လူငယ်ဆန်တဲ့ ဖက်ရှင်က ကွီးတို့ကို ပေါ့ပေါ့ပါးပါးနဲ့ ငယ်ရွယ်တဲ့ အသွင်ကို ဖန်တီးပေးနိုင်ပေမယ့် တစ်ချိန်လုံး လူငယ်ဆန်ဆန် ဖက်ရှင်တွေကိုပဲ ဝတ်မနေသင့်တော့ပါဘူး။ ပွဲနေ ပွဲထိုင်များ သွားလာရတဲ့အခါ၊ လုပ်ငန်းခွင်ထဲ ဝင်ရတဲ့အခါမျိုးမှာ လူငယ်ဆန်တဲ့ ဖက်ရှင်တွေကို ခဏလောက် မေ့ထားဖို့ လိုအပ်ပါတယ်။ လူငယ်ဆန်လွန်းတဲ့ ဖိနပ်တွေ၊ အဝတ်အစားတွေက ကွီးတို့ရဲ့ Role ကို တစ်ဆင့် နိမ့်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်နဲ့ ပတ်သက်လာတဲ့အခါ၊ အရေးကြီး အစည်းအဝေးများ တက်ရတဲ့အခါ၊ အရေးကြီး ပွဲများ သွားလာရတဲ့အခါ Formal ဆန်တဲ့ ဖိနပ် မျိုးကို ရွေးချယ်ပြီး ဝတ် ဆင်သင့်ပါတယ်။

Formal ဆန်တဲ့ ဖိနပ် တွေကို ကွီးတို့ ဝတ် ဆင်လိုက်တဲ့အခါ ဖက်ရှင်က မိမိုက်သွားပြီး အထာကျတဲ့ ဘီးကျဲတစ်ဗွေ ဖြစ်သွားမှာ မယုံမရှိပါနဲ့။

လူငယ်ဆန်တဲ့ ဖိနပ်တွေကို ရှောင်ချင်ပြီး Formal ဆန်ဆန် စမတ်ကျကျ ဖိနပ် မျိုးကို ဝတ် ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖိနပ်အမျိုးအစားများကို ရွေးချယ်သင့်ပါတယ်။

Oxford ရှူးဖိနပ်များ

Oxford

ဒီရှူးဖိနပ်တွေက ၁၈၀၀ ပြည့်နှစ်များတွင် တက္ကသိုလ် ကျောင်းသားများအကြား ရေပန်းစားတဲ့ ဖိနပ် အမျိုးအစားတစ်ခုပါ။​ တကယ်လို့ ကွီးတို့က နေ့တိုင်း ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Oxford ရှူးဖိနပ်များကို အရောင်တောက်တောက် ခြေအိတ်များနဲ့ တွဲဖက် ဝတ်ဆင်သင့်ပါတယ်။ တကယ်လို့ လုပ်ငန်းခွင်အတွက် ဝတ်ဆင်မယ်ဆိုရင်တော့ Oxford ရှူးဖိနပ်ကို အရောင်ရင့်ရင့်လေး ရွေးချယ်ပါ။ ဥပမာ အနက်ရောင် (သို့) အညိုရင့်ရောင် တို့ကို ရွေးချယ်သင့်ပါတယ်။ ထိုဖိနပ် အရောင်ရင့်ကိုမှ ခြေအိတ် အရောင် ရင့်ရင့်နဲ့ ထပ်မံ ပေါင်းဖက်ကာ ဝတ်ဆင်သင့်ပါတယ်။

Derby ရှူးဖိနပ်

Derby

Derby ရှူးဖိနပ်များက Oxford ဖိနပ်နဲ့ ဒီဇိုင်းအနည်းငယ် ဆင်တူပါတယ်။ ဒါပေမဲ့ Derby ရှူးဖိနပ်ကျတော့ ဖိနပ်ကြိုးတွေက Oxford ရှူးဖိနပ်ထက် နည်းပါတယ်။​ ဒီရှူးဖိနပ်တွေကျတော့ ၁၈၅၀ ပြည့်နှစ်များတွင် ခေတ်စားခဲ့ပြီး တစ်ဖန် ၂၀၀၀ ပြည့်နှစ်တွေက ပြန်လည် ခေတ်စားလာခဲ့တာဖြစ်ပါတယ်။

Monk Strap ရှူးဖိနပ်

ဖိနပ် ဝတ်

ဒီရှူးဖိနပ်တွေကျတော့ ဖိနပ်ကြိုးမျှင်မျှင်တွေအစား ကြိုးအပြားလိုက်ကြီးကို တစ်ချောင်းတည်းဖြစ်စေ၊ နှစ်ချောင်းဖြစ်စေ အသုံးပြုထားတာပဲဖြစ်ပါတယ်။​ ဒီဖိနပ်ကျတော့ ကွီးတို့​ ရုံးဖက်ရှင်နဲ့လည်း လိုက်ဖက်သလို၊ ဂျင်းဖက်ရှင်များနဲ့လည်း လိုက်ဖက်ပါသေးတယ်။

Loafer ဖိနပ်များ

ဖိနပ် ဝတ်

Loafer ဖိနပ်တွေကျတော့ ၁၉၃၀ ပြည့်နှစ်မှာ တစ်ခါ ခေတ်စားခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ပိုမို ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဒီဖိနပ်သည် Formal ဖက်ရှင်နဲ့လည်း လိုက်ဖက်သလို Casual ဖက်ရှင်နဲ့လည်း လိုက်ဖက်ပါတယ်။

Dress Boots များ

ဖိနပ် ဝတ်

Dress Boots တွေကျတော့ ကွီးတို့ ခြေမျက်စိ ဖုံးတဲ့ Formal ဘွတ်ဖိနပ် အမျိုးအစားဖြစ်ပါတယ်။ ဒီဖိနပ်တွေကျပြန်တော့ Formal ထက်စာရင် Casual နဲ့ ပိုမိုလိုက်ဖက်ပါတယ်။

Chelsea Boots များ

ဖိနပ် ဝတ်

Chelsea Boots ဖိနပ်များကတော့ ကွီးတို့ ဖက်ရှင်ကို ပိုမို စမတ်ကျသွားစေဖို့ ကူညီပေးနိုင်ပါတယ်။ သူ့ကို Formal ဖက်ရှင်နဲ့တင် မကပါဘူး၊ Casual Fashion များနဲ့လည်း တွဲဖက်ဝတ်ဆင် နိုင်ပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖိနပ် ဖက်ရှင်အမျိုးအစားထဲက ဘယ်အမျိုးအစားကို နှစ်သက်ပါသလဲ။

Source: Ties.com

Featured Image: Goodbtsk.live