တော့တင်ဟမ် ဟော့စပါးလို အသင်းမှာ ကစားသမားဘဝရဲ့ ဆယ်စုနှစ်တစ်ခုအထိ ပါဝင်ကစားခဲ့ရင်းနဲ့ ဆုဖလားဆိုတာ ဂျိုနဲ့လားလို့တောင် မေးယူရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ထိပ်တန်း တိုက်စစ်မှူး ဟယ်ရီကိန်း က သူ့အသက် ထိပ်စီးပြောင်းတဲ့ အချိန်မှာပဲ နှစ်တိုင်းနီးပါး အနည်းဆုံး ဖလားတစ်လုံးလောက် ရယူနိုင်တက်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

kane

ဟယ်ရီကိန်း ဆိုတာ စပါးနဲ့သာ ဘာဖလားမှ မရယူနိုင်ခဲ့ပဲ သူက ဘယ်လို တိုက်စစ်မှူးလဲဆိုတာ ဂိုးသွင်းဘုရင်ဆုတွေနဲ့ သက်သေပြထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိန်းလို ထိပ်တန်း ကစားသမားတစ်ဦးအနေနဲ့ သူရဲ့အရည်အသွေးနဲ့ ထိုက်တန်တဲ့ ဆုဖလားမျိုး ကျော်ကြားမှုမျိုးကို လိုချင်တပ်မက်မှာက အမှန်ပါပဲ။ ဒါကြောင့်လည်း မန်စီးတီး မန်ယူနိုက်တက်လို စပါးရဲ့ ဒေသတွင်း ပြိုင်ဘက်တွေဆီ မသွားရရင်တောင်မှ ပြည်ပ ထိပ်သီးအသင်းဆီကိုတော့ သေချာပေါက် ပြောင်းချင်မှာပါ။ ဒါကြောင့် ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုကို ကိန်းက လက်ခံခဲ့ပါတယ်။

Kane downfall

Photo Credit : The Athletic

ဘိုင်ယန်ကလည်း လီဝန်ဒေါစကီး နေရာအတွက် ကိန်းလို တိုက်စစ်မှူးမျိုးနဲ့ ပြန်လည် အစားထိုးနိုင်လိုက်တာက အကောင်းဆုံး ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဟယ်ရီကိန်း ရောက်လာမှပဲ ဘိုင်ယန်က ပြည်တွင်းဆုဖလားတွေ အားလုံးနဲ့ လွဲချော်သွားခဲ့ရပါတယ်။ တစ်ပွဲတည်း ကစားရင်း အနိုင်ရရင် ဖလားရမယ့် ဂျာမန်စူပါဖလားမှာ လိုက်ပ်ဇစ်ကို ဂိုးပြတ်ရှုံးပြီး ဒုတိယ ၊ (၁၁) နှစ်တာလုံး တောက်လျှောက် ဆွတ်ခူးခဲ့တဲ့ ဘွန်ဒက်စ်လီဂါမှာလည်း ဒုတိယ ၊ ရှုံးထွက်ဖလားဖြစ်တဲ့ ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ဒုတိယအဆင့်တို့နဲ့ ပြည်တွင်းမှာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။

Kane Bayern

Photo Credit : FC Bayern

ဒီလို အခြေအနေတွေဟာ ဟယ်ရီကိန်း ရဲ့ ဖလားလက်မဲ့ ကျိန်စာဆိုးကြောင့်ဆိုပြီး ပြောနေကြပေမယ့် တကယ်တော့ ကိန်းက အခုဆို ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၄၃)ပွဲကစားထားချိန် (၄၃)ဂိုးသွင်း (၁၁)ဂိုးဖန်တီး ပေးထားနိုင်ခဲ့သလို ဟက်ထရစ် (၅)ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိန်း သူ့အသင်းဟောင်း စပါးရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင် ၊ ကူလူဆက်ဗ်စကီး ၊ ရစ်ချာလီဆန် ၊ ဂျွန်ဆန် ၊ မတ်ဒီဆင်တို့ သွင်းယူထားတဲ့ (၄၂)ဂိုးထက် သာလွန်နေပါသေးတယ်။ နောက်ပြီး ဒီရာသီ ဘိုင်ယန်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း ကိန်းက (၈)ဂိုးသွင်းယူကာ ဘာပေနဲ့အတူ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ ပူးတွဲရပ်တည် နေပါတယ်။

Featured Photo: Goal