းတူအောင် ရေးဆွဲနိုင်သလို ဒီဇိုင်းတစ်မျိုးပြောင်းပြီးလည်း ရေးဆွဲနိုင်ပါတယ်။

ရိုးရှင်းတဲ့ စာလုံးပုံ တက်တူး

ဖက်ရှင် ဂေါ်

ပထမဆုံးအကြိမ်အဖြစ် တက်တူးထိုးမယ့်သူများအနေနဲ့ နာမှာကြောက်တယ်ဆိုရင်တော့ တက်တူးအသေးစားနှင့် အရိုးရှင်းဆုံးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး စာလုံးပုံ တက်တူးများကလည်း ရိုးရှင်းပြီး အထာကျနေစေမှာ ဖြစ်ပါတယ်။

လိပ်ပြာပုံတက်တူး

ဖက်ရှင် ဂေါ်

လိပ်ပြာပုံတက်တူးများသည်လည်း အမျိုးသားများအကြား ရေပန်းစားတဲ့ တက်တူးအမျိုးအစားများအနက် တစ်ခုအပါအဝင်ပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လိပ်ပြာပုံတက်တူးကို ဘယ်လို ဒီဇိုင်းရေးဆွဲမလဲဆိုတာတော့ ကွီးတို့အပေါ် မူတည်ပါတယ်။ လိပ်ပြာပုံတက်တူးများရဲ့ အနက် အဓိပ္ပါယ်ကတော့ လွတ်လပ်ခြင်း၊ စိတ်ဝိညာဥ်၊ ချစ်ခြင်းတရား၊ အသစ်တစ်ဖန် ပြောင်းလဲခြင်း၊ အသစ်တစ်ဖန် ပြန်လည် မွေးဖွားခြင်းတို့ကို ကိုယ်စားပြုပါတယ်။

ကျားပုံတက်တူး

ဖက်ရှင် ဂေါ်

ကျားပုံတက်တူးများကတော့ သန်မာခြင်း၊ ခွန်အားကြီးမားခြင်း၊ ဥာဏ်အမြော်အမြင်ရှိခြင်း၊ ဥစ္စာဓန ပေါကြွယ်ဝခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ကွီးတို့ လက်ပေါ်မှာ တက်တူးထိုးမယ်ဆိုရင်တော့ ကျားခေါင်းပုံ တက်တူးကတော့ အသင့်တော်ဆုံးပါပဲ။

လက်ချောင်းများပေါ်မှာ တက်တူးရေးထိုးခြင်း

hand tattoos

လက်ချောင်းများ တစ်ချောင်းချင်းစီအပေါ်မှာ စာလုံးများကို ရေးထိုးခြင်းသည်လည်း လတ်တလောမှာ ခေတ်စားနေပါတယ်။ ဒီတက်တူးအိုင်ဒီယာကတော့ လက်ခုံတစ်ခုလုံးအပေါ်မှာ တက်တူးမထိုးချင်သူများအတွက် သင့်တော်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

နှင်းဆီပုံ တက်တူးဒီဇိုင်း

hand tattoos

ဒီတက်တူးဒီဇိုင်းကတော့ လက်ခုံပေါ်မှာ နှင်းဆီပန်းတစ်ပွင့်ထိုးထားပြီး ကျန်နေရာတွေမှာလည်း တက်တူးအသေးစား ထိုးထားတာပဲဖြစ်ပါတယ်။ ဒီတက်တူးဒီဇိုင်းလေးက ရိုးရိုးရှင်းရှင်းနဲ့ မိမိုက်နေတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကင်းမြီးကောက်ပုံ တက်တူးဒီဇိုင်း

hand tattoos

ကင်းမြီးကောက်ပုံ တက်တူးများကတော့ ကြောက်ရွံ့ခြင်း၊ အကာအကွယ်ပေးခြင်းတို့ကို ညွှန်ပြနေတဲ့ တက်တူးဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွားများအတွက်လည်း ဒီကင်းမြီးကောက်ပုံတက်တူးများသည် အထာကျကျ မိမိုက်နေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Dmarge

Featured Image: Dmarge