မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် နည်းပြဟောင်းလည်းဖြစ်တဲ့ အိုလေ ဂန်နာ ဆိုးလ်ရှား က ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ လက်ရှိ အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်နေတဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် က အကောင်းဆုံး ခေါ်ယူမှုတစ်ခုပဲလို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။
Photo Credit : Eurosport
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ် ရော်နယ်လ်ဒို ကာဗာနီ ဗာရန်း ဆန်ချို နဲ့ ဖာနန်ဒက်စ်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ပြီး ဒီထဲကမှ စပို့တင်း လစ္စဘွန်းကနေ ခေါ်ယူခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ် က ဆိုးလ်ရှားအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်စေခဲ့ရပါတယ်။ ယူနိုက်တက်ဆီ ရောက်လာချင်းမှာပဲ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေ အကောင်းဆုံး စွမ်းဆောင်ပြခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ရာသီဝက်လေးသာ ကစားခဲ့ရပေမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ရတဲ့အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
ဒါကြောင့်လည်း ဆိုးလ်ရှားက “ကျွန်တော်ရဲ့ အကောင်းဆုံး ခေါ်ယူမှုက ဘယ်သူ ဖြစ်မလဲဆိုရင်တော့ ဘရူနို ဖာနန်ဒက်စ် ပေါ့။ သူ စရောက်လာကတည်းက အသင်းနဲ့ ချက်ချင်းကို အံ့ဝင်ခွင်ကျ ဖြစ်ခဲ့ပြီး အသင်းအတွက်ကိုလည်း အကောင်းဆုံး စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမားပါ။” လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။
Photo Credit : Red Devil Aramda
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရှိခဲ့ချိန်ကနေ စတင်ပြီး အသင်းအတွက် အကောင်းဆုံး ကြိုးစား ကစားပေးခဲ့သလို သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ လုံးဝ ဖယ်ရှားလို့ မရနိုင်တဲ့အထိ ဖာနန်ဒက်စ် ရဲ့ အခန်းကဏ္ဍာက အရေးကြီးလာခဲ့လို အခု နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက်မှာဆိုရင်လည်း ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် တာဝန်ပါ ထမ်းဆော်နေရပါတယ်။ လက်ရှိအချိန်ထိတော့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၉၁)ပွဲ ပါဝင်ထားရ်း (၆၅)ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှုအဖြစ် (၅၆)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။
Featured Photo : Stretty News