ဖက်ရှင် ချစ်သူ ကွီးတို့အနေနဲ့ ကမ္ဘာပေါ်တွင် တီရှပ် ဒီဇိုင်း အမျိုးအစားများ ဘယ်နှမျိုးခန့်ရှိသလဲဆိုတာ သိပြီးပါပြီလား။ တီရှပ်များကို ဖက်ရှင် ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင် တီရှပ် ဒီဇိုင်း အမျိုးအစားများကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဘယ်တီရှပ်ဒီဇိုင်းနဲ့ဆိုရင် ဘယ်လိုလေး ဝတ်မယ်၊ ဘယ်လိုမျိုး ရှိုးထုတ်မယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

လည်ပင်းအဝိုင်းဖက်ရှင်

t-shirt fashion

လည်ပင်းပေါက်အဝိုင်းကတော့ အမျိုးသားတော်တော်များများ ဝတ်ဆင်ကြတဲ့ ဖက်ရှင်ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ပြင်ဆင်ထားပေမယ့်လို့ ကွီးတို့ကို လုံးဝ စတိုင်လ်မိမိုက်နေအောင် ကူညီပေးမယ့် ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

လည်ပင်းပေါက် ဗွီပုံသဏ္ဍာန် ဖက်ရှင်

t-shirt fashion

V Shape အင်္ကျီ ဒီဖိုင်းလေးပဲဖြစ်ပါတယ်။ ဒီ ဒီဇိုင်းလေးရဲ့ အားသာချက်ကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပိန်ပိန်သွယ်သွယ် ဖြစ်သွားအောင်လို့ ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လည်ပင်းပေါက်က Y ပုံသဏ္ဍာန်ရှိ ဖက်ရှင်

t-shirt fashion

လည်ပင်းပေါက် အဝိုင်းနားကိုမှ ကြယ်သီးလေး တပ်ပေးထားပြီး ထိုကြယ်သီးများကို ဖြုတ်ထားလိုက်မယ်ဆိုရင်တော့ Y ပုံသဏ္ဍာန် တီရှပ်ဒီဇိုင်းလေး ဖြစ်သွားပါပြီ။ ကြွက်သားများနှင့် ကြည့်ကောင်းတဲ့ အမျိုးသားများနှင့် လိုက်ဖက်တဲ့ တီရှပ်ဒီဇိုင်းပဲ ဖြစ်ပါတယ်။

ပိုလိုတီရှပ်ဖက်ရှင်

t-shirt fashion

စမတ်ကျကျ ဖက်ရှင် မျိုးကို ဖန်တီးချင်တဲ့ အမျိုးသားများအတွက်တော့ ပိုလို တီရှပ် ဖက်ရှင်ဒီဇိုင်းများက အသင့်တော်ဆုံးပါပဲ။ ဒီတီရှပ် ဒီဇိုင်းလေးကတော့ ဂေါ့ဖ် အားကစားချစ်သူများအကြား ရေပန်းစားပါတယ်။

လက်ရှည် တီရှပ်

t-shirt fashion

အရောင် နှစ်ရောင်စပ် လက်ရှည် တီရှပ်ဒီဇိုင်းလေးဖြစ်ပါတယ်။ လူဆန်ဆန်ပြီး ပေါ့ပါးလွတ်လပ်တဲ့အသွင်ကို ဖန်တီးပေးနိုင်ပါတယ်။

Sexy ကျတဲ့ လက်ပြတ်တီရှပ်

ဖက်ရှင် တီရှပ်

မိမိရဲ့ လက်မောင်းကြွက်သားများကို ဖော်ပြချင်တဲ့ ကွီးတို့အတွက်တော့ ဒီလက်ပြတ်တီရှပ်များကတော့ Sexy ကျပြီး လှပနေစေမှာဖြစ်ပါတယ်။

လက်မောင်းတစ်ဝက် တီရှပ်

ဖက်ရှင် တီရှပ်

ဒီအင်္ကျီ ဒီဇိုင်းကတော့ လက်မောင်းတစ်ခုလုံးကို အပြည့်အုပ်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ တစ်ဝက်အုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဖက်ရှင်လောကထဲမှာတော့ ဝတ်ဆင်သူ နည်းပါတယ်။

လက်ရှပ်တီရှပ်

ဖက်ရှင် တီရှပ်

ဒီ ဖက်ရှင် ဒီဇိုင်းကတော့ လက်ရှည် တီရှပ်ကိုမှ အင်္ကျီလက်ကို ခေါက်ထားတာပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနှင့် ကြည့်လို့ကောင်းစေမှာ ဖြစ်ပါတယ်။

Slim Fit တီရှပ်

ဖက်ရှင် တီရှပ်

ဒီ ဒီဇိုင်းသည်လည်း လူငယ်များအကြား ရေပန်းစားလူကြိုက်များပါတယ်။ အပေါ်ကနေ ဂျက်ကတ်လေးတစ်ထပ် ထပ်ဝတ်တာပဲဖြစ်ဖြစ်၊ အပေါ်ဝတ်တီရှပ်လေး တစ်ထပ် ထပ်ဝတ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

တီရှပ်အပွဖက်ရှင်

ဖက်ရှင် တီရှပ်

ပွပွယောင်းယောင်း ဖက်ရှင်စတိုင်လ်လေးကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးကို ရွေးချယ်နိုင်ပါတယ်။ ရက်ပ်ပါတွေကြားထဲမှာ ရေပန်းစားတဲ့ ဖက်ရှင်ဒီဇိုင်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Muscle Fit စတိုင်လ် တီရှပ်

ဖက်ရှင် တီရှပ်

မိမိကြွက်သားများကို မြင်သာထင်သာအောင် ပြသချင်တယ်ဆိုရင်တော့ Muscle Fit ဖက်ရှင် စတိုင်လ် တီရှပ် လေးကိုသာ ရွေးချယ်လိုက်ပါ။

အိပ်ကပ်ဒီဇိုင်း တီရှပ်

ဖက်ရှင် တီရှပ်

အိတ်ကပ်လေး ကပ်ထားတဲ့ တီရှပ် ဒီဇိုင်းလေးဖြစ်ပါတယ်။ အိတ်ကပ်ဒီဇိုင်းနဲ့ ရှိုးထုတ်ချင်သူများအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။

ဟူဒီတီရှပ်

ဖက်ရှင် တီရှပ်

တီရှပ်လက်မရှည် တရှည်ကိုမှ ဟူဒီစတိုင်လ်နဲ့ ပေါင်းစပ်ထားတဲ့ ဖက်ရှင်စတိုင်လ်ဖြစ်ပါတယ်။ လူငယ် လူရွယ်များအကြား ရေပန်းစားပါတယ်။

ဒီ ဖက်ရှင်စတိုင်လ်များကတော့ တီရှပ်ဖက်ရှင်နဲ့ ပတ်သက်လာရင် သိထားသင့်တဲ့ ဖက်ရှင်ဒီဇိုင်းများပဲဖြစ်ပါတယ်။

Source: Bewakoof

Featured Image: Themanual