ဖက်ရှင် ရေစီးကြောင်း ဆိုတာသည် သူ့ခေတ် သူ့အခါနဲ့လိုက်ပြီး ပြောင်းလဲတတ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဖက်ရှင် ရေစီးကြောင်း ပေါ် လိုက်ပြီး မပြောင်းလဲတတ်ဘူးဆိုရင်တော့ ကွီးတို့သည် အခြားသူတွေနောက်မှာ နောက်ကောက်ကျ ကျန်ခဲ့မှာပဲ ဖြစ်ပါတယ်။ တခြားဘီးကျဲတွေက ဆော်ကြည်နေချိန်မှာ ကွီးတို့က ချိန်ပါကြီး ဖြစ်နေပါလိမ့်မယ်။

ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ဖက်ရှင်တွေကို စတိုင်လ်ကျကျ ဝတ်ဆင်တတ်ဖို့ဆိုရင်တော့ အခုလို ဖက်ရှင်စတိုင်လ်တွေကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။

(၁) ရှပ်အဖြူနဲ့ ဂျင်းအပြဲ ဖက်ရှင်

ရှပ်အဖြူနဲ့ ဂျင်းအပြဲ

Photo: Unsplash

ဒီဖက်ရှင်လေးကတော့ လူငယ်တွေကြား ခေတ်စားတဲ့ ဖက်ရှင်တစ်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းပြီး ကွီးတို့ကိုလည်း ဖက်ရှင်ကျစေတဲ့ စတိုင်လ်တစ်မျိုးပါ။ ဟိုနား ဒီနားသွား ပေါ့ပေါ့ပါးပါး ဖက်ရှင်အနေနဲ့လည်း ဝတ်ဆင်နိုင်သလို ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ဒိတ်ထားလို့ လှတပတလေး ဝတ်စားသွားချင်တယ်ဆိုလည်း ဒီဖက်ရှင်က ကွက်တိကျမှာပဲ ဖြစ်ပါတယ်။

(၂) စမတ်ကျစေမယ့် ဖက်ရှင်

စမတ်ကျ

Photo: Unsplash

ဒီလိုဒီဇိုင်းကာလာ အနေအထားလေးကတော့ ကွီးတို့ကို စမတ်ကျကျနဲ့ Gentleman ဆန်ဆန် ကြည့်ကောင်းစေမယ့် ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ ပွဲတက်အခမ်းအနားများနဲ့လည်း လိုက်ဖက်မှာဖြစ်သလို အစည်းအဝေးပွဲများ၊ အရေးကြီး မီတင်များ တက်ရတဲ့အခါမှာလည်း ဒီဖက်ရှင်က ကွီးတို့ကို ပွဲလယ်တိုးစေမှာ အမှန်ပါပဲ။

(၃) ဂျင်းအကြပ် ဖက်ရှင်

ဖက်ရှင် ရေစီးကြောင်း

Photo: Pinterest

အမျိုးသားထုကြီးလည်း ဂျင်းအကြပ် ဝတ်ပြီး ရှိုးထုတ်လို့ မရဘူးလို့ ဘယ်သူက ပြောလဲ။​

ကွီးတို့လည်း ဂျင်းအကြပ် ဝတ်ကာ ခပ်မိုက်မိုက် ရှိုးထုတ်လို့ရပါတယ်။​ ဂျင်းအကြပ်ကိုမှ ထပ်ပြီး ဆက်စီဆန်ဆန် ရှိုးထုတ်ချင်တယ်ဆိုရင်တော့ အပေါ်ရှပ်အင်္ကျီ ကြယ်သီးနှစ်လုံး၊ သုံးလုံးလောက် ဖြုတ်ဝတ်လို့ရပါသေးတယ်။ ဝမ်းဗိုက်ကြွက်သားနဲ့ ရင်းအုပ်ကြွက်သား ရှိတဲ့ ကွီးတို့အတွက်ကတော့ ပိုပြီး ဆက်စီကျနေမှာပါ။

(၄) အင်္ကျီအကွက် ဖက်ရှင်

ဖက်ရှင် ရေစီးကြောင်း

Photo: Unsplash

ဖက်ရှင် ရေစီးကြောင်း မှာ နောက်ထပ် ခေတ်စားနေတဲ့ ဖက်ရှင်တစ်မျိုးကတော့ အင်္ကျီအကွက်ဖက်ရှင်ပဲဖြစ်ပါတယ်။ ကွီးတို့က လူငယ်ဆန်ဆန် ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ရှပ်အင်္ကျီအကွက်ကို ဘောင်းဘီအပြင်မှာပဲ ထုတ်ဝတ်သင့်ပြီး စမတ်ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဘောင်းဘီအထဲ ထည့်ကာ ဝတ်ဆင်သင့်ပါတယ်။

(၅) ဘောင်းဘီအတို ဖက်ရှင်

ဖက်ရှင် ရေစီးကြောင်း

Photo: Standout

နောက်ထပ် ခေတ်စားတဲ့ ဖက်ရှင်အမျိုးအစားတစ်ခုကတော့ ဘောင်းဘီတိုဖက်ရှင်ပဲဖြစ်ပါတယ်။ ကွီးတို့က ထသွား ထလာ ဟိုနား ဒီနားသွားတဲ့အခါ ဖက်ရှင်ကျကျ ရှိုးထုတ်ချင်တယ်ဆိုရင် တီရှပ်တစ်ထည်ကို ဘောင်းဘီတိုနဲ့သာ တွဲဝတ်လိုက်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှု တိုးနေမှာ မယုံမရှိပါနဲ့။

(၆) ရုပ်ရှင်မင်းသားစတိုင်လ်

ဖက်ရှင် ရေစီးကြောင်း

Photo: Outfittrends

ကွီးတို့က မော်ဒယ်တို့၊ ရုပ်ရှင်မင်းသားတို့လိုမျိုး ရှိုးထုတ်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ဝတ်ဆင်သင့်ပါတယ်။ ဆွယ်တာအပါးတစ်ထည်ကို ပုခုံးနားမှာ သိုင်းထားပြီး ခပ်မိုက်မိုက်လေး ရှိုးထုတ်ကြည့်လိုက်ပါ။ ပျိုမဒီလေးတွေ သမင်လည်ပြန်တောင် ငေးယူကြပါလိမ့်မယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖက်ရှင်တွေထဲက ဘယ်ဖက်ရှင်နဲ့ ရှိုးထုတ်ဖူးပါသလဲ။

Featured Image: Esquire