ဖက်ရှင် အလွဲ တွေကို သိလျက်သားနဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ပြုလုပ်မိတယ်ဆိုရင် ကွီးတို့ရဲ့ ဖက်ရှင်က ကြည့် ရဆိုးသွားမှာ အမှန်ပါပဲ။ ကွီးတို့ဖက်ရှင်က ကြည့်ရဆိုးနေရင် ဘယ်စကီလေးကမှ သမင်လည်ပြန် လှည့်ကြည့်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဖက်ရှင် အလွဲ တွေကို ရှောင်နိုင်ပြီး ကိုရီးယား မင်းသားလို ကြည့် ကောင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင် အလွဲများကို ရှောင်ကြဥ်နိုင်မှ တော်ရာကျပါလိမ့်မယ်။

မီးပူမတိုက်ထားဘဲ တွန့်ကြေနေတဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်း

man wearing wrinkled clothes

ကျွန်တော်တို့ ယောကျာ်းထုကြီးက များသောအားဖြင့် မီးပူတိုက်ရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ့်အမေ (သို့) အိမ်သူသက်ထား (သို့) တစ်ယောက်ယောက်က တိုက်ပေးတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ကြတာကြောင့် တစ်ယောက်တည်း နေတဲ့အခါ ဖြစ်သလိုပဲ နေလိုက်ကြပါလေရော။ ဒီလိုနဲ့ပဲ အပြင်ထွက်တဲ့အခါ မီးပူမတိုက်ထားဘဲ တွန့်ကြေနေတဲ့ အဝတ်အစားများနဲ့ နှစ်ပါးသွားလိုက် ကြပါတော့တယ်။ ကွီးတို့သည် မီးပူမတိုက်ထားတဲ့ အဝတ်အစားများကို များများ ဝတ်ဆင်လေ ကွီးတို့ ဖက်ရှင်က ကြည့်ရဆိုးလေပါပဲ။

စွန်းထင်းနေတဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်း

ဖက်ရှင် အလွဲ ကြည့်

ဆီစွန်းတာပဲဖြစ်ဖြစ်၊ အဝတ်အစားတွေကို အရောင်ပါတဲ့ အဝတ်အစားနဲ့ ရောလျှော်မိလို့ စွန်းထင်းသွားတဲ့ အဝတ်အစားများကို အပြင်သွားတဲ့အခါမှာ မဝတ်ဆင်သင့်တော့ပါဘူး။ ဒါ့ကြောင့် ဈေးကြီးတဲ့ အကောင်းစား အဝတ်အစားများဆိုရင်တော့ သေသေချာချာ လျှော်ဖွတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အစွန်းအထင်းများ စွန်းပေနေတဲ့ အဝတ်အစားများကို ဝတ်ဆင်တဲ့အခါ ကွီးတို့ ဖက်ရှင်က ဘယ်လိုမှကို ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး။

ကွီးတို့နဲ့ မတော်ဘဲ ကြပ်ထုတ်နေတဲ့ အဝတ်အစားများ (သို့) ပွယောင်းလွန်းသော အဝတ်အစားများကို ဝတ်ဆင်ခြင်း

ဖက်ရှင် အလွဲ ကြည့်

ပန့်ခ်ဖက်ရှင်လိုလို ကြပ်ထုတ်တာတွေ ဝတ်၊ ရက်ပါလိုလို ပွယောင်းပြီး ကြီး လွန်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရတာ ဖက်ရှင်လို့ ကွီးတို့ ထင်နေပါသလား။

ဒါဆိုရင်တော့ လုံးလုံးကြီးကို မှားနေပါပြီ။ အမှန်တကယ် ဖက်ရှင်ကျချင်တယ်ဆိုရင် ကွီးတို့ရဲ့ အဝတ်အစားက ခန္ဓာကိုယ်နဲ့ ကွက်တိကျနေတာမျိုးကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ နို့မဟုတ်ရင်တော့ ကွီးတို့ ဖက်ရှင်က ကြည့်ရဆိုးနေမှာ မယုံမရှိပါနဲ့။

ခြေညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်များကို ခြေအိတ်နဲ့ တွဲဖက်ဝတ်ဆင်ခြင်း

ဖက်ရှင် အလွဲ ကြည့်

တချို့တွေ ရှိပါတယ်။ ခြေညှပ်ဖိနပ်တွေ၊ ကွင်းထိုးတွေ ဝတ်တဲ့အခါ ခြေအိတ်ကြီး တကားကားနဲ့ အင်တာနေရှင်နယ်တွေ ဆန်နေတာကို တွေ့မြင်ရပါလိမ့်မယ်။ ကွီးတို့က ခြေအိတ် ဝတ်ချင်တယ်ဆိုရင် Sneakers တို့ ရှူးတို့ ဘွတ်ဖိနပ်တို့နဲ့ တွဲဖက် ဝတ်ဆင်သင့်ပါတယ်။ နိုင်ငံတကာမှာကတော့ ခြေချောင်းတွေကို အများ မမြင်အောင် ဖုံးထားတဲ့ အလေ့အထမျိုး ရှိကြပါတယ်။ ဒါ့ကြောင့် အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် အပျော်ခရီးကြောင့်ပဲဖြစ်ဖြစ် နိုင်ငံခြားရောက်နေတယ်ဆိုရင် ခြေညှပ်ဖိနပ်တွေ ကွင်းထိုးတွေကို မဝတ်ပါနဲ့။ ကိုယ့် နိုင်ငံမှာ ဝတ်တယ်ဆိုရင်လည်း ခြေအိတ် ဝတ်စရာမလိုပါဘူး။ မြန်မာနိုင်ငံရဲ့ ရာသီဥတုက ကွီးတို့ သိတဲ့အတိုင်း ပူအိုက်တဲ့အတွက်ကြောင့် ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖက်ရှင် အလွဲတွေကို ပြုလုပ်နေမိပြီလား။

Source: Lifestyle.howstuffworks

Featured Image: Autos.yahoo