ကိုရီးယား အဖျော်ယမကာ တစ်မျိုးဖြစ်တဲ့ ဆိုဂျူးကို ကွီးတို့သိပြီးသား ဖြစ်မှာပါ။ ကွီးတို့ ကြိုက်နှစ်သက်တဲ့ အဖျော်ယမကာထဲမှာ ကိုရီးယား ဆိုဂျူး ပါပါသလား။ ကိုရီးယားလူမျိုးတွေကလည်း နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြတဲ့ ကိုရီးယား ဆိုဂျူးဟာ ကမ္ဘာပေါ်မှာ တဖြည်းဖြည်းနဲ့ လူသိများလာခဲ့ပါတယ်။ ဆိုဂျူး ကို ကိုရီးယားနိုင်ငံအနှံ့ တွင်သာမက ယခုဆို နိုင်ငံတော်တော် များများမှာပါ အလွယ်တကူ ရရှိနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ဖရဲသီးနဲ့ ကိုရီးယား ဆိုဂျူးနဲ့ ပေါင်းစပ်ပြီးဖျော်စပ်ထားတဲ့ ကော့လ်တေး ကိုမြည်းစမ်း ကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် အိမ်မှာပဲ အလွယ်တကူပြု လုပ်လို့ရတဲ့ ဖရဲသီးနဲ့ ဆိုဂျူး ပေါင်းစပ်ထား Subak Soju ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ဖရဲသီးနဲ့ဆိုဂျူး ပေါင်းစပ်ထား Subak Soju ကော့လ်တေး ဖျော်စပ်ဖို့ လိုအပ်တာတွေကတော့………..

(၁) ဖရဲသီး ၂ လုံး (အလတ်အရွယ်အစား)

(၂) ကိုရီးယား Soju ၂ပုလင်း (ကြိုက်နှစ်သက်ရာ တံဆိပ်သုံးနိုင်ပါတယ်)

(၃) ပူစီနံ အရွက်များ

(၄) ရေခဲတုံးများ

(၅) ဖရဲသီး အစိပ်လေးများ၊ စသည်တို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးရင်တော့ ဖရဲသီးနဲ့ဆိုဂျူး ပေါင်းစပ်ထား Subak Soju ကော့လ်တေး ဖျော်စပ်ဖို့ အသင့်ပါပဲ။ ဖျော်စပ်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဖရဲသီးနဲ့ ဆိုဂျူး ကော့လ်တေး

Photo : Mangchi

(၁) ပထမဆုံး အနေဖြင့် ဖရဲသီးကိုရေစင်စင်ဆေးပြီး ထိပ်ကိုလှီးဖြတ်ပါ။ ထို့နောက် ဖရဲသီးအသားများကို ဇွန်းဖြင့်ဖယ်ပြီး ကြိတ်စက်ထဲတွင် ထည့်ပါ။ ဖရဲသီးအခွံကို လွှင့်မပြစ်ဘဲ ခဏဖယ်ထားပါ။

(၂) ဖရဲသီးများကို အရည်ဖြစ်သွားသည်အထိ ၁ မိနစ်ခန့် ကြိတ်ပါ။

ဖရဲသီးနဲ့ ဆိုဂျူး ကော့လ်တေး

Photo : Tourist Secrets

(၃) စောစောက ဖယ်ထားသော ဖရဲသီးအခွံထိပ်ကို လှပစွာပုံဖော်ပြီး ရေခဲတုံးများထည့်ပါ။ ထိုအထဲသို့  ကြိတ်ထားသော ဖရဲသီးအရည် ၄ ခွက်စာကို လောင်းထည့်ပါ။ ထို့နောက် ဆိုဂျူး ၄ ခွက်စာကို ချိန်ပြီး ထပ်ပေါင်းထည့်ပါ။ (ဖရဲသီးအခွံထဲတွင် မဆန့်လျှင် အခြားထည့်စရာတစ်ခုခု သုံးနိုင်ပါတယ်။)

(၄) ထို့နောက် ဖရဲသီး အရည်နဲ့ ဆိုဂျူး သမသွားအောင် ရောမွှေပါ။

(၅) ကြိုက်နှစ်သက်ရာ ခွက်ထဲကိုလောင်းထည့်ပြီး ပူစီနံရွက်၊ ပြင်ဆင်ထားသော ဖရဲသီးစိပ်လေးများနှင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ Subak Soju ကော့လ်တေး ဖျော်စပ်လို့ ပြီးပါပြီ။ (ကြိုက်နှစ်သက်ပါက သံပုရာသီးစိပ်လေးများလည်း သုံးနိုင်ပါတယ်။)

cocktails

Photo : Kelly Home Chef

ကဲ အခုဆိုရင်တော့ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ လုပ်ရတာ တကယ်ကို ရိုးရှင်းလွယ်ကူပြီး လန်းဆန်းစေတဲ့ ဖရဲသီးနဲ့ ဆိုဂျူး ပေါင်းစပ်ထားတဲ့ Subak Soju  ကော့လ်တေး လေး တစ်ခွက်ရပါပြီ။ ဖရဲသီး၊ ဆိုဂျူး၊ ပူစီနံ တို့ဟာ အလွယ်တကူ ဝယ်လို့ရတဲ့အတွက် ကွီးတို့ ကြိုက်တဲ့အချိန် ဖျော်စပ်သုံးဆောင်လို့ ရပါတယ်။ ထို့အပြင် ဒီကော့လ်တေးလေးကို ကွီးတို့ သူငယ်ချင်းတွေ တွေ့ဆုံတဲ့အခါ ဖြစ်စေ၊ ရာသီဥတုပူပြင်းလို အေးတဲ့အဖျော်ယမကာ သောက်ချင်လို့ဖြစ်စေ အလွယ်တကူ ဖျော်စပ်သုံးဆောင်လိုက်ပါ။

Source : Mangchi

Featured Photo : Ahjoomahs