အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း က စပါးအသင်းမှာ ပါဝင် ကစားခဲ့တာ နှစ်ပေါင်းမနည်းလှပါဘူး။ စပါးနဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၂)နေရာအထိ ရောက်ရှိခဲ့ပေမယ့်လည်း ဆုဖလား ရရှိနိုင်တဲ့အထိ ကံမကောင်းခဲ့ရပဲ စပါး ကစားသမားအဖြစ် ရပ်တည်နေတဲ့ တစ်လျှောက်လုံး ဆုဖလားလက်မဲ့ အဖြစ်နဲ့သာ ရှိနေခဲ့ရပါတယ်။

kane bayern

Photo Credit : FC Bayern Munich

ကိန်းလို ကစားသမားမျိုး အသက် (၃၀)အရွယ် ရောက်ရှိနေတဲ့ တိုက်စစ်မှူးမျိုးက အခုချိန်ထိ ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရခြင်းက တကယ်ဆို မဖြစ်သင့်ပါဘူး။ ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်လို ဆုဖလားတွေအတွက် အာမခံချက် ပိုကောင်းတဲ့ အသင်းဆီကို ဟယ်ရီကိန်း ပြောင်းရွှေ့ ရောက်ရှိသွားလို့ ကိန်းအတွက် ဆုဖလား မျှော်လင့်ချက်တွေ အားကောင်းလာခဲ့သလို သူရဲ့ ဘိုင်ယန် ကစားသမားဘဝ ပထမဆုံး ပွဲစဉ်မှာပဲ ဂျာမန် စူပါဖလား ဖိုင်နယ်ပွဲကို တခါတည်း ကစားရတာမို့ ပိုပြီးတော့ကို မျှော်လင့်စရာ ဖြစ်လာပါတော့တယ်။

kane debut

Photo Credit : Goal

ဒီ စူပါဖလားပွဲစဉ်မှာ ဘိုင်ယန်က လိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်က ဒီနွေမှာ ဂဗာဒီယော်လ် ၊ ဆိုဘိုဆလိုင်း နဲ့ အန်ကွန်ကူတို့လို ကစားသမားကောင်းတွေကို လက်လွတ်ထားရတာ ဖြစ်သလို ဘိုင်ယန်ကလည်း လိုက်ပ်ဇစ်နဲ့ ဆုံတိုင်းမှာ အမြဲတမ်း အသာစီး ရယူထားနိုင်တာမို့ ဒီတစ်ခါတော့ ကိန်းအတွက် ဖလား သေချာပြီလို့ ယူဆခဲ့ရပေမယ့်လည်း ဒီတစ်ကြိမ်လုံး ဖလားတွေနဲ့ ကံမစပ်တဲ့ ဟယ်ရီကိန်း က ဖလားနဲ့ လွဲဖြစ်အောင် လွဲခဲ့ရပြန်ပါတယ်။

harry kane

Photo Credit : Goal

ဘိုင်ယန်က ကိန်းကို ပွဲထွက် ကစားသမားအဖြစ် အသုံးမပြုခဲ့ပဲ ဒုတိယပိုင်းမှသာ လူစားဝင်အဖြစ် အသုံးပြုခဲ့တယ်။ ကိန်း ကစားခွင့်ရချိန်မှာ လိုက်ပ်ဇစ်က (၂)ဂိုးပြတ်နဲ့ အနိုင်ရနေပြီ။ ကိန်း ဝင်လာပြီး သိပ်မကြာခင်မှာပဲ ဘိုင်ယန်က ဧရိယာထဲ foul လုပ်မိလိုက်လို့ ပင်နယ်တီကန်ခွင့်ပါ ထပ်ပေးလိုက်ရတယ်။ ဒါကို အော်လ်မိုကပဲ အဆုံးသတ်ခဲ့တယ်။ ဘိုင်ယန် (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ကာ ကစားသမားသစ်ကြီး ကိန်းကလည်း စပါးက ထွက်ခွာပြီး (၂၄)နာရီအတွင်း ဖလား ကိုင်မြှောက်ရမယ့် အခွင့်အရေးနဲ့လည်း လွဲချော်သွားခဲ့ရပါတော့တယ်။

Featured Photo : The Telegraph