တကယ်တော့ ဖိနပ်တွေဆိုတာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို ထင်ဟပ်စေသလို ကိုယ့်ရဲ့ ဖိနပ်တွေကို ဂရုစိုက်တတ်တဲ့သူက ကိုယ့်ကိုယ်ကို ဂရုစိုက်ကြတဲ့သူတွေပါပဲ။ ဖိနပ်တော်တော်များများက ပုံမှန်အားဖြင့် အကြမ်းခံနိုင်ပေမယ့် ပုံမှန်သန့်ရှင်းမှုပြုလုပ်ပြီး သိမ်းဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ဖိနပ် တွေကို နည်းလမ်းမှန်မှန် ဂရုစိုက်နိုင်ပြီး ရေရှည် ထိန်းသိမ်း ထားနိုင်ဖို့ နည်းလမ်းတချိုကို ပြောပြပေးလိုက်ပါတယ်။

(၁) ဖိနပ်တွေကို အစိုဓာတ်မရှိအောင် ထားပါ


Photo : Edwin Zee

အစိုဓာတ်က ဘက်တီးရီးယားတွေ ပေါက်ဖွားစေနိုင်တာကြောင့် ဖိနပ်တွေကို နောက်ဆုံးဝတ်ပြီးသိမ်းတဲ့အခါ ရေမစိုအောင်သတိထားရပါမယ်။ အစိုဓာတ်နဲ့ ဘက်တီးရီးယားကင်းစင်စေဖို့ဆိုရင် ဆီလီကာအိတ်လေးတွေ ဒါမှမဟုတ် ဂျယ်လ်ပါဝင်တဲ့ ဖိနပ်ဘူးကို ခြောက်သွေ့နေစေတဲ့ဆေးမျိုးကို အသုံးပြုသင့်ပါတယ်။ တကယ်လို့ ဆီလီကာမရှိဘူးဆိုရင် ဖိနပ်တွေကို ခြောက်သွေ့အောင် သတင်းစာနဲ့ပတ်ပြီး ဘူးထဲထည့်သိမ်းလို့လည်း ရပါတယ်။

(၂) ဖုန်မှုန့်မရှိအောင် ထားပါ

Photo : Popular Science

ဖိနပ်ကို ဖုန်တွေအများကြီးတက်နေတာက သဘာဝဖိနပ်အရောင်ကို ဆုံးရှုးစေသလို ပိုမြန်မြန်လဲဟောင်းနွမ်းသွားစေနိုင်ပါတယ်။ ဖိနပ်တွေကို အမြဲသစ်နေအောင်ဆိုရင် မကြာခဏ ပွတ်တိုက်သန့်စင်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ဖိနပ်တွေကို ဖုန်မှုန့်တွေကပ်ငြိနေတာကနေ ရှောင်ရှားနိုင်ဖို့ ပုံမှန်စီးတဲ့ အိမ်သုံးဖိနပ်တွေနဲ့ ဝေးဝေးမှာထားသင့်ပါတယ်။ ဖိနပ်တွေကို သိမ်းဖို့ အကောင်းဆုံးနေရာကတော့ သီးသန့်ဖိနပ်ဗီရိုပါ။

(၃) တိုက်ရိုက်နေရောင်ခြည်နဲ့ ဝေးရာမှာ ထားပါ

Photo : Hunker

ပြင်းထန်သော အပူရှိန် ဒါမှမဟုတ် နေရောင်ခြည်တိုက်ရိုက်ထိတာက ဖိနပ်တွေကို ခြောက်သွေ့ပွယောင်းတာမျိုး ဖြစ်စေတဲ့အတွက် ပိုပြီးပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် ဖိနပ်တွေကိုသိမ်းမယ်ဆိုရင် နေရောင်ခြည်တိုက်ရိုက်မထိတွေ့တဲ့နေရာမှာ သိမ်းသင့်ပါတယ်။ ဒါက ဖိနပ်တွေကို မပျက်စီးစေတဲ့အပြင် သက်တမ်းလဲ ပိုရှည်စေပါလိမ့်မယ်။

(၄) ပလပ်စတစ်ဖိနပ်ဘူးတွေကို မသုံးပါနဲ့


Photo : Insider

ဖိနပ် Sole တွေက လေဝင်လေထွက်ရှိဖို့ လိုအပ်တဲ့အတွက် ဖိနပ်တွေကို ပလပ်စတစ် ဒါမှမဟုတ် ကတ်ထူဖိနပ်သေတ္တာတွေထဲမှာ ထားတာက ဖိနပ်တွေအတွက် မကောင်းပါဘူး။ ရှူးဖိနပ်တွေကို သိမ်းဆည်းဖို့အတွက် လွယ်ကူထိရောက်တဲ့ လေဝင်လေထွက်ကောင်းစေတဲ့ ချည်သားနဲ့ပြုလုပ်ထားတဲ့ အိတ်အမျိုးအစားတွေကို အသုံးပြုသင့်ပါတယ်။ ဒီအချက်တွေကို ပြုလုပ်ပေးမယ်ဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ဖိနပ်တွေကို အချိန်ကြာကြာစီးနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Jane Marvel