ဖက်ရှင် ချစ်သူများအတွက် Denim ဖက်ရှင်သည် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်စတိုင်လ် တစ်ခုပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဖက်ရှင်ရေစီးကြောင်းတွင် ဒီဇိုင်းအမျိုးမျိုးဖြင့် လူကြိုက်များတဲ့ Denim ဖက်ရှင်သည် အကြမ်းလည်းခံပါတယ်။ ဖက်ရှင်ကျပြီး အကြမ်းလည်းခံတဲ့ အချက်များကြောင့် ယနေ့ထိတိုင် လူကြိုက်များနေရခြင်း ဖြစ်ပါတယ်။

ကွီးတို့ အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ကို ပိုမိုခေတ်မှီဆန်းပြားစေချင်တယ်ဆိုရင်တော့ Denim ဖက်ရှင်များကို စတိုင်လ်ကျကျ ဝတ်ဆင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ကို စတိုင်လ်ကျအောင် ကူညီပေးမယ့် Denim ဖက်ရှင်စတိုင်လ်အမျိုးမျိုးကတော့ …

ဆွယ်တာအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ

jeans fashion

ဒီဖက်ရှင်လေးကတော့ ချမ်းအေးတဲ့ နေ့တွေမှာ ကွီးတို့ကို နွေးနွေးထွေးထွေးနဲ့ ဖက်ရှင်ကျအောင် ကူညီပေးမှာပါ။ အောက်က ရှပ်အင်္ကျီရဲ့ ကော်လံကို အပြင်ဘက် ထုတ်ထားပြီး ကော်လံ ထောင်ထောင်လေး ပြုလုပ်ထားမယ်ဆိုရင်တော့ ကိုရီးယား မင်းသားအလား ကြည့်ကောင်းနေမှာပါ။ ဒီဖက်ရှင်နဲ့ ရှိုးထုတ်ချင်ရင်တော့ ဂျင်းဘောင်းဘီအကြပ်လေး လိုအပ်ပါလိမ့်မယ်။

Denim အပွ ဖက်ရှင်

jeans fashion

ဂျင်းဘောင်းဘီ ခပ်ပွပွလေးကို အပေါ်ကနေ ချည်ထည် အင်္ကျီအကွက်ဖက်ရှင်နဲ့ ရှိုးထုတ်ရမှာပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်ကတော့ လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းအောင် ကူညီပေးပါလိမ့်မယ်။

ပေါ့ပေါ့ပါးပါး Denim ဖက်ရှင်

ဖက်ရှင် Denim

ဂျင်းဘောင်းဘီကို အပေါ်ကနေ တီရှပ်တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။ ဟိုနားဒီနား သွားတဲ့အခါ အလွယ်တကူ ဝတ်ဆင်နိုင်တဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်ပဲ ဖြစ်ပါတယ်။

Denim ဂျက်ကတ်ဖက်ရှင်

ဖက်ရှင် Denim

ဒီဖက်ရှင်လေးကတော့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ ချီနိုဘောင်းဘီနဲ့ တီရှပ် တွဲဖက်ဝတ်ဆင်ထားတာကိုမှ အပေါ်ကနေ ဂျင်းဂျက်ကတ်လေး ထပ်ဝတ်လိုက်တဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဟိတ်ဟန်အပြည့်နဲ့ ကမ္ဘာကျော် မော်ဒယ်တစ်ယောက်အလား ကြည့်ကောင်းသွားစေမှာပါ။

ခေတ်နောက်ပြန်ဖက်ရှင်

ဖက်ရှင် Denim

ဒီဖက်ရှင်လေးကတော့ လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်က ခေတ်စားခဲ့တဲ့ ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင် ဝတ်ဆင်ဖို့ရန်အတွက် ခါးအမြင့် ဂျင်းဘောင်းဘီတစ်ထည် လိုအပ်ပါလိမ့်မယ်။ ထို့နောက် ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ပြီး ဘောင်းဘီက ခါးအထိ မြင့်တက်နေမှာပဲ ဖြစ်ပါတယ်။ အားလုံးထဲမှာ ထင်ပေါ်နေစေချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်လေးကို ရွေးချယ်သင့်ပါတယ်။

Denim အဖြူဖက်ရှင်

ဖက်ရှင် Denim

Denim အဖြူကတော့ လူအများ ဝတ်ခဲတဲ့ ဖက်ရှင်ဒီဇိုင်းတစ်ခုပါ။ အကြောင်းအရင်းကတော့ အဖြူရောင်က အပေမခံလို့ပါပဲ။ ဒါပေမဲ့ ကွီးတို့အနေနဲ့ အနု အရွလေး ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Denim အဖြူ ဘောင်းဘီကို ရွေးချယ်နိုင်ပါတယ်။ အပေါ်ကနေ ကုတ်အင်္ကျီလေး ထပ်ဝတ်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ Look ကို ရရှိမှာပဲဖြစ်ပါတယ်။

Source: Apetogentleman

Featured Image: Freepik