ကွီးတို့အနေနဲ့ လေဆိပ်ဆင်းတော့မယ်ဆိုရင် Airport ဖက်ရှင် တွေကို ဘယ်လိုမျိုး ရွေးချယ်လေ့ရှိပါသလဲ။ ကိုယ် ရွေးချယ်လိုက်တဲ့ Airport ဖက်ရှင် ကလည်း ဖက်ရှင် တခြား၊ လူတခြား ဖြစ်မနေဘဲ တစ်သားတည်း ကျနေဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် လူအများက သြချယူရလောက်တဲ့ ကြောင်တိကြောင်ကျား ဖက်ရှင်ကြီး ထွက်လာပါလိမ့်မယ်။ အဲ့ဒီလို မဖြစ်ဖို့အတွက် အခုဖော်ပြပေးမယ့် လေဆိပ် ဖက်ရှင်မျိုးတွေကို လိုက်ဝတ်ဆင်ကြည့်ပြီး ရှိုးထုတ်ကြည့်လိုက်ပါ။

သေချာတာ တစ်ခုကတော့ ကွီးတို့ စီးရမယ့် လေယာဥ် ကြာချိန်ကို ထည့်တွက်ဖို့လည်း လိုအပ်ပါသေးတယ်။ နို့မဟုတ်ရင် ရှိုးစမိုး အပြည့် ထုတ်ထားပေမယ့် သက်သောင့်သက်သာ မရှိတဲ့အခါ ကွီးတို့ပဲ စိတ်ညစ်ရမှာမဟုတ်လား။

(၁) ရှပ်အဖြူရောင်နဲ့ သပ်ရပ်ကျော့ရှင်းတဲ့ စတိုင် ဖန်တီးပါ

man fashion

ဒီဖက်ရှင်မှာ သုံးထားတဲ့ အရောင်က နှစ်မျိုးတည်းပါပဲ။ အဖြူရောင်နဲ့ မီးခိုးရောင်ပါ။ ရှပ်အဖြူနဲ့ Sneakers အဖြူရောင်ကို မီးခိုးရောင် ဘောင်းဘီနဲ့ တွဲဖက် ဝတ်ဆင်ထားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဖက်ရှင် အသုံးအဆောင် ပစ္စည်းအတွက်ကတော့ လက်ပတ်နာရီကို ဝတ်ဆင်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။

(၂) လည်ကတုံးပုံ ဂျက်ကတ်နဲ့ ရှိုးထုတ်ပါ

man fashion

အမှန်တော့ ဒီဂျက်ကတ်ကို Bomber ဂျက်ကတ်လို့ ခေါ်ပါတယ်။ ရှေးယခင်က အမေရိကန် စစ်တပ်မှာ ဝတ်ဆင်လေ့ရှိကြတဲ့ ဂျက်ကတ်အမျိုးအစားတစ်ခုပါ။ တဖြည်းဖြည်းနဲ့ ခေတ်ရေစီးကြောင်းအရ အရပ်သားများပါ ဝတ်ဆင်လာကြတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကော်လံက လည်ကတုံး ကော်လံနဲ့ ဆင်တူတဲ့အတွက်ကြောင့် မြန်မာမှု ပြုလိုက်ရင်တော့ လည်ကတုံးပုံ ဂျက်ကတ်လို့ ခေါ်ကြတာပါ။ တီရှပ်အဖြူ၊ မီးခိုးရောင် ဘောင်းဘီ၊ ဖိနပ် အဖြူရောင် ဖက်ရှင်ကိုမှ အပေါ်ကနေ မီးခိုးရောင် Tone နဲ့ ခပ်ဆင်ဆင်တူတဲ့ ဂျက်ကတ်ကို အပေါ်ကနေ ထပ်ဝတ်လိုက်ရတာပါ။

ကွီးတို့က မီးခိုးရောင် မကြိုက်ဘူးဆိုရင်တော့ ဘောင်းဘီ အရောင်ကိုလည်း ပြောင်းလိုက်ပါ။ ပြီးရင် ဂျက်ကတ်ကိုတော့ ဘောင်းဘီအရောင်နဲ့ အရောင် ဆင်တူတဲ့ အရောင်မျိုးကို ရွေးချယ်ကာ ဝတ်ဆင်နိုင်ပါတယ်။

(၃) ဟူဒီများကို ဝတ်ဆင်ပြီး ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုး ဖန်တီးပါ

Airport ဖက်ရှင်

နောက်ဖက်ရှင်တစ်မျိုးကတော့ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကွီးတို့က ပေါ့ပေါ့ပါးပါးနဲ့ အလည်အပတ် ခရီးမျိုး သွားလာရမှာဆိုရင်တော့ ဒီဖက်ရှင်မျိုးနဲ့ ဝတ်ဆင်သွားလာနိုင်ပါတယ်။ အရောင်အတွဲအစပ်ကိုလည်း သေချာ တွဲစပ်တတ်ဖို့ လိုအပ်ပါတယ်။

(၄) ရှပ်လက်ရှည်များနဲ့ ရှိုးထုတ်ပါ

Airport ဖက်ရှင်

ရှပ်လက်ရှည်ကို အောင်က ဂျင်းဘောင်းဘီနဲ့ ပြီးတော့ ဘွတ်ဖိနပ်နဲ့ ရှိုးထုတ်လုပ်မယ်ဆိုရင်တော့ မင်းသား ရှုံး လောက်အောင်ကို ဖက်ရှင်ကျသွားမှာပဲ ဖြစ်ပါတယ်။ ဖက်ရှင် အသုံးအဆောင်ပစ္စည်းမျိုး ထပ်ထည့်ချင်တယ်ဆိုရင်တော့ ခါးပတ်လေးကို အပေါ်ကနေ ထပ်ပတ်ပြီး ရှိုး ထုတ်နိုင်ပါတယ်။

ဒါဆိုရင်တော့ လေဆိပ်ဆင်းတဲ့အခါ ဘယ်လိုမျိုး ရှိုးစမိုး အပြည့်နဲ့ ရှိုးထုတ်ရမလဲဆိုတာကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Pinterest

Featured Image: Marcnolan