ကွီးတို့က ဖက်ရှင် ကျကျ ဆွဲဆောင်မှုရှိတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်ချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ခေါင်းအစ ခြေအဆုံး ပြီး ပြည့်စုံနေအောင် ကြိုးစားဖို့ လိုပါတယ်။ ဒီလိုမျိုး ဖက်ရှင် ကျကျ ပြီး ပြည့်စုံတဲ့ အမျိုးသားတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက်များကို သိထားဖို့တော့ လိုပါလိမ့်မယ်။

ဒီလျှို့ဝှက်ချက်များကို သိထားရုံနဲ့လည်း မပြီးသေးပါဘူး။ သေချာလိုက်လံကျင့်သုံးမှ ကွီးတို့ရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ပွင့်ဖြစ်မှာပါ။

(၁) ရှပ်အင်္ကျီများကို သူ့နေရာနဲ့သူ ဝတ်ဆင်တတ်ပါစေ

ရှပ်အင်္ကျီ

ရှပ်အင်္ကျီ အမျိုးအစား အများအပြားရှိတယ်ဆိုတာ ကွီးတို့ သိကြပါလိမ့်မယ်။ Dress Shirt ၊ ပိုလိုရှပ်၊ လီနင်ရှပ်၊ အောက်ဖို့ဒ်ရှပ်၊ လက်တိုရှပ်အင်္ကျီဆိုပြီး ရှပ်အမျိုးအစားရှိပါတယ်။ ထိုရှပ်အင်္ကျီများကို သူ့နေရာဒေသနဲ့ လိုက်ဖက်စွာ ဝတ်စား ဆင်ယင်မှသာလျှင် ကွီးတို့က ဖက်ရှင်ကျ ခေတ်မီတဲ့ အမျိုးသားတစ်ယောက်ဖြစ်မှာပါ။

(၂) လက်ပတ်နာရီများ

လက်ပတ်နာရီများ

လက်ပတ်နာရီတွေကိုလည်း သေချာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။​ ကွလာလတီကောင်းပြီး ဒီဇိုင်း မိမိုက်တဲ့ လက်ပတ်နာရီတစ်လုံးက ကွီးတို့ရဲ့ ဖက်ရှင်ကို စမတ်ကျသွားစေမှာ အမှန်ပါပဲ။ လက်ပတ်နာရီ ရွေးချယ်ရတာ ခေါင်းမစားချင်ဘူးဆိုရင်တော့ အနက်ရောင် လက်ပတ်နာရီကို ရွေးချယ်သင့်ပါတယ်။ အနက်ရောင် လက်ပတ်နာရီက နန်းဆန်ပြီး ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။

(၃) အရောင် ရွေးချယ် တတ်ပါစေ

ဖက်ရှင် ပြီး

ကွီးတို့အနေနဲ့ အရောင်ရွေးချယ်ရာမှာ အပေါ်အောက်ဆင်တူရှိတဲ့ အရောင်ရင့်မျိုးတွေက အသင့်တော်ဆုံးပါပဲ။ ဒီလိုတွဲစပ်ဝတ်ဆင်ခြင်းဟာ ကွီးတို့ကိုအရပ်ပိုရှည်သယောင် ဖြစ်စေမယ့်အပြင် စမတ်ကျတဲ့ Gentleman တစ်ယောက် အသွင်ဆောင်ကိုလည်း ဆောင်စေမှာဖြစ်ပါတယ်။ အလျားလိုက်အစင်းကြောင်းမျိုးထက် ဒေါင်လိုက်အစင်းကြောင်းမျိုးပါတဲ့ Pattern အင်္ကျီ၊ ဘောင်းဘီမျိုးပဲ ရွေးချယ်ပါ။ အရောင်နဲ့ Pattern တွဲစပ်ဝတ်ဆင်ပါ။

(၄) တက်တူးနဲ့လည်း ဖက်ရှင်ကျကျ လန်းနိုင်ပါတယ်

ဖက်ရှင် ပြီး

ကွီးတို့ ခန္ဓာကိုယ်မှာ တက်တူးရေးထိုးထားခြင်းအားဖြင့် လှပတဲ့ ပန်းချီကားတစ်ချပ်ကို ပုံဖော်နိုင်ပါသေးတယ်။ သေသပ်လှပတဲ့တက်တူးဒီဇိုင်းများက ကွီးတို့ဖက်ရှင်ကို မိမိုက်စေတာကြောင့် တက်တူးထိုးတဲ့အခါ လှလှပပရေးထိုးနိုင်တဲ့ တက်တူးပညာရှင်များထံတွင်သာ သွားရောက်ရေးထိုးဖို့ အကြံပေးချင်ပါတယ်။

(၅) ချီနိုဘောင်းဘီတွေက လွတ်လပ်ပေါ့ပါးသလို ဖက်ရှင်လည်း ကျပါတယ်

ဖက်ရှင် ပြီး

Chino တွေက ဒင်နာပါတီတွေမှာ ဝတ်မလား ၊ အလုပ်ပါးတဲ့ ရက်တွေ လမ်းလျှောက်ထွက်မလား ၊ အိမ်မှာပဲ Staycation နေမလား ချီနိုဘောင်းဘီနဲ့ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

Chino တွေထဲမှာလည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ကွီးတို့အနေနဲ့ တည့်ပွ ဆွဲသားချီနိုဘောင်းဘီလေးတွေ ဝတ်မလား၊ ဒါမှမဟုတ် Slim Fit ဘောင်းဘီလေးတွေ ကြိုက်သလား။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး စတိုင်လ် အမျိုးမျိုး ထုတ်နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ မော်ဒယ်တွေ၊ မင်းသားတွေ ဘာလို့ ဒီလောက်တောင် ဖက်ရှင်ကျနေရသလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Fashionbeans

Featured Image: Freepik