ယောကျာ်းလေးတွေအနေနဲ့ အဝတ်စားဝယ်တဲ့အခါ ကိုယ့်ဘီဒိုထဲမှာရှိသင့်တဲ့ အခြေခံအဝတ်အစားတွေကို အရင်ဆုံးရွေးဝယ်တာက ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်မျိုးရနိုင်ပြီး Budget  ချွေတာရာလည်း ရောက်ပါတယ်။ အနည်းဆုံး Jeans ဘောင်းဘီကောင်းကောင်းတစ်ထည်လိုမျိုး ကိုယ့်အတွက်မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဝတ်အစားတွေရှိဖို့ အရေးကြီးပါတယ်။ ပြီးမှ တခြားဈေးကြီးတဲ့ ဝတ်စုံတွေ၊ ဖက်ရှင်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေ ဝယ်ပါ။ ဒါဆို ဖက်ရှင်ကျတဲ့ ယောက်ျားလေးတွေမှာ ဘယ်လို အခြေခံအဝတ်အစား Basic Wear တွေရှိလဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) Shirt အင်္ကျီအဖြူ

Photo : DMARGE

ယောက်ျားလေးတွေအတွက် Shirt အင်္ကျီအဖြူဆိုတာ မဖြစ်မနေဗီရိုထဲမှာရှိဖို့ လိုအပ်တဲ့ Basic အဝတ်အစားတစ်ခုပါ။ စွန်းထင်းလွယ်တယ်ဆိုပေမယ့် Shirt အင်္ကျီအဖြူတွေက ဘာနဲ့တွဲဝတ်ဝတ် လိုက်ဖက်သလို ဖက်ရှင်နဲ့ပတ်သတ်လို့ အရေးပါတဲ့ နေရာမှာရှိတာကြောင့် ကွီးတို့က ဖက်ရှင်ကျချင်တဲ့ အမျိုးသားတစ်ယောက်ဆိုရင်တော့ မရှိမဖြစ်ပါဘဲ။ ရိုးရှင်းပြီးသန့်ပြန့်တဲ့အသွင်အပြင်ကိုပေးနိုင်သလို အဖြူရောင် Shirt အင်္ကျီတထည်က မိန်းကလေးတွေရဲ့အမြင်မှာလဲ ပေါ်လွင်နေမှာသေချာပါတယ်။

(၂) T Shirt အနက်ရောင်

Photo : Men’s Health

နောက်ထပ် ပေါ့ပေါ့ပါးပါးဝတ်လိုရမယ့် Basic Wear ကတော့ T Shirt အနက်ရောင် တစ်ထည်ပါ။T Shirt အနက်ဝယ်မယ်ဆိုရင်တော့ ဈေးနဲနဲကြီးတဲ့အထဲက ရွေးဝယ်ဖို့ကို အကြံ ပြုချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးသက်သာတဲ့ T Shirt အနက်တွေက တစ်ခါနှစ်ခါဝတ်ပြီးလျှော်လိုက်တာနဲ့ ဆေးရောင်ကျသွားတတ်လို့ပါ။ ဈေးကြီးတဲ့ T Shirt အနက်တွေကတော့ ဆေးသားအရောင် ကွာလတီလည်းမိုက်လို့ ခဏခဏဝတ်လို့လည်း အဆင်ပြေပါတယ်။ ဒါ့ကြောင့် T Shirt အနက်ဝယ်ရင် Brand ကောင်းကောင်း တံဆိပ်ကောင်းကောင်းထဲကရွေးဝယ်ဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ အနက် T Shirt တွေ သိပ်မကြိုက်သူဆိုရင်တော့ သန့်သန့် ပြန့်ပြန့်နဲ့ ဖက်ရှင် ကျမယ့် အဖြူရောင် T Shirt တစ်ထည် ဝယ်ထားလိုက်ပါ။

(၃) Jeans Pant

Photo : HiConsumption

အပေါ်ပိုင်းအတွက် စဉ်းစားပြီးရင်တော့ အောက်ပိုင်းကို သွားလိုက်ရအောင်ပါ။ Skinny Jeans လိုပုံစံတွေ ခေတ်စားလာနပေမယ့် ပုံမှန် အပြာရောင် Jeans Pant တစ်ထည်ကတော့ ဘယ်တော့မှရိုးမသွားဘဲ နှစ်ကြာတဲ့အထိ စတိုင်လ်ကျကျ ကြည့်ကောင်းနေစေမှာပါ။ Jeans ဘောင်းဘီကောင်းကောင်းတစ်ထည်ရှိရင် အပေါ်က အားကစားအင်္ကျီနဲ့ပဲ ဝတ်ဝတ် ဒါမှမဟုတ် T Shirt ၊ Polo Shirt တွေနဲ့ ဖြစ်ဖြစ် ဝတ်လို့ အဆင်ပြေပါတယ်။ Brand ကောင်းတာထဲက တစ်ထည်လောက်ဝယ်ထားမယ်ဆိုရင် အချိန်ကြာကြာဝတ်လို့လည်းအဆင်ပြေတဲ့အတွက် Budget လဲကိုက်ပါတယ်။

(၄) နာရီ

Photo : Lifestyle Asia Hong Kong

ဘယ်လိုအသက်မွေးဝမ်းကြောင်းလုပ်တာဖြစ်စေ ယောက်ျားလေးတွေအနေနဲ့ အနည်းဆုံး နာရီကောင်းတစ်လုံးတော့ ရှိထားသင့်ပါတယ်။ နာရီတွေထဲမှာ သားရေလက်ပတ် ဒါမှမဟုတ် သတ္တုကြိုးတပ်ထားတဲ့ နာရီတွေက ပိုကြည့်ကောင်းသလို ဘယ်လိုအဝတ်အစားနဲ့ဖြစ်ဖြစ်လည်း လိုက်ဖက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နာရီဆိုတာ ယောက်ျားလေးတွေရဲ့ ကိုယ့်ပိုင်စတိုင်လ်ကို ဖော်ပြပေးနိုင်တဲ့အတွက် Budget ပေါ်မမူတည်ဘဲ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ့်ရဲ့ ပုံစံကို ပံ့ပိုးပေးနိုင်တဲ့ အမျိုးအစားကိုပဲ ရွေးချယ်သင့်ပါတယ်။

(၅) Shoes ဖိနပ်

Photo : Unsplash

ဖိနပ်တွေက ဝတ်စားဆင်ယင်မှုအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ယောက်ျားလေးတွေအနေနဲ့ ဖိနပ်ရွေးချယ်တဲ့အခါ အဖြူရောင်၊ အနက်ရောင် ဒါမှမဟုတ် အညိုရောင် သားရေနဲ့လုပ်ထားတဲ့ ဖိနပ်တွေထဲက ရွေးချယ်မယ်ဆိုရင် ပိုသင့်တော်ပါတယ်။ ဒီအရောင်တွေက ဘယ်အင်္ကျီအမျိုးအစားနဲ့မဆို လိုက်ဖက်သလို ယောက်ျားလေးတွေနဲ့လည်း ပိုလိုက်ဖက်ပါတယ်။ သားရေဖိနပ်တွေကို ရွေးမယ်ဆိုရင်တော့ သားရေသားမပျက်စီးအောင် ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။ ဒါမှ အချိန်ကြာကြာထိ အသစ်အတိုင်းစီးလိုရမှာဖြစ်ပြီးတော့ မကြာခဏအရောင်တင်ပေးရင်လည်း ကောင်းပါတယ်။

Featured Photo : BroBible