Etihad ကွင်းဆိုတာ အာဆင်နယ် အတွက်တော့ တကယ့်ကို အိမ်မက်ဆိုးတွေ မက်စေနိုင်တဲ့ နေရာပါ။ ဒီကွင်းမှာ အိမ်ရှင် စီးတီးကို အနိုင်ယူဖို့ ဆိုတာကလည်း အာဆင်နယ်အတွက် တကယ့်ကို မလွယ်ကူပါဘူး။ ဒီလို မလွယ်ကူတဲ့အတိုင်းပဲ အာဆင်နယ်က မနေ့ညက ပွဲမှာ (၄)ဂိုး (၁)ဂိုးနဲ့ ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ပြန်ပြီး အာဆင်နယ်တို့ရဲ့ မျှော်လင့်ချက်တွေဟာလည်း အဆုံးသတ်သွားခဲ့ရပြီ ဖြစ်ပါတယ်။

arsenal

Photo Credit : Twitter

အာဆင်နယ်က ကိုယ့်ကြမာ ကိုယ်ဖန်တီးခွင့် ရရှိနိုင်တဲ့ အခြေအနေမှာ အမှတ်တွေကို အသေအချာ စုဆောင်းနိုင်ခဲ့မရှိပဲ အမှတ်ပြည့် ရသင့်တဲ့ ဝက်စ်ဟမ်း ဆောက်သမ်တန်တို့နဲ့ ပွဲစဉ်တွေမှာ (၄)မှတ် ဆုံးရှုံးခဲ့သလို လီဗာပူးလ်ကိုလည်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးမှ (၂)ဂိုး ပြန်လည် ခွင့်ပြုရင်း အဲ့ဒီ(၃)ပွဲဆက်တိုက် အမှတ် ဆုံးရှုံးခဲ့ပါတယ်။

(၃)ပွဲအတွင်း (၆)မှတ် ဆုံးရှုံးထားခဲ့ရတဲ့ အာဆင်နယ်က စီးတီးကို (၅)မှတ် ဖြတ်ထားသေးတယ် ဆိုပေမယ့် အခုညပွဲမှာ ရှုံးနိမ့်ခဲ့ရလို့ နှစ်သင်းကြား (၂)မှတ်ပဲ ကွာဟနေတော့သလို မန်စီးတီးက အာဆင်နယ်ထက် (၂)ပွဲတောင် ကစားဖို့ ကျန်နေသေးလို့ အဲ့ဒီ(၂)ပွဲလုံးသာ အနိုင်ရမယ်ဆိုရင် စီးတီးဟာ အာဆင်နယ်ကို (၄)မှတ်အထိတောင် အမှတ် ဖြတ်ထားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

arsenal lose

Photo Credit : Twitter

တကယ်တော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် တစ်ခုတည်းကိုပဲ အပြည့်အဝ အာရုံစိုက်ထားလို့ ရနိုင်မယ့် အချိန်မှာပဲ အမှတ် ဆုံးရှုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်ရတာက ချန်ပီယံ ဖိအားဒဏ်ကို မခံနိုင်တာကြောင့် ဖြစ်နိုင်ပြီး အဲ့ဒီအချိန်မှာ စီးတီးက ပြိုင်ပွဲစုံအတွင်း ရလဒ်ကောင်းတွေ ဆက်တိုက် ဖော်ဆောင်ရင်း ပရီးမီးယားလိဂ်မှာပါ အာဆင်နယ်ကို နောက်ကနေ တောက်လျှောက် ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စီးတီးက အာဆင်နယ်ကို ခြေအသာ ဂိုးအသာနဲ့ အနိုင်ယူခဲ့ပြီး အဆင့်(၁)နေရာကိုပါ ပြန်ယူနိုင်တော့မှာဖြစ်လို့ ဆုဖလား(၃)လုံး လမ်းကြောင်းမှာ ပရီးမီးယားလိဂ်က ရာနှုန်းပြည့် သေချာသွားပြီလို့ ယူဆရပါမယ်။

city beats arsenal

Photo Credit : Twitter

ဆင်ပျံကြီး အာဆင်နယ်ကတော့ ဒီရာသီထဲ ဖလားလက်မဲ့ ဖြစ်သွားတော့မှာ ဆိုပေမယ့် ဘာဖလားမှ မပိုင်ဆိုင်ခဲ့ဘူးဆိုရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ခဲ့တာ အမှတ်ပေး ချန်ပီယံဆုအတွက် အချိန်အကြာကြီး အကြိတ်အနယ် ယှဉ်ပြိုင်နိုင်တာ အသင်းရဲ့ ကစားပုံက level တစ်ခုထိ ရောက်ရှိနေတာတွေကတော့ အာဆင်နယ်အတွက် အပြုသဘောဆောင်တဲ့ တိုးတတ်မှုတွေဖြစ်လို့ စိတ်ကျေနပ်စရာကောင်းပါတယ်။

Featured Photo : Twitter